တရားရုံးရှေ့ ပေါက်ကွဲမှုနှင့် ရဲတပ်ဖွဲ့ဝင်(၃)ဦး အနီးကပ်လုပ်ကြံ ပစ်သတ်ခံရမှု ရန်ကုန်မြို့၌ ဖြစ်ပွား

 1792

NP News - မတ် ၁၇

တရားရုံးရှေ့ ပေါက်ကွဲမှုဖြစ်စဉ် နှင့် ရဲတပ်ဖွဲ့ဝင်(၃)ဦး အနီးကပ်လုပ်ကြံ ပစ်သတ်ခံရမှုဖြစ်စဉ် ရန်ကုန်မြို့၌ ယနေ့တစ်ရက်တည်းတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(မတ်လ ၁၇ ရက်) နံနက် ၁၁ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့တရားရုံးအရှေ့အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပေါက်ကွဲမှုသည် တရားရုံးရှေ့ ဂိတ်ပေါက်အနီးအတွင် ရပ်ထားသည့် ကားနှစ်စီးအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ထိခိုက်ဒဏ်ရာရရှိသူအချို့ ရှိခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်များက ဆိုသည်။

ထို့ပြင် ယနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင်လည်း ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၌ ရဲတပ်ဖွဲ့ဝင်(၃)ဦး သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခြင်းခံခဲ့ရကြောင်း ထပ်မံရှိရသည်။

သာကေတနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၃)ဦးသည် အမှတ်(၉)ရပ်ကွက်၊ မီးသတ်ခရိုင်ရုံးဘေးလမ်းရှိ ဝင်းကွန်ပျူတာနှင့် မိတ္တူဆိုင်တွင် ရှိနေစဉ်အချိန် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။

ရဲတပ်ဖွဲ့ဝင်(၃)ဦးသည် မိတ္တူဆိုင်၌ ရှိနေစဉ်အချိန်တွင် ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦးရောက်ရှိလာကာ သေနတ်ဖြင့် အနီးကပ် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်(၂)ဦးမှာ ဦးခေါင်း၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး နောက်ထပ် ရဲတပ်ဖွဲ့ဝင်(၁)ဦးမှာလည်း ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း သိရသည်။

လက်ရှိတွင် အထက်ပါကဲ့သို့ အခင်းဖြစ်ပွားခဲ့သည့်နေရာများနှင့်ပတ်သက်၍ လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

Zawgyi Version;
တရား႐ုံးေရွ႕ ေပါက္ကြဲမႈႏွင့္ ရဲတပ္ဖြဲ႕ဝင္(၃)ဦး အနီးကပ္လုပ္ႀကံ ပစ္သတ္ခံရမႈ ရန္ကုန္ၿမိဳ႕၌ ျဖစ္ပြား
NP News - မတ္ ၁၇

တရား႐ုံးေရွ႕ ေပါက္ကြဲမႈျဖစ္စဥ္ ႏွင့္ ရဲတပ္ဖြဲ႕ဝင္(၃)ဦး အနီးကပ္လုပ္ႀကံ ပစ္သတ္ခံရမႈျဖစ္စဥ္ ရန္ကုန္ၿမိဳ႕၌ ယေန႔တစ္ရက္တည္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ယေန႔(မတ္လ ၁၇ ရက္) နံနက္ ၁၁ နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕တရား႐ုံးအေရွ႕အနီးတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါေပါက္ကြဲမႈသည္ တရား႐ုံးေရွ႕ ဂိတ္ေပါက္အနီးအတြင္ ရပ္ထားသည့္ ကားႏွစ္စီးအနီး၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ရာ ထိခိုက္ဒဏ္ရာရရွိသူအခ်ိဳ႕ ရွိခဲ့ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ သတင္းအရင္းအျမစ္မ်ားက ဆိုသည္။

ထို႔ျပင္ ယေန႔ ေန႔လည္ ၁၂ နာရီအခ်ိန္ခန႔္တြင္လည္း ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္၌ ရဲတပ္ဖြဲ႕ဝင္(၃)ဦး ေသနတ္ျဖင့္ အနီးကပ္ ပစ္ခတ္ျခင္းခံခဲ့ရေၾကာင္း ထပ္မံရွိရသည္။

သာေကတနယ္ေျမရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္ (၃)ဦးသည္ အမွတ္(၉)ရပ္ကြက္၊ မီးသတ္ခ႐ိုင္႐ုံးေဘးလမ္းရွိ ဝင္းကြန္ပ်ဴတာႏွင့္ မိတၱဴဆိုင္တြင္ ရွိေနစဥ္အခ်ိန္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ပြားရာေနရာရွိ သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာသည္။

ရဲတပ္ဖြဲ႕ဝင္(၃)ဦးသည္ မိတၱဴဆိုင္၌ ရွိေနစဥ္အခ်ိန္တြင္ ဆိုင္ကယ္တစ္စီးျဖင့္ အမ်ိဳးသားႏွစ္ဦးေရာက္ရွိလာကာ ေသနတ္ျဖင့္ အနီးကပ္ ပစ္ခတ္သြားျခင္းျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္(၂)ဦးမွာ ဦးေခါင္း၌ က်ည္ထိမွန္ဒဏ္ရာမ်ားျဖင့္ ေနရာတြင္ပင္ ေသဆုံးသြားခဲ့ၿပီး ေနာက္ထပ္ ရဲတပ္ဖြဲ႕ဝင္(၁)ဦးမွာလည္း က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့ကာ အသက္အႏၲရာယ္စိုးရိမ္ရသည့္အေျခအေနတြင္ ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ အထက္ပါကဲ့သို႔ အခင္းျဖစ္ပြားခဲ့သည့္ေနရာမ်ားႏွင့္ပတ္သက္၍ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားမွ သြားေရာက္ကာ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္းသိရသည္။

Picture

MgThetlin

17/03/2023 16:49

ဖြစ်တာလဲမပြေားနဲလမ်းထဲမှာရှိတာ့်လူမိုက်တွေနဲတတွဲတွဲလုပ်နေကြတာလေအယ့်လူမိုက်တွေကကို့ဘက်ကစိုကောဟုတ်လို့လား​သေသွားတယ့်အတွက်တော့စိတ်မကောင်းပါဘူး

Related news

© 2021. All rights reserved.