အနီကဒ်နှစ်ကြိမ်ပြခံရပြီးနောက် လေးပွဲကစားခွင့် လွဲချော်ဖွယ်ရှိနေတဲ့ မန်ယူကွင်းလယ် လူကတ်စမဲရိုး

488

Pika (NP News) - မတ် ၁၄
မန်ယူအသင်းသည် ဆောက်သမ်တန်အသင်းနှင့် ကစားခဲ့သည့်ပွဲတွင် အနီကဒ်ပြခံရသော ကတ်စမဲရိုးအတွက် အယူခံဝင်ခြင်းမျိုးမရှိကြောင်း သိရသည်။
ဆောက်သမ်တန်အသင်းကွင်းလယ်လူ ကားလို့စ်အယ်ကာရက်ဇ် ဘောလုံးကို ဆွဲလာစဥ် မန်ယူကွင်းလယ် ကစားသမား ကတ်စမဲရိုးသည် လျှောတိုက်ကာဖြတ်ထုတ်ခဲ့သည့်အတွက် အနီကဒ်ပြခံခဲ့ရပြီး လက်ရှိပရီးမီးယား လိဂ်ရာသီတွင် နှစ်ကြိမ်မြောက် အနီကဒ်ပြခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဒိုင်လူကြီး အန်သိုနီတေလာသည် ကတ်စမဲရိုးကို အစောပိုင်းတွင် အဝါကဒ်သာပြခဲ့သော်လည်း VAR ပြန်ကြည့်ပြီး နောက် အနီကဒ်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန်ယူနည်းပြတန်ဟက်သည် ပွဲအပြီးတွင် ဒိုင်လူကြီး အန်သိုနီ တေလာနှင့် စကားများခဲ့ကြသော်လည်း မန်ယူအသင်းသည် ကတ်စမဲရိုးအတွက် အယူခံမဝင်ရန် ဆုံးဖြတ် ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ကတ်စမဲရိုးသည် ပြီးခဲ့သည့်လက ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင်လည်း အနီကဒ်ပြခံခဲ့ရပြီး မန်ယူအသင်းက အယူခံဝင်ခဲ့ခြင်းမျိုးမရှိကြောင်းလည်း သိရသည်။ အနီကတ်ပြခံရပြီးနောက် ကတ်စမဲရိုးသည် လေးပွဲပယ်ခံရသည့် ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်းလည်း သိရသည်။
ကတ်စမဲရိုးသည် ဖူလ်ဟမ်၊နယူးကာဆယ်၊ ဘရန့်ဖို့ဒ်၊ အဲဗာတန်အသင်းတို့နှင့် ကစားမည့် FA ဖလားကွာတား ဖိုင်နယ်ပွဲစဥ်များတွင် ပါဝင်ကစားခွင့်ရရှိမည် မဟုတ်ကြောင်းလည်း သိရသည်။ နည်းပြတန်ဟက်သည် ကတ်စမဲရိုး အနီကဒ်ပြခံရခြင်းနှင့်ပတ်သက်ပြီး တရားမျှတမှုမရှိကြောင်းပြောဆိုခဲ့ကာ ကတ်စမဲရိုး၏ စည်းကမ်းကောင်းမွန်မှု မှတ်တမ်းများကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။
မန်ယူနည်းပြတန်ဟက် က "ကတ်စမဲရိုးဟာ ဥရောပလိဂ်တွေမှာ ပြိုင်ပွဲ(၅ဝဝ)ကျော် ကစားခဲ့တာတောင် အနီကဒ် ပြခံရတာမျိုး တစ်ခါမှမရှိခဲ့ပါဘူး" ဟုပြောသည်။
ကတ်စမဲရိုးသည် လက်ရှိပရီးမီးယားလိဂ်ရာသီတွင် ရက်ပေါင်း(၃၆)ရက်အတွင်း အနီကဒ်နှစ်ကြိမ် ပြခံထားရသည်။

