ဘရာဇီးနိုင်ငံ မူးယစ်ဆေးနှင့် ဒုစရိုက်နှိမ်နင်းမှု စစ်ဆင်ရေး ၆၄-ဦးထက်မနည်း သေဆုံးပြီး ရက်ကွက်ကြီး နှစ်ခု စစ်မြေပြင်အသွင် ပြောင်းလဲ (ဘာသာပြန်)

 247

HtayOung #OungMarine(NP News)-အောက်တိုဘာ ၂၉
ဘရာဇီးနိုင်ငံ ရဲတပ်ဖွဲ့ရဲ့သမိုင်းမှာ အကြီးကျယ်ဆုံး စစ်ဆင်ရေးလို့ဆိုနိုင်တဲ့ ရီယိုဒီဂျနေးရိုး မူးယစ်ဆေးနှိမ်နင်း မှုမှာ ပြင်းထန်စွာ အပြန်အလှန် ပစ်ခတ်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၄-ဦး အပါအဝင် လူ ၆၄-ဦးထက်မ နည်း သေဆုံးကြောင်း၊ လမ်းများကို ပိတ်ဆို့ပြီး မော်တော်ယာဉ်များကို မီးတင်ရှို့ကာ ခုခံကြတဲ့အတွက် ဆင်းရဲ သား ရပ်ကွက်နှစ်ခုလုံးမှာလည်း စစ်မြေပြင်ပမာ ဖြစ်သွားတယ်လို့ CNN (29 October 2025) က ရေးပါတယ်။

လာမယ့်လဆန်းပိုင်း ရီယိုဒီဂျနေးရိုးမြို့မှာ ကျင်းပမယ့် C40 နိုင်ငံတကာ မြို့တော်ဝန်များ ရာသီဥတုပြောင်းလဲ ခြင်းဆိုင်ရာ ထိပ်သီးအစည်းအဝေး မတိုင်မီ မြို့တော်ရဲတပ်ဖွဲ့ရဲ့ အစဉ်အလာအရ ဒုစရိုက်နှိမ်နင်းရေး ဖြစ် တယ်လို့ ဆိုပါတယ်။ တကယ်တော့ အဲ့ဒီလို စစ်ဆင်ရေးမျိုးဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ရှိခဲ့ပြီး စစ် ဘက်နဲ့ အရပ်ဘက်အပါအဝင် ရဲတပ်ဖွဲ့ဝင်ပေါင်း ၂၅၀၀ ကျော်ပါဝင်ပါတယ်။ အင်္ဂါနေ့ “အယ်လီမို” နဲ့ ဖာဗီ လာ” အမည်ရှိ ဆင်းရဲသားရပ်ကွက်နှစ်ခုကို ပစ်မှတ်ထားတဲ့ စီးနင်းမှုမှာ ရဟတ်ယာဉ် ၂-စီး၊ သံချပ်ကာယာဉ် ၃၂-စီးနဲ့ ဒုစရိုက်ဂိုဏ်းသားများ ပြုလုပ်ထားတဲ့ အတားအဆီးများကို ဖြိုဖျက်ရန် ဘူလ်ဒိုဇာယာဉ် ၁၂-စီးတို့ ပါ ဝင်ပါတယ်။

“ကွန်မန်ဒို ဗာမယ်လ်ဟို” (အနီရောင် ကွန်မင်ဒို) အမည်ရှိ ရာဇဝတ်ဂိုဏ်းရဲ့ အတင့်ရဲလာမှုများကို တိုက်ဖျက် ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးရောင်းဝယ်မှု- ခြိမ်းခြောက်ငွေညှစ်မှုများနဲ့ အကြီးစား နိုင်ငံဖြတ် ကျော် ရာဇဝတ်ဂိုဏ်းဖြစ်လာတဲ့ အဲဒီအဖွဲ့ဟာ ၁၉၈၅-ခုနှစ် ဘရာဇီးနိုင်ငံ စစ်အာဏာရှင်အုပ်ချုပ်စဉ် ကာလအ တွင်း လက်ဝဲအယူအဆရှိတဲ့ အကျဉ်းသားဟောင်းများနဲ့ ဖွဲ့စည်းထားပါတယ်။

