G-Dragon ထုတ်တဲ့ Highball အချိုရည် ၃ လအတွင်း ဗူး ၁၀ သန်းကျော် ရောင်းထွက်

2268

ရောင်နီ (NP News) - သြဂုတ် ၁၁
G-Dragon ရဲ့ အမှတ်တံဆိပ် အသစ်တစ်ခုဖြစ်တဲ့ highball အချိုရည်ဟာ ဈေးကွက်ကို သိမ်းပိုက်နိုင်ခဲ့ပြီး သုံးလအတွင်း အချိုရည်ဗူးပေါင်း ၁၀ သန်းထိ ရောင်းချနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့အချက်အလက်တွေအရ G-Dragon ကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ 'PEACEMINUSONE Highball' အမျိုးအစားသုံးမျိုးဟာ ဧပြီလ ၃၀ ရက်မှ စ ဩဂုတ်လအထိ အတွင်း ဗူးပေါင်း ၁ဝ သန်းကျော် ရောင်းချ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အချိုရည်စထွက်တဲ့ ပထမ သုံးရက်အတွင်း ဗူးအရေအတွက် ၈၈၀,၀၀၀ ရောင်းချနိုင်ခဲ့ပြီး တန်းစီဝယ်ယူရတဲ့အထိ ရောင်းကောင်းခဲ့ပါတယ်။ မေလ ၂၇ ရက် ကျရောက်တဲ့ "Space Aviation Day” အထိမ်းအမှတ်အနေဖြင့် အဆိုပါ အမှတ်တံဆိပ် "PEACEMINUSONE Red Highball” ကို ထုတ်ခဲ့တာဖြစ်ပြီး ကိုရီးယားစားသုံးသူတွေသာမက ပြည်ပခရီးသွားတွေကိုပါ ဝယ်ယူဖို့ ဆွဲဆောင် နိုင်ခဲ့ပါတယ်။ ဇူလိုင်လ ၁၆ ရက်ကလည်း G-Dragon ကိုယ်တိုင်ရေးဆွဲထားတဲ့ ဒေစီပန်းပုံနဲ့ "PEACEMINUSONE Daisy Highball” ဒီဇိုင်းသစ်ထုတ်လုပ်ခဲ့ပြီး အွန်လိုင်းကြိုတင်မှာယူမှုတွေနဲ့တင် သုံးနာရီအတွင်းအဆိုပါ အထူးထုတ်ဝေမှု အကုန်ရောင်းထွက်သွားခဲ့ပါတယ်။
ယမကာကုမ္ပဏီ Brewguru ကတော့ ဒီရောင်းချမှုစံချိန်ဟာ ကုမ္ပဏီရဲ့သမိုင်းတွင် အမြင့်ဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။

Zawgyi Version:
G-Dragon ထုတ္တဲ့ Highball အခ်ိဳရည္ ၃ လအတြင္း ဗူး ၁၀ သန္းေက်ာ္ ေရာင္းထြက္
ေရာင္နီ (NP News) - ၾသဂုတ္ ၁၁
G-Dragon ရဲ႕ အမွတ္တံဆိပ္ အသစ္တစ္ခုျဖစ္တဲ့ highball အခ်ိဳရည္ဟာ ေဈးကြက္ကို သိမ္းပိုက္ႏိုင္ခဲ့ၿပီး သုံးလအတြင္း အခ်ိဳရည္ဗူးေပါင္း ၁၀ သန္းထိ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္အေစာပိုင္းက ထုတ္ျပန္ခဲ့တဲ့အခ်က္အလက္ေတြအရ G-Dragon ကိုယ္တိုင္ ဒီဇိုင္းဆြဲထားတဲ့ 'PEACEMINUSONE Highball' အမ်ိဳးအစားသုံးမ်ိဳးဟာ ဧၿပီလ ၃၀ ရက္မွ စ ဩဂုတ္လအထိ အတြင္း ဗူးေပါင္း ၁ဝ သန္းေက်ာ္ ေရာင္းခ် မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ အခ်ိဳရည္စထြက္တဲ့ ပထမ သုံးရက္အတြင္း ဗူးအေရအတြက္ ၈၈၀,၀၀၀ ေရာင္းခ်ႏိုင္ခဲ့ၿပီး တန္းစီဝယ္ယူရတဲ့အထိ ေရာင္းေကာင္းခဲ့ပါတယ္။ ေမလ ၂၇ ရက္ က်ေရာက္တဲ့ "Space Aviation Day” အထိမ္းအမွတ္အေနျဖင့္ အဆိုပါ အမွတ္တံဆိပ္ "PEACEMINUSONE Red Highball” ကို ထုတ္ခဲ့တာျဖစ္ၿပီး ကိုရီးယားစားသုံးသူေတြသာမက ျပည္ပခရီးသြားေတြကိုပါ ဝယ္ယူဖို႔ ဆြဲေဆာင္ ႏိုင္ခဲ့ပါတယ္။ ဇူလိုင္လ ၁၆ ရက္ကလည္း G-Dragon ကိုယ္တိုင္ေရးဆြဲထားတဲ့ ေဒစီပန္းပုံနဲ႔ "PEACEMINUSONE Daisy Highball” ဒီဇိုင္းသစ္ထုတ္လုပ္ခဲ့ၿပီး အြန္လိုင္းႀကိဳတင္မွာယူမႈေတြနဲ႔တင္ သုံးနာရီအတြင္းအဆိုပါ အထူးထုတ္ေဝမႈ အကုန္ေရာင္းထြက္သြားခဲ့ပါတယ္။
ယမကာကုမၸဏီ Brewguru ကေတာ့ ဒီေရာင္းခ်မႈစံခ်ိန္ဟာ ကုမၸဏီရဲ႕သမိုင္းတြင္ အျမင့္ဆုံးျဖစ္တယ္လို႔ ဆိုထားပါတယ္။