ကုသရေးဦးစီးဌာန၌ အငယ်တန်းစားရေးရာထူးနေရာ (၁၂ဝဝ)အတွက် ဝန်ထမ်းများ ခေါ်ယူမည်

 1018

Pearl (NP News) - မတ် ၁၇

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ လစ်လပ်နေသော အငယ်တန်းစားရေးရာထူး (၁၂ဝဝ) အတွက် ဝန်ထမ်းများခေါ်ယူနေကြောင်း သိရသည်။

အဆိုပါ ရာထူးနေရာများသည် ကုသရေးဦးစီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံကြီးများ၊ ဆေးရုံများ၊ ရုံး၊ ဌာနများ အတွက်ဖြစ်ကြောင်း သိရသည်။

ကုသရေးဦးစီးဌာနမှ လျှောက်လွှာခေါ်ယူခြင်းကို ယနေ့ (မတ်လ ၁၇ ရက်) တွင် အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

လျှောက်ထားသူများသည် (၂၅-၄-၂ဝ၂၃) တွင် အသက် (၃ဝ)နှစ်ထက် မကျော်ရန်လိုအပ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ပါက (၃၅) မ‌ကျော်ရန် လိုအပ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ၊ ပါတီနိုင်ငံရေးကင်းရှင်းသူ၊ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသူဖြစ်ရန် လိုအပ် ကြောင်း သိရသည်။

လျှောက်လွှာများကို နေပြည်တော်ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်ကုသရေးဦးစီးဌာနသို့သာ လိပ်မူ၍ (၂၅-၄-၂ဝ၂၃)၊ ညနေ (၄)နာရီ (၃ဝ) မိနစ် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာတစ်စောင်ကို မိမိတာဝန်ထမ်းဆောင်နေသော ဌာနအကြီးအကဲ ထောက်ခံချက် ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် ကုသရေးဦးစီးဌာနသို့ ပေးပို့ရန်ဖြစ်ပြီး လျှောက်လွှာမူရင်းခွဲတစ်စောင်ကို ကုသရေးဦးစီးဌာနချုပ်သို့ (၂၅-၄-၂ဝ၂၃) နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

အရည်အချင်းသတ်မှတ်ချက်နှင့် မကိုက်ညီသော၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းအချက်အလက်မပြည့်စုံသော၊ လျှောက်လွှာပိတ်ရက်ထက်ကျော်လွန်ပေးပို့သော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

စာမေးပွဲ ကျင်းပမည့် အချိန်၊ ရက်စွဲ၊ နေရာနှင့် ဖြေဆိုခွင့် ရသူများစာရင်းကို ဖုန်း/ Viber/ Email များမှ တဆင့် အကြောင်းကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ရွေးချယ်ခံရသူများသည် ဌာနတွင် အနည်းဆုံး တစ်ဆက်တည်း (၅)နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ရမည် အသိပေးထားသည်။

Zawgyi Version;
ကုသေရးဦးစီးဌာန၌ အငယ္တန္းစားေရးရာထူးေနရာ (၁၂ဝဝ)အတြက္ ဝန္ထမ္းမ်ား ေခၚယူမည္
Pearl (NP News) - မတ္ ၁၇

က်န္းမာေရးဝန္ႀကီးဌာန၊ ကုသေရးဦးစီးဌာနမွ လစ္လပ္ေနေသာ အငယ္တန္းစားေရးရာထူး (၁၂ဝဝ) အတြက္ ဝန္ထမ္းမ်ားေခၚယူေနေၾကာင္း သိရသည္။

အဆိုပါ ရာထူးေနရာမ်ားသည္ ကုသေရးဦးစီးဌာနေအာက္ရွိ ဗဟိုအဆင့္ေဆး႐ုံႀကီးမ်ား၊ ေဆး႐ုံမ်ား၊ ႐ုံး၊ ဌာနမ်ား အတြက္ျဖစ္ေၾကာင္း သိရသည္။

ကုသေရးဦးစီးဌာနမွ ေလွ်ာက္လႊာေခၚယူျခင္းကို ယေန႔ (မတ္လ ၁၇ ရက္) တြင္ အသိေပးထုတ္ျပန္ထားျခင္း ျဖစ္သည္။

ေလွ်ာက္ထားသူမ်ားသည္ (၂၅-၄-၂ဝ၂၃) တြင္ အသက္ (၃ဝ)ႏွစ္ထက္ မေက်ာ္ရန္လိုအပ္ၿပီး ႏိုင္ငံ့ဝန္ထမ္းျဖစ္ပါက (၃၅) မ‌ေက်ာ္ရန္ လိုအပ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။

ထို႔အျပင္ တကၠသိုလ္တစ္ခုခုမွ ဘြဲ႕ရရွိၿပီးသူ၊ ပါတီႏိုင္ငံေရးကင္းရွင္းသူ၊ ျပစ္မႈက်ဴးလြန္ခဲ့ျခင္း မရွိသူျဖစ္ရန္ လိုအပ္ ေၾကာင္း သိရသည္။

ေလွ်ာက္လႊာမ်ားကို ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမ/ တိုင္းေဒသႀကီး/ ျပည္နယ္ကုသေရးဦးစီးဌာနသို႔သာ လိပ္မူ၍ (၂၅-၄-၂ဝ၂၃)၊ ညေန (၄)နာရီ (၃ဝ) မိနစ္ ေနာက္ဆုံးထားေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံ့ဝန္ထမ္းျဖစ္လွ်င္ ေလွ်ာက္လႊာတစ္ေစာင္ကို မိမိတာဝန္ထမ္းေဆာင္ေနေသာ ဌာနအႀကီးအကဲ ေထာက္ခံခ်က္ ျဖင့္ သက္ဆိုင္ရာဝန္ႀကီးဌာနမွတစ္ဆင့္ ကုသေရးဦးစီးဌာနသို႔ ေပးပို႔ရန္ျဖစ္ၿပီး ေလွ်ာက္လႊာမူရင္းခြဲတစ္ေစာင္ကို ကုသေရးဦးစီးဌာနခ်ဳပ္သို႔ (၂၅-၄-၂ဝ၂၃) ေနာက္ဆုံးထား၍ ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။

အရည္အခ်င္းသတ္မွတ္ခ်က္ႏွင့္ မကိုက္ညီေသာ၊ ပူးတြဲတင္ျပရမည့္ စာ႐ြက္စာတမ္းအခ်က္အလက္မျပည့္စုံေသာ၊ ေလွ်ာက္လႊာပိတ္ရက္ထက္ေက်ာ္လြန္ေပးပို႔ေသာ ေလွ်ာက္လႊာမ်ားအား ထည့္သြင္းစဥ္းစားမည္ မဟုတ္ေၾကာင္း ကုသေရးဦးစီးဌာနမွ ထုတ္ျပန္ထားသည္။

စာေမးပြဲ က်င္းပမည့္ အခ်ိန္၊ ရက္စြဲ၊ ေနရာႏွင့္ ေျဖဆိုခြင့္ ရသူမ်ားစာရင္းကို ဖုန္း/ Viber/ Email မ်ားမွ တဆင့္ အေၾကာင္းၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။

ေ႐ြးခ်ယ္ခံရသူမ်ားသည္ ဌာနတြင္ အနည္းဆုံး တစ္ဆက္တည္း (၅)ႏွစ္ျပည့္သည္အထိ တာဝန္ထမ္းေဆာင္ရမည္ အသိေပးထားသည္။

Related news

© 2021. All rights reserved.