စီးနင်းမှုမှာ ဒုစရိုက်သမားများက ဒရုန်းများ-လက်နက်ငယ်များဖြင့် ခုခံပစ်ခတ်ခဲ့ကြောင်း၊ လူ ၈၁-ဦးကို ဖမ်းဆီး ထားပြီး ရိုင်ဖယ်သေနတ် ၄၂-လက်နဲ့ မူးယစ်ဆေးဝါး အမြောက်အများကို သိမ်းဆည်းရမိကြောင်း၊ ဒီကိစ္စဟာ သာမန်ရာဇဝတ်မှု မဟုတ်တော့ပဲ အကြမ်းဖက်-မူးယစ်ဆေးကုန်ကူးမှုဖြစ်ကြောင်း၊ ထိခိုက်ခံစားရမှုများကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေချိန် ရပ်ကွက်အတွင်းရှိသူများအနေနဲ့ မိမိတို့ နေအိမ်များအတွင်း၌ သာ နေထိုင်ကြရန် တိုက်တွန်းပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနဲ့ ရာဇဝတ်ဂိုဏ်းများအကြား တိုက်ပွဲများဖြစ်ပွားနေ ခြင်းကြောင့် မြိုံမြောက်ပိုင်း ဧရိယာအနှံ့မှာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေတယ်လို့ ရီယိုဒီဂျနေးရိုး ပြည် နယ်အုပ်ချုပ်ရေးမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အင်္ဂါနေ့ ရိုက်တာသတင်းအေဂျင်စီရဲ့ သတင်းဗွီဒီယိုတစ်ခုမှာ ရဲတပ်ဖွဲ့က စီးနင်းမှုပြုလုပ်နေတဲ့ ရပ်ကွက် အ တွင်း မီးခိုးလုံးကြီးများ လှိမ့်တက်နေကြောင်း၊ မီးလောင်ပျက်စီးနေတဲ့ မော်တော်ကားများ၊ လမ်းပိတ်ဆို့ရန် ချ ထားတဲ့ အတားအဆီးများကို တွေ့မြင်ရပါတယ်။ ပီယာခရိုင် ရပ်ကွက်တစ်ခုရဲ့ လမ်းဘေးတစ်နေရာမှာ အ စောင့်အကြပ်များအနီး အင်္ကျီ မပါ၊ ဖိနပ်ဗလာနဲ့ခေါင်းငုံ့ထိုင်နေတဲ့ လူငယ် ၂၀-ဦးခန့်ရဲ့ ဓါတ်ပုံကို AFP က ဖော်ပြပါတယ်။

ရီယို နိုင်ငံတကာလေဆိပ်အနီး ပစ်ခတ်မှုများဖြစ်ပွားနေပြီး လူဆိုးဂိုဏ်းများက ဗုံးချိတ်ဆွဲထားတဲ့ ဒရုန်းများနဲ့ တိုက်ခိုက်တာကို မြင်တွေ့ရတယ်လို့ အနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။ ယခုဖြစ်ရပ်ဟာ ၂၀၁၀-ခုနှစ် နောက်ပိုင်း ဘရာဇီးနိုင်ငံရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လုံခြုံရေးကင်းမဲ့မှု ကာလရှည် အကျပ်အတည်းဟာ ထင်မှတ်ထားသည်ထက် ပိုမိုဆိုးရွားကြောင်း ဖော်ပြနေပါတယ်။ မြို့ကြီးများမှာ ရဲတပ်ဖွဲ့ဝင်များက ဒုစရိုက် နှိမ် နင်းရေး စစ်ဆင်မှုများကို မကြာခဏ ပြုလုပ်လေ့ရှိပြီး ၂၀၂၅-ခုနှစ် စက်တင်ဘာလ တစ်လအတွင်း သေနတ် ဒဏ်ရာရရှိမှု ထက်ဝက်ကျော်ဟာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးဆောင်ရွက်ခြင်းကြောင့် ဖြစ်ပါတယ်။ ၂၀၂၁-ခုနှစ် COVID-19 ကပ်ရောဂါကျရောက်နေချိန်မှာပင် ယခုအခင်းဖြစ်ပွားရာ ရပ်ကွက်အတွင်း ရဲတပ်ဖွဲ့ရဲ့ စီးနင်းမှုမှာ လူ ၂၅-ဦး သေဆုံးခဲ့ရဖူးပါတယ်။ ယခုနှစ် ဇန်နဝါရီလမှာလည်း ထပ်မံစီးနင်းခဲ့ပြီး လူ ၅-ဦး သေဆုံးခဲ့ရပါတယ်။

