မြန်မာအမျိုးသားလေကြောင်းလိုင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ(၂ဝ)၏ နိုင်ငံခြားငွေ ဝယ်ယူရောင်းချခွင့်လိုင်စင် ဗဟိုဘဏ် ရုပ်သိမ်း

 1428

မျိုးကြီး (NP News) - မတ် ၁၇

မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ(၂ဝ)၏ နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲ လှယ်ပေးခွင့်လိုင်စင်များကို ဗဟိုဘဏ်မှ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရကုမ္ပဏီ (၂ဝ) သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိကြောင်း သိရသည်။

ထို့ကြောင့် ၎င်းကုမ္ပဏီ(၂ဝ) ၏ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ ရုပ်သိမ်းလိုက်ကြောင်း ဗဟိုဘဏ်က သတင်းထုတ် ပြန်ထားသည်။

၎င်းကဲ့သို့ လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီ(၂ဝ)မှာ Myanmar National Airlines Co., Ltd၊ Oake Khaung Travels & Tours Co., Ltd၊ Senjo Royal Myanmar Co., Ltd၊ Dawei Popular Co., Ltd၊ Zam Myo Co., Ltd၊ Phyo Thet (PT) Co., Ltd၊ Sky Bound Co., Ltd၊ Myanmar MCG Corporation Ltd၊ Htwe and Htwe Family Co., Ltd၊ Won Won Co., Ltd၊ United Eleven Co., Ltd၊ Tun Yama Co., Ltd၊ Myanmar Alinkar Hotel Group Co., Ltd၊ Cartel Co., Ltd၊ Super Phoneix Co., Ltd၊ Golden Falcon Shipping Co., Ltd၊ Fairness Travels & Tours Co., Ltd၊ Yadanar Bon Travels & Tours Co., Ltd၊ Dewant Financial Loan Microfinance Co., Ltd နှင့် Treasure Su Co., Ltd တို့ဖြစ်ကြောင်း ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားသည်။

အလားတူ ပြီးခဲ့သော ဇန်နဝါရီ ၂၃ ရက်တွင်လည်း Imperial Myanmar Finance ကုမ္ပဏီ၏ Money Changer လိုင်စင်အား ရုပ်သိမ်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားဖူးသည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ အမေရိကန်တစ်ဒေါ်လာ လဲလှယ်နှုန်းအား မြန်မာကျပ်ငွေ ၂၁ဝဝ နှုန်း သတ်မှတ် ထားပြီး ပြင်ပဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၈ဝဝ နှင့်အထက်တွင် အရောင်းအဝယ်ပြုလုပ် လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းကုမၸဏီ အပါအဝင္ ကုမၸဏီ(၂ဝ)၏ ႏိုင္ငံျခားေငြ ဝယ္ယူေရာင္းခ်ခြင့္လိုင္စင္ ဗဟိုဘဏ္ ႐ုပ္သိမ္း
မ်ိဳးႀကီး (NP News) - မတ္ ၁၇

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း(MNA) ကုမၸဏီ အပါအဝင္ ကုမၸဏီ(၂ဝ)၏ ႏိုင္ငံျခားေငြ ဝယ္ယူေရာင္းခ်လဲလွယ္ေပးခြင့္လိုင္စင္မ်ားကို ဗဟိုဘဏ္မွ ႐ုပ္သိမ္းလိုက္ေၾကာင္း သတင္းရရွိသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ယခုရက္ပိုင္းအတြင္း အထက္ပါကဲ့သို႔ ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။

ဗဟိုဘဏ္မွ ခြင့္ျပဳထုတ္ေပးထားသည့္ ႏိုင္ငံျခားေငြမ်ား ဝယ္ယူေရာင္းခ်လဲလွယ္ေပးခြင့္လိုင္စင္ရကုမၸဏီ (၂ဝ) သည္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ထုတ္ျပန္ထားေသာ အမိန႔္ႏွင့္ၫႊန္ၾကားခ်က္မ်ားကို လိုက္နာမႈမရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎ကုမၸဏီ(၂ဝ) ၏ ႏိုင္ငံျခားေငြမ်ား ဝယ္ယူေရာင္းခ်လဲလွယ္ေပးခြင့္လိုင္စင္ (Money Changer License) အား ဒါ႐ိုက္တာအဖြဲ႕အစည္းအေဝးဆုံးျဖတ္ခ်က္အရ ႐ုပ္သိမ္းလိုက္ေၾကာင္း ဗဟိုဘဏ္က သတင္းထုတ္ျပန္ထားသည္။

၎ကဲ့သို႔ လိုင္စင္႐ုပ္သိမ္းခံရသည့္ ကုမၸဏီ(၂ဝ)မွာ Myanmar National Airlines Co., Ltd၊ Oake Khaung Travels & Tours Co., Ltd၊ Senjo Royal Myanmar Co., Ltd၊ Dawei Popular Co., Ltd၊ Zam Myo Co., Ltd၊ Phyo Thet (PT) Co., Ltd၊ Sky Bound Co., Ltd၊ Myanmar MCG Corporation Ltd၊ Htwe and Htwe Family Co., Ltd၊ Won Won Co., Ltd၊ United Eleven Co., Ltd၊ Tun Yama Co., Ltd၊ Myanmar Alinkar Hotel Group Co., Ltd၊ Cartel Co., Ltd၊ Super Phoneix Co., Ltd၊ Golden Falcon Shipping Co., Ltd၊ Fairness Travels & Tours Co., Ltd၊ Yadanar Bon Travels & Tours Co., Ltd၊ Dewant Financial Loan Microfinance Co., Ltd ႏွင့္ Treasure Su Co., Ltd တို႔ျဖစ္ေၾကာင္း ဗဟိုဘဏ္က အသိေပးထုတ္ျပန္ထားသည္။

အလားတူ ၿပီးခဲ့ေသာ ဇန္နဝါရီ ၂၃ ရက္တြင္လည္း Imperial Myanmar Finance ကုမၸဏီ၏ Money Changer လိုင္စင္အား ႐ုပ္သိမ္းေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က အသိေပးေၾကညာထားဖူးသည္။

ဗဟိုဘဏ္အေနျဖင့္ ႏိုင္ငံျခားေငြ အေမရိကန္တစ္ေဒၚလာ လဲလွယ္ႏႈန္းအား ျမန္မာက်ပ္ေငြ ၂၁ဝဝ ႏႈန္း သတ္မွတ္ ထားၿပီး ျပင္ပေဈးကြက္၌ အေမရိကန္တစ္ေဒၚလာလွ်င္ ေငြက်ပ္ ၂၈ဝဝ ႏွင့္အထက္တြင္ အေရာင္းအဝယ္ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

Picture

L Mone

18/03/2023 00:02

ဆော်ပလော်တီးတာ က တီးသင့်လို့ တီးတာမျိူးက ကောင်းပါတယ် ဝန်ထမ်းတွေကိုယ်တိုင်စည်းကမ်း လိုက်နာချင်အောင်ပြောဆိုကူညီကြပါလို့

Picture

L Mone

18/03/2023 00:02

ဆော်ပလော်တီးတာ က တီးသင့်လို့ တီးတာမျိူးက ကောင်းပါတယ် ဝန်ထမ်းတွေကိုယ်တိုင်စည်းကမ်း လိုက်နာချင်အောင်ပြောဆိုကူညီကြပါလို့

Related news

© 2021. All rights reserved.