Zawgyi Version;
အနီကဒ္ႏွစ္ႀကိမ္ျပခံရၿပီးေနာက္ ေလးပြဲကစားခြင့္ လြဲေခ်ာ္ဖြယ္ရွိေနတဲ့ မန္ယူကြင္းလယ္ လူကတ္စမဲ႐ိုး
Pika (NP News) - မတ္ ၁၄
မန္ယူအသင္းသည္ ေဆာက္သမ္တန္အသင္းႏွင့္ ကစားခဲ့သည့္ပြဲတြင္ အနီကဒ္ျပခံရေသာ ကတ္စမဲ႐ိုးအတြက္ အယူခံဝင္ျခင္းမ်ိဳးမရွိေၾကာင္း သိရသည္။
ေဆာက္သမ္တန္အသင္းကြင္းလယ္လူ ကားလို႔စ္အယ္ကာရက္ဇ္ ေဘာလုံးကို ဆြဲလာစဥ္ မန္ယူကြင္းလယ္ ကစားသမား ကတ္စမဲ႐ိုးသည္ ေလွ်ာတိုက္ကာျဖတ္ထုတ္ခဲ့သည့္အတြက္ အနီကဒ္ျပခံခဲ့ရၿပီး လက္ရွိပရီးမီးယား လိဂ္ရာသီတြင္ ႏွစ္ႀကိမ္ေျမာက္ အနီကဒ္ျပခံရျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
ဒိုင္လူႀကီး အန္သိုနီေတလာသည္ ကတ္စမဲ႐ိုးကို အေစာပိုင္းတြင္ အဝါကဒ္သာျပခဲ့ေသာ္လည္း VAR ျပန္ၾကည့္ၿပီး ေနာက္ အနီကဒ္ျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ မန္ယူနည္းျပတန္ဟက္သည္ ပြဲအၿပီးတြင္ ဒိုင္လူႀကီး အန္သိုနီ ေတလာႏွင့္ စကားမ်ားခဲ့ၾကေသာ္လည္း မန္ယူအသင္းသည္ ကတ္စမဲ႐ိုးအတြက္ အယူခံမဝင္ရန္ ဆုံးျဖတ္ ခဲ့ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။
ကတ္စမဲ႐ိုးသည္ ၿပီးခဲ့သည့္လက ခရစၥတယ္ပဲေလ့စ္အသင္းႏွင့္ ကစားခဲ့သည့္ ပရီးမီးယားလိဂ္ပြဲတြင္လည္း အနီကဒ္ျပခံခဲ့ရၿပီး မန္ယူအသင္းက အယူခံဝင္ခဲ့ျခင္းမ်ိဳးမရွိေၾကာင္းလည္း သိရသည္။ အနီကတ္ျပခံရၿပီးေနာက္ ကတ္စမဲ႐ိုးသည္ ေလးပြဲပယ္ခံရသည့္ ျပစ္ဒဏ္ခ်မွတ္ခံရမည္ျဖစ္ေၾကာင္းလည္း သိရသည္။
ကတ္စမဲ႐ိုးသည္ ဖူလ္ဟမ္၊နယူးကာဆယ္၊ ဘရန႔္ဖို႔ဒ္၊ အဲဗာတန္အသင္းတို႔ႏွင့္ ကစားမည့္ FA ဖလားကြာတား ဖိုင္နယ္ပြဲစဥ္မ်ားတြင္ ပါဝင္ကစားခြင့္ရရွိမည္ မဟုတ္ေၾကာင္းလည္း သိရသည္။ နည္းျပတန္ဟက္သည္ ကတ္စမဲ႐ိုး အနီကဒ္ျပခံရျခင္းႏွင့္ပတ္သက္ၿပီး တရားမွ်တမႈမရွိေၾကာင္းေျပာဆိုခဲ့ကာ ကတ္စမဲ႐ိုး၏ စည္းကမ္းေကာင္းမြန္မႈ မွတ္တမ္းမ်ားကိုလည္း ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္း သိရသည္။
မန္ယူနည္းျပတန္ဟက္ က "ကတ္စမဲ႐ိုးဟာ ဥေရာပလိဂ္ေတြမွာ ၿပိဳင္ပြဲ(၅ဝဝ)ေက်ာ္ ကစားခဲ့တာေတာင္ အနီကဒ္ ျပခံရတာမ်ိဳး တစ္ခါမွမရွိခဲ့ပါဘူး" ဟုေျပာသည္။
ကတ္စမဲ႐ိုးသည္ လက္ရွိပရီးမီးယားလိဂ္ရာသီတြင္ ရက္ေပါင္း(၃၆)ရက္အတြင္း အနီကဒ္ႏွစ္ႀကိမ္ ျပခံထားရသည္။