ဧရာဝတီမြစ်ကူးတံတား (ရတနာပုံ)ပေါ်မှ သံဃာတစ်ပါး ခုန်ချမှုဖြစ်ပွား

 1074

Pearl (NP News) - မတ် ၆

စစ်ကိုင်းမြို့ရှိ ဧရာဝတီမြစ်ကူးတံတားဖြစ်သော ဧရာဝတီတံတား(ရတနာပုံ) ပေါ်မှ သံဃာတစ်ပါး ခုန်ချသွားခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်းထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၅ ရက်)၊ ညနေ (၄)နာရီ၊ (၁၅)မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ၊ ဧရာဝတီတံတား(ရတနာပုံ) စစ်ကိုင်းဘက်ခြမ်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်းခဲ့ကြောင်း သိရသည်။

"ညနေ (၄)နာရီ(၁၅)မိနစ်လောက်က သတင်းပေးချက်အရ ကျွန်တော်တို့ သွားခဲ့တယ်။ မနေ့ကတည်းက ခုထိရှာဖွေရေးတွေ လုပ်နေတုန်းပါ။ ခုထိတော့ မတွေ့သေးပါဘူး"ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စစ်ကိုင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

အဆိုပါ ခုန်ချသွားသော အမျိုးသားသည် သံဃာတစ်ပါးဖြစ်ပြီး အခြားအချက်အလက်များအား အတည်မပြုနိုင်သေးကြောင်း သိရသည်။

လက်ရှိတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စစ်ကိုင်းမှ ရှာဖွေရေးများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

zawgyi version
ဧရာဝတီျမစ္ကူးတံတား (ရတနာပုံ)ေပၚမွ သံဃာတစ္ပါး ခုန္ခ်မႈျဖစ္ပြား
Pearl (NP News) - မတ္ ၆

စစ္ကိုင္းၿမိဳ႕ရွိ ဧရာဝတီျမစ္ကူးတံတားျဖစ္ေသာ ဧရာဝတီတံတား(ရတနာပုံ) ေပၚမွ သံဃာတစ္ပါး ခုန္ခ်သြားခဲ့ေၾကာင္း အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ စစ္ကိုင္းထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(မတ္လ ၅ ရက္)၊ ညေန (၄)နာရီ၊ (၁၅)မိနစ္အခ်ိန္ခန႔္တြင္ စစ္ကိုင္းတိုင္း၊ စစ္ကိုင္းၿမိဳ႕ ၊ ဧရာဝတီတံတား(ရတနာပုံ) စစ္ကိုင္းဘက္ျခမ္းတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္းခဲ့ေၾကာင္း သိရသည္။

"ညေန (၄)နာရီ(၁၅)မိနစ္ေလာက္က သတင္းေပးခ်က္အရ ကြၽန္ေတာ္တို႔ သြားခဲ့တယ္။ မေန႔ကတည္းက ခုထိရွာေဖြေရးေတြ လုပ္ေနတုန္းပါ။ ခုထိေတာ့ မေတြ႕ေသးပါဘူး"ဟု အေရးေပၚကယ္ဆယ္ေရးအဖြဲ႕စစ္ကိုင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

အဆိုပါ ခုန္ခ်သြားေသာ အမ်ိဳးသားသည္ သံဃာတစ္ပါးျဖစ္ၿပီး အျခားအခ်က္အလက္မ်ားအား အတည္မျပဳႏိုင္ေသးေၾကာင္း သိရသည္။

လက္ရွိတြင္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ စစ္ကိုင္းမွ ရွာေဖြေရးမ်ားဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.