လောလောဆယ် ဒေသခံပြည်သူထောင်ပေါင်းများစွာတို့ဟာ ပစ်ခတ်မှုတွေကြားမှာ ပိတ်မိနေဆဲဖြစ်တယ်။ စာ သင်ကျောင်း၊ ဈေးဆိုင်များ ပိတ်ထားရပြီး မြို့တော်ရဲ့ သယ်ယူပို့ဆောင်ရေးစနစ် ရပ်တန့်သွားပါတယ်။ ဒေသခံ တွေနဲ့ ကျွမ်းကျင်သူတွေကတော့ "စစ်တိုက်နေသလို" "အစုလိုက်အပြုံလိုက် သတ်ဖြတ်" နေကြောင်း၊ ဒီလိုစီး နင်းမှုတွေဟာ မူးယစ်ဆေးဝါး ကုန်သွယ်မှုရဲ့ အရင်းအမြစ်ကို မဖြေရှင်းနိုင်ဘဲ ဆင်းရဲမွဲတေမှုကို ပစ်မှတ်ထားနေ တယ်လို့ ဝေဖန်ပါတယ်။

ယခု စီးနင်းမှုဟာ ရီယိုမြို့ရဲ့ သမိုင်းတလျှောက် ရဲတပ်ဖွဲ့ရဲ့ အသေအပျောက်အများဆုံး စီးနင်းမှုတွေထဲက တစ်ခု ဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့တွေ၊ ဒေသခံတက်ကြွလှုပ်ရှားသူတွေနဲ့ အတိုက်အခံနိုင်ငံရေးသ မားများရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

Zawgyi Version:
ဘရာဇီးႏိုင္ငံ မူးယစ္ေဆးႏွင့္ ဒုစ႐ိုက္ႏွိမ္နင္းမႈ စစ္ဆင္ေရး ၆၄-ဦးထက္မနည္း ေသဆုံးၿပီး ရက္ကြက္ႀကီး ႏွစ္ခု စစ္ေျမျပင္အသြင္ ေျပာင္းလဲ
(ဘာသာျပန္)
HtayOung #OungMarine(NP News)-ေအာက္တိုဘာ ၂၉
ဘရာဇီးႏိုင္ငံ ရဲတပ္ဖြဲ႕ရဲ႕သမိုင္းမွာ အႀကီးက်ယ္ဆုံး စစ္ဆင္ေရးလို႔ဆိုႏိုင္တဲ့ ရီယိုဒီဂ်ေနး႐ိုး မူးယစ္ေဆးႏွိမ္နင္း မႈမွာ ျပင္းထန္စြာ အျပန္အလွန္ ပစ္ခတ္ျခင္းေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ၄-ဦး အပါအဝင္ လူ ၆၄-ဦးထက္မ နည္း ေသဆုံးေၾကာင္း၊ လမ္းမ်ားကို ပိတ္ဆို႔ၿပီး ေမာ္ေတာ္ယာဥ္မ်ားကို မီးတင္ရႈိ႕ကာ ခုခံၾကတဲ့အတြက္ ဆင္းရဲ သား ရပ္ကြက္ႏွစ္ခုလုံးမွာလည္း စစ္ေျမျပင္ပမာ ျဖစ္သြားတယ္လို႔ CNN (29 October 2025) က ေရးပါတယ္။

လာမယ့္လဆန္းပိုင္း ရီယိုဒီဂ်ေနး႐ိုးၿမိဳ႕မွာ က်င္းပမယ့္ C40 ႏိုင္ငံတကာ ၿမိဳ႕ေတာ္ဝန္မ်ား ရာသီဥတုေျပာင္းလဲ ျခင္းဆိုင္ရာ ထိပ္သီးအစည္းအေဝး မတိုင္မီ ၿမိဳ႕ေတာ္ရဲတပ္ဖြဲ႕ရဲ႕ အစဥ္အလာအရ ဒုစ႐ိုက္ႏွိမ္နင္းေရး ျဖစ္ တယ္လို႔ ဆိုပါတယ္။ တကယ္ေတာ့ အဲ့ဒီလို စစ္ဆင္ေရးမ်ိဳးဟာ လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ကတည္းက ရွိခဲ့ၿပီး စစ္ ဘက္နဲ႔ အရပ္ဘက္အပါအဝင္ ရဲတပ္ဖြဲ႕ဝင္ေပါင္း ၂၅၀၀ ေက်ာ္ပါဝင္ပါတယ္။ အဂၤါေန႔ “အယ္လီမို” နဲ႔ ဖာဗီ လာ” အမည္ရွိ ဆင္းရဲသားရပ္ကြက္ႏွစ္ခုကို ပစ္မွတ္ထားတဲ့ စီးနင္းမႈမွာ ရဟတ္ယာဥ္ ၂-စီး၊ သံခ်ပ္ကာယာဥ္ ၃၂-စီးနဲ႔ ဒုစ႐ိုက္ဂိုဏ္းသားမ်ား ျပဳလုပ္ထားတဲ့ အတားအဆီးမ်ားကို ၿဖိဳဖ်က္ရန္ ဘူလ္ဒိုဇာယာဥ္ ၁၂-စီးတို႔ ပါ ဝင္ပါတယ္။

