ဆပ်ပြာခွက်များဖြင့် ဘိန်းဖြူများထည့်ကာ သယ်လာသည့်အမျိုးသမီးကို ခရီးသည်တင်ကားပေါ်၌ ဖမ်းဆီးရမိ

 633

စော (NP News) - မတ်၁၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ ငွေကျပ်သိန်း (၁ဝဝဝ)တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့မှ ယနေ့ (မတ် ၁၇ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထား ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်၁ ၅ ရက်၊ ညနေ ၄ နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့မောင်းနှင်လာသော ယာဉ်အား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးခဲ့ရာ ခရီးသည်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ဒေါ်မာအေး တင်ဆောင်လာသော ဆာလာအိတ် အတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ငွေကျပ်သိန်း (၁ဝ၇၂.၅) တန်ဖိုးရှိသော ဘိန်းဖြူအလေးချိန် (၄.၂၉) ကီလို၊ ငွေသား (၅ဝဝဝဝ) နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိသည့် ဒေါ်မာအေး အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Zawgyi Version;
ဆပ္ျပာခြက္မ်ားျဖင့္ ဘိန္းျဖဴမ်ားထည့္ကာ သယ္လာသည့္အမ်ိဳးသမီးကို ခရီးသည္တင္ကားေပၚ၌ ဖမ္းဆီးရမိ
ေစာ (NP News) - မတ္၁၇

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္တြင္ အမ်ိဳးသမီးတစ္ဦးထံမွ ေငြက်ပ္သိန္း (၁ဝဝဝ)တန္ဖိုးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီး ရမိခဲ့ေၾကာင္း သတင္းရရွိသည္။

ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္ႏွင္းေရးတပ္ဖြဲ႕မွ ယေန႔ (မတ္ ၁၇ ရက္) တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထား ျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္၁ ၅ ရက္၊ ညေန ၄ နာရီအခ်ိန္တြင္ မိုးညႇင္းၿမိဳ႕နယ္၊ နန႔္စီးေအာင္ ပူးေပါင္းစစ္ေဆးေရး ဂိတ္တြင္ မႏၲေလးၿမိဳ႕ဘက္မွ ျမစ္ႀကီးနားၿမိဳ႕ဘက္သို႔ေမာင္းႏွင္လာေသာ ယာဥ္အား စစ္ေဆးရွာေဖြခဲ့ေၾကာင္း သိရသည္။

ထိုသို႔စစ္ေဆးခဲ့ရာ ခရီးသည္ယာဥ္ေပၚတြင္လိုက္ပါလာသည့္ ေဒၚမာေအး တင္ေဆာင္လာေသာ ဆာလာအိတ္ အတြင္းမွ ဆပ္ျပာခြက္မ်ားျဖင့္ ထည့္ထားသည့္ ေငြက်ပ္သိန္း (၁ဝ၇၂.၅) တန္ဖိုးရွိေသာ ဘိန္းျဖဴအေလးခ်ိန္ (၄.၂၉) ကီလို၊ ေငြသား (၅ဝဝဝဝ) ႏွင့္ လက္ကိုင္ဖုန္းတစ္လုံးတို႔အား သိမ္းဆည္းရခဲ့ေၾကာင္း သိရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္မ်ားအရ ဖမ္းဆီးရမိသည့္ ေဒၚမာေအး အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရအေရးယူထားေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.