ရွှေဈေးမြင့်တက်လိုသူများ၏ ပြောဆိုမှုများကို ယုံကြည်ကာရောင်းဝယ်မှုများ မပြုလုပ်ရန် YGEA အသိပေး

 818

ယွန်း (NP News) - မတ် ၂၁

ရွှေဈေးနှင့်ပတ်သက်၍ အွန်လိုင်းမီဒီယာများမှ ဈေးနှုန်းများ ထုတ်ပြန်နေခြင်းများသည် တရားမဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး‌ရွှေလုပ်ငန်းရှင်များအသင်းက ယနေ့(မတ်လ ၂၁ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

လတ်တလောဖြစ်ပေါ်နေသော အခြေအနေများကို အကြောင်းပြု၍ ကမ္ဘာ့‌ရွှေဈေးသည် မြင့်တက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုများကို အခြေခံပြီး မြန်မာနိုင်ငံရှိ ‌ရွှေဈေးကစားလိုသူများသည် ‌ရွှေဈေးမြင့်တက်လာစေရန်အတွက် အွန်လိုင်းမီဒီယာများမှတစ်ဆင့် ကောလာဟလများ ထုတ်လွှင့်ခြင်းနှင့် လေပတ်ကားရောင်းဝယ်ခြင်းများ ဆောင်ရွက်နေသည်ကို တွေ့နေရကြောင်း YGEA မှ ဆိုထားသည်။

ဈေးကစားလိုသူများအနေဖြင့် ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေးနှုန်းကို ချိတ်ဆက်နေသည်ဟု ထင်ရ အောင် တွက်ချက်ဖော်ပြနေခြင်းဖြစ်ပြီး အမှန်တကယ်တွင် ကမ္ဘာ့ရွှေဈေးကွက်နှင့် မြန်မာ့ရွှေဈေးကွက်မှာ ချိတ်ဆက်မှုမရှိကြောင်း YGEA မှ အသိပေးပြောဆိုထားသည်။

ထို့ကြောင့် ရွှေဈေးမြင့်တက်လိုသူများ၏ ပြောဆိုမှုကို ယုံကြည်ပြီး ရောင်းဝယ်ခြင်းမပြုရန် YGEA မှ ဆိုထားသည်။

အလားတူ အွန်လိုင်းမီဒီယာများမှ ရွှေနှင့်ပတ်သက်၍ ဈေးနှုန်းများ ထုတ်ပြန်ဖော်ပြနေခြင်းများသည်လည်း တရားမဝင်မှုမှမရှိသည့်အပြင် လေပတ်ကားရောင်းဝယ်ခြင်းများသည်လည်း ဥပဒေနှင့်ညီညွတ်မှုမရှိကြောင်း ထုတ်ပြန်ချက်တွင် အသိပေးဖော်ပြထားသည်။

ထိုကဲ့သို့‌ ဆောင်ရွက်နေသူများကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများဘက်မှ တားဆီးထိန်းသိမ်းရန် ဆောင်ရွက်နေကြောင်း YGEA မှ ထုတ်ပြန်ထားသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကလည်း ယနေ့ (မတ်လ ၂၁ ရက်)တွင် ရွှေဈေးမြင့်တင်လိုသူများ၏ ဝါဒဖြန့်မှုကို ယုံကြည်လိုက်ပါရောင်းဝယ်ခြင်း မပြုလုပ်ကြရန်နှင့် အွန်လိုင်းမီဒီယာများမှ ဈေးနှုန်းထုတ်ပြန်ဖော်ပြနေခြင်းများသည် တရားဝင်မှုမရှိကြောင်း၊ လေပတ်ကားရောင်းဝယ်ခြင်းများသည် ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း အသိပေးမေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံဗဟိုဘဏ်ဘက်ကလည်း မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ရွှေအား တင်သွင်းရောင်းချခြင်း အပါအ ဝင် တင်းပို့ရောင်းချခြင်းလည်း မရှိသည့်အတွက် ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်းသည် မြန်မာ့ရွှေဈေးနှင့် ဆက်စပ်မှုမရှိကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