“ကြန္မန္ဒို ဗာမယ္လ္ဟို” (အနီေရာင္ ကြန္မင္ဒို) အမည္ရွိ ရာဇဝတ္ဂိုဏ္းရဲ႕ အတင့္ရဲလာမႈမ်ားကို တိုက္ဖ်က္ ရန္ ရည္႐ြယ္ျခင္း ျဖစ္ေၾကာင္း၊ မူးယစ္ေဆးေရာင္းဝယ္မႈ- ၿခိမ္းေျခာက္ေငြညႇစ္မႈမ်ားနဲ႔ အႀကီးစား ႏိုင္ငံျဖတ္ ေက်ာ္ ရာဇဝတ္ဂိုဏ္းျဖစ္လာတဲ့ အဲဒီအဖြဲ႕ဟာ ၁၉၈၅-ခုႏွစ္ ဘရာဇီးႏိုင္ငံ စစ္အာဏာရွင္အုပ္ခ်ဳပ္စဥ္ ကာလအ တြင္း လက္ဝဲအယူအဆရွိတဲ့ အက်ဥ္းသားေဟာင္းမ်ားနဲ႔ ဖြဲ႕စည္းထားပါတယ္။

စီးနင္းမႈမွာ ဒုစ႐ိုက္သမားမ်ားက ဒ႐ုန္းမ်ား-လက္နက္ငယ္မ်ားျဖင့္ ခုခံပစ္ခတ္ခဲ့ေၾကာင္း၊ လူ ၈၁-ဦးကို ဖမ္းဆီး ထားၿပီး ႐ိုင္ဖယ္ေသနတ္ ၄၂-လက္နဲ႔ မူးယစ္ေဆးဝါး အေျမာက္အမ်ားကို သိမ္းဆည္းရမိေၾကာင္း၊ ဒီကိစၥဟာ သာမန္ရာဇဝတ္မႈ မဟုတ္ေတာ့ပဲ အၾကမ္းဖက္-မူးယစ္ေဆးကုန္ကူးမႈျဖစ္ေၾကာင္း၊ ထိခိုက္ခံစားရမႈမ်ားကို ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနခ်ိန္ ရပ္ကြက္အတြင္းရွိသူမ်ားအေနနဲ႔ မိမိတို႔ ေနအိမ္မ်ားအတြင္း၌ သာ ေနထိုင္ၾကရန္ တိုက္တြန္းပါေၾကာင္း၊ ရဲတပ္ဖြဲ႕ဝင္မ်ားနဲ႔ ရာဇဝတ္ဂိုဏ္းမ်ားအၾကား တိုက္ပြဲမ်ားျဖစ္ပြားေန ျခင္းေၾကာင့္ ၿမိဳံေျမာက္ပိုင္း ဧရိယာအႏွံ႔မွာ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား ျဖစ္ပြားေနတယ္လို႔ ရီယိုဒီဂ်ေနး႐ိုး ျပည္ နယ္အုပ္ခ်ဳပ္ေရးမႉးက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

အဂၤါေန႔ ႐ိုက္တာသတင္းေအဂ်င္စီရဲ႕ သတင္းဗြီဒီယိုတစ္ခုမွာ ရဲတပ္ဖြဲ႕က စီးနင္းမႈျပဳလုပ္ေနတဲ့ ရပ္ကြက္ အ တြင္း မီးခိုးလုံးႀကီးမ်ား လွိမ့္တက္ေနေၾကာင္း၊ မီးေလာင္ပ်က္စီးေနတဲ့ ေမာ္ေတာ္ကားမ်ား၊ လမ္းပိတ္ဆို႔ရန္ ခ် ထားတဲ့ အတားအဆီးမ်ားကို ေတြ႕ျမင္ရပါတယ္။ ပီယာခ႐ိုင္ ရပ္ကြက္တစ္ခုရဲ႕ လမ္းေဘးတစ္ေနရာမွာ အ ေစာင့္အၾကပ္မ်ားအနီး အက်ႌ မပါ၊ ဖိနပ္ဗလာနဲ႔ေခါင္းငုံ႔ထိုင္ေနတဲ့ လူငယ္ ၂၀-ဦးခန႔္ရဲ႕ ဓါတ္ပုံကို AFP က ေဖာ္ျပပါတယ္။

