မရမ်းကုန်းမြို့နယ်တွင် မြေးအဘွားနှစ်ဦး နေထိုင်သည့် နှစ်ထပ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

 495

စော(NP News)-မတ်၁၇

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်တွင် မြေးအဘွားနှစ်ဦးနေထိုင်သည့် နှစ်ထပ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(မတ် ၁၇ ရက်) နံနက် (၁ဝ)နာရီ (၄၉)မိနစ်အချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဂန္ဓာမာလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာကြယ်ဖြူအရေးပေါ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“အိမ်အပေါ်ထပ်ကနေ စလောင်တယ်လို့ သိရပါတယ်။ ဘေးအိမ်ကခေါ်ထားပေးလို့ မြေးအဘွားနှစ်ယောက်လုံး အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ ကျန်တဲ့လူတွေက အလုပ်သွားနေကြတာပါ။ အဘွားက ခြေထောက် လေဖြန်း နေသလိုဖြစ်နေတာပါ” ဟု မြန်မာ့ကြယ်ဖြူ အရေးပေါ်လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို ပြောသည်။

အဆိုပါ မီးလောင်မှုကို နံနက် ၁၀နာရီ ၅၉ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကာ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

လက်ရှိတွင် မီးလောင်မှုနှင့်ပတ်သက်၍ သိရှိရခြင်းမရှိသေးဘဲ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
မရမ္းကုန္းၿမိဳ႕နယ္တြင္ ေျမးအဘြားႏွစ္ဦး ေနထိုင္သည့္ ႏွစ္ထပ္အိမ္တစ္လုံး မီးေလာင္မႈျဖစ္ပြား
ေစာ(NP News)-မတ္၁၇

ရန္ကုန္တိုင္း၊မရမ္းကုန္းၿမိဳ႕နယ္တြင္ ေျမးအဘြားႏွစ္ဦးေနထိုင္သည့္ ႏွစ္ထပ္အိမ္တစ္လုံး မီးေလာင္မႈျဖစ္ပြားခဲ့ ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္ ၁၇ ရက္) နံနက္ (၁ဝ)နာရီ (၄၉)မိနစ္အခ်ိန္တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္(၈)ရပ္ကြက္၊ ဂႏၶာမာလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာၾကယ္ျဖဴအေရးေပၚလူမႈကူညီေရးအသင္းထံမွ သိရသည္။

“အိမ္အေပၚထပ္ကေန စေလာင္တယ္လို႔ သိရပါတယ္။ ေဘးအိမ္ကေခၚထားေပးလို႔ ေျမးအဘြားႏွစ္ေယာက္လုံး အသက္အႏၲရာယ္ မစိုးရိမ္ရပါဘူး။ က်န္တဲ့လူေတြက အလုပ္သြားေနၾကတာပါ။ အဘြားက ေျခေထာက္ ေလျဖန္း ေနသလိုျဖစ္ေနတာပါ” ဟု ျမန္မာ့ၾကယ္ျဖဴ အေရးေပၚလူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို ေျပာသည္။

အဆိုပါ မီးေလာင္မႈကို နံနက္ ၁၀နာရီ ၅၉ မိနစ္တြင္ မီးထိန္းႏိုင္ခဲ့ၿပီး ၁၁ နာရီအခ်ိန္ခန႔္တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့ကာ မီးေလာင္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမရွိေၾကာင္း သိရသည္။

လက္ရွိတြင္ မီးေလာင္မႈႏွင့္ပတ္သက္၍ သိရွိရျခင္းမရွိေသးဘဲ သက္ဆိုင္ရာမွ စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.