ထို့ကြောင့် ရွှေဈေးတည်ငြိမ်မှု ပျက်ပြားစေရန် ဈေးကစားနေသူများ အပါအဝင် ကောလာဟလများကို လူမှုကွန်ယက်၊ အွန်လိုင်းတို့ဖြင့် ထုတ်လွှင့်နေသူများကိုလည်း စုံစမ်းဖော်ထုတ်၍ အရေးယူသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ဆိုထားသည်။

ယနေ့(မတ်လ ၂၁ ရက်)အတွက် အကယ်ဒမီ မီးလင်းရွှေ‌ဈေး တစ်ကျပ်သားလျှင် ငွေကျပ်(၂၃၃၅ဝဝဝ) သိန်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက တရားဝင်ထုတ်ပြန်ကြေညာထားသည်။

zawgyi version
ေ႐ႊေစ်းျမင့္တက္လိုသူမ်ား၏ ေျပာဆိုမႈမ်ားကို ယုံၾကည္ကာေရာင္းဝယ္မႈမ်ား မျပဳလုပ္ရန္ YGEA အသိ ေပး

ယြန္း (NP News) - မတ္ ၂၁

ေ႐ႊေစ်းႏွင့္ပတ္သက္၍ အြန္လိုင္းမီဒီယာမ်ားမွ ေစ်းႏႈန္းမ်ား ထုတ္ျပန္ေနျခင္းမ်ားသည္ တရားမဝင္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA)က ထုတ္ျပန္ထားသည္။

ရန္ကုန္တိုင္းေဒသႀကီး‌ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ယေန႔(မတ္လ ၂၁ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

လတ္တေလာျဖစ္ေပၚေနေသာ အေျခအေနမ်ားကို အေၾကာင္းျပဳ၍ ကမာၻ႔‌ေ႐ႊေစ်းသည္ ျမင့္တက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါ ကမာၻ႔ေ႐ႊေစ်းျမင့္တက္မႈမ်ားကို အေျခခံၿပီး ျမန္မာႏိုင္ငံရွိ ‌ေ႐ႊေစ်းကစားလိုသူမ်ားသည္ ‌ေ႐ႊေစ်းျမင့္တက္လာေစရန္အတြက္ အြန္လိုင္းမီဒီယာမ်ားမွတစ္ဆင့္ ေကာလာဟလမ်ား ထုတ္လႊင့္ျခင္းႏွင့္ ေလပတ္ကားေရာင္းဝယ္ျခင္းမ်ား ေဆာင္႐ြက္ေနသည္ကို ေတြ႕ေနရေၾကာင္း YGEA မွ ဆိုထားသည္။

ေစ်းကစားလိုသူမ်ားအေနျဖင့္ ကမာၻ႔ေ႐ႊေစ်းႏွင့္ ျမန္မာ့ေ႐ႊေစ်းႏႈန္းကို ခ်ိတ္ဆက္ေနသည္ဟု ထင္ရ ေအာင္ တြက္ခ်က္ေဖာ္ျပေနျခင္းျဖစ္ၿပီး အမွန္တကယ္တြင္ ကမာၻ႔ေ႐ႊေစ်းကြက္ႏွင့္ ျမန္မာ့ေ႐ႊေစ်းကြက္မွာ ခ်ိတ္ဆက္မႈမရွိေၾကာင္း YGEA မွ အသိေပးေျပာဆိုထားသည္။

ထို႔ေၾကာင့္ ေ႐ႊေဈးျမင့္တက္လိုသူမ်ား၏ ေျပာဆိုမႈကို ယုံၾကည္ၿပီး ေရာင္းဝယ္ျခင္းမျပဳရန္ YGEA မွ ဆိုထားသည္။

အလားတူ အြန္လိုင္းမီဒီယာမ်ားမွ ေ႐ႊႏွင့္ပတ္သက္၍ ေဈးႏႈန္းမ်ား ထုတ္ျပန္ေဖာ္ျပေနျခင္းမ်ားသည္လည္း တရားမဝင္မႈမွမရွိသည့္အျပင္ ေလပတ္ကားေရာင္းဝယ္ျခင္းမ်ားသည္လည္း ဥပေဒႏွင့္ညီၫြတ္မႈမရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ အသိေပးေဖာ္ျပထားသည္။

ထိုကဲ့သို႔‌ ေဆာင္႐ြက္ေနသူမ်ားကိုလည္း သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားဘက္မွ တားဆီးထိန္းသိမ္းရန္ ေဆာင္႐ြက္ေနေၾကာင္း YGEA မွ ထုတ္ျပန္ထားသည္။