ရီယို ႏိုင္ငံတကာေလဆိပ္အနီး ပစ္ခတ္မႈမ်ားျဖစ္ပြားေနၿပီး လူဆိုးဂိုဏ္းမ်ားက ဗုံးခ်ိတ္ဆြဲထားတဲ့ ဒ႐ုန္းမ်ားနဲ႔ တိုက္ခိုက္တာကို ျမင္ေတြ႕ရတယ္လို႔ အနီးေနထိုင္သူတစ္ဦးက ေျပာပါတယ္။ ယခုျဖစ္ရပ္ဟာ ၂၀၁၀-ခုႏွစ္ ေနာက္ပိုင္း ဘရာဇီးႏိုင္ငံရဲ႕ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ လုံၿခဳံေရးကင္းမဲ့မႈ ကာလရွည္ အက်ပ္အတည္းဟာ ထင္မွတ္ထားသည္ထက္ ပိုမိုဆိုး႐ြားေၾကာင္း ေဖာ္ျပေနပါတယ္။ ၿမိဳ႕ႀကီးမ်ားမွာ ရဲတပ္ဖြဲ႕ဝင္မ်ားက ဒုစ႐ိုက္ ႏွိမ္ နင္းေရး စစ္ဆင္မႈမ်ားကို မၾကာခဏ ျပဳလုပ္ေလ့ရွိၿပီး ၂၀၂၅-ခုႏွစ္ စက္တင္ဘာလ တစ္လအတြင္း ေသနတ္ ဒဏ္ရာရရွိမႈ ထက္ဝက္ေက်ာ္ဟာ ရဲတပ္ဖြဲ႕ရဲ႕ စစ္ဆင္ေရးေဆာင္႐ြက္ျခင္းေၾကာင့္ ျဖစ္ပါတယ္။ ၂၀၂၁-ခုႏွစ္ COVID-19 ကပ္ေရာဂါက်ေရာက္ေနခ်ိန္မွာပင္ ယခုအခင္းျဖစ္ပြားရာ ရပ္ကြက္အတြင္း ရဲတပ္ဖြဲ႕ရဲ႕ စီးနင္းမႈမွာ လူ ၂၅-ဦး ေသဆုံးခဲ့ရဖူးပါတယ္။ ယခုႏွစ္ ဇန္နဝါရီလမွာလည္း ထပ္မံစီးနင္းခဲ့ၿပီး လူ ၅-ဦး ေသဆုံးခဲ့ရပါတယ္။

ေလာေလာဆယ္ ေဒသခံျပည္သူေထာင္ေပါင္းမ်ားစြာတို႔ဟာ ပစ္ခတ္မႈေတြၾကားမွာ ပိတ္မိေနဆဲျဖစ္တယ္။ စာ သင္ေက်ာင္း၊ ေဈးဆိုင္မ်ား ပိတ္ထားရၿပီး ၿမိဳ႕ေတာ္ရဲ႕ သယ္ယူပို႔ေဆာင္ေရးစနစ္ ရပ္တန႔္သြားပါတယ္။ ေဒသခံ ေတြနဲ႔ ကြၽမ္းက်င္သူေတြကေတာ့ "စစ္တိုက္ေနသလို" "အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္" ေနေၾကာင္း၊ ဒီလိုစီး နင္းမႈေတြဟာ မူးယစ္ေဆးဝါး ကုန္သြယ္မႈရဲ႕ အရင္းအျမစ္ကို မေျဖရွင္းႏိုင္ဘဲ ဆင္းရဲမြဲေတမႈကို ပစ္မွတ္ထားေန တယ္လို႔ ေဝဖန္ပါတယ္။

ယခု စီးနင္းမႈဟာ ရီယိုၿမိဳ႕ရဲ႕ သမိုင္းတေလွ်ာက္ ရဲတပ္ဖြဲ႕ရဲ႕ အေသအေပ်ာက္အမ်ားဆုံး စီးနင္းမႈေတြထဲက တစ္ခု ျဖစ္ၿပီး ကုလသမဂၢ လူ႔အခြင့္အေရးအဖြဲ႕ေတြ၊ ေဒသခံတက္ႂကြလႈပ္ရွားသူေတြနဲ႔ အတိုက္အခံႏိုင္ငံေရးသ မားမ်ားရဲ႕ ျပင္းထန္တဲ့ ေဝဖန္မႈေတြကိုလည္း ရင္ဆိုင္ေနရပါတယ္။
..

Related news

© 2021. All rights reserved.