ထို႔ျပင္ မႏၲေလးတိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္းကလည္း ယေန႔ (မတ္လ ၂၁ ရက္)တြင္ ေ႐ႊေဈးျမင့္တင္လိုသူမ်ား၏ ဝါဒျဖန႔္မႈကို ယုံၾကည္လိုက္ပါေရာင္းဝယ္ျခင္း မျပဳလုပ္ၾကရန္ႏွင့္ အြန္လိုင္းမီဒီယာမ်ားမွ ေဈးႏႈန္းထုတ္ျပန္ေဖာ္ျပေနျခင္းမ်ားသည္ တရားဝင္မႈမရွိေၾကာင္း၊ ေလပတ္ကားေရာင္းဝယ္ျခင္းမ်ားသည္ ဥပေဒႏွင့္ ညီၫြတ္မႈမရွိေၾကာင္း အသိေပးေမတၱာရပ္ခံထားသည္ကို ေတြ႕ရသည္။

ျမန္မာႏိုင္ငံဗဟိုဘဏ္ဘက္ကလည္း ျမန္မာႏိုင္ငံအေနျဖင့္ ကမာၻ႔ေ႐ႊအား တင္သြင္းေရာင္းခ်ျခင္း အပါအ ဝင္ တင္းပို႔ေရာင္းခ်ျခင္းလည္း မရွိသည့္အတြက္ ကမာၻ႔ေ႐ႊေဈးျမင့္တက္ျခင္းသည္ ျမန္မာ့ေ႐ႊေဈးႏွင့္ ဆက္စပ္မႈမရွိေၾကာင္း တရားဝင္ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ေ႐ႊေဈးတည္ၿငိမ္မႈ ပ်က္ျပားေစရန္ ေဈးကစားေနသူမ်ား အပါအဝင္ ေကာလာဟလမ်ားကို လူမႈကြန္ယက္၊ အြန္လိုင္းတို႔ျဖင့္ ထုတ္လႊင့္ေနသူမ်ားကိုလည္း စုံစမ္းေဖာ္ထုတ္၍ အေရးယူသြားမည္ျဖစ္ေၾကာင္း ဗဟိုဘဏ္မွ ဆိုထားသည္။

ယေန႔(မတ္လ ၂၁ ရက္)အတြက္ အကယ္ဒမီ မီးလင္းေ႐ႊ‌ေဈး တစ္က်ပ္သားလွ်င္ ေငြက်ပ္(၂၃၃၅ဝဝဝ) သိန္းျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက တရားဝင္ထုတ္ျပန္ေၾကညာထားသည္။

Picture

Htoo Myat Thu

21/03/2023 22:54

အပြင်မှာ ၁ ကျပ်သား ၂၈ သိန်းခွဲ ဝန်းကျင်ဖြစ်နေတာကြာပြီ အစိုးရတို့ရေ :D ဘယ်သူ့လင်တော်ရမလဲဖြစ်နေတဲ့ အပျိုကြီးတွေလိုဖြစ်နေပြီ။..ခင်ဗျားတို့ဖာသာ သတ်မှတ်ချင်သတ်မှတ် ကျုပ်တို့ခတွက်ချင်တာနဲ့တွက်တာ ကောင်းရော ကျေးဇူးတင်ပါတယ် ရှိကြီးခိုးပါတယ်ခင်ဗျာ

Picture

Htoo Myat Thu

21/03/2023 22:54

အပြင်မှာ ၁ ကျပ်သား ၂၈ သိန်းခွဲ ဝန်းကျင်ဖြစ်နေတာကြာပြီ အစိုးရတို့ရေ :D ဘယ်သူ့လင်တော်ရမလဲဖြစ်နေတဲ့ အပျိုကြီးတွေလိုဖြစ်နေပြီ။..ခင်ဗျားတို့ဖာသာ သတ်မှတ်ချင်သတ်မှတ် ကျုပ်တို့ခတွက်ချင်တာနဲ့တွက်တာ ကောင်းရော ကျေးဇူးတင်ပါတယ် ရှိကြီးခိုးပါတယ်ခင်ဗျာ

Related news

© 2021. All rights reserved.