အွန်လိုင်းတွင် ပျံ့နှံ့လာသည့် ကျောင်းသူတစ်ဦး အုပ်စုဖွဲ့အနိုင်ကျင့်ခံရသော ဗွီဒီယိုနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

867

ပီယ (NP News) - ဇွန် ၁၉
အွန်လိုင်းတွင် ပျံ့နှံ့လာသည့် ကျောင်းသူတစ်ဦး အုပ်စုဖွဲ့အနိုင်ကျင့်ခံရသော ဗွီဒီယိုနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနက ယနေ့ (ဇွန်လ ၁၉ ရက်) ညပိုင်းတွင် ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ၌ ၁၈-၆-၂၀၂၅ ရက်တွင် Social media ပေါ်တွင် ကျောင်းသူများ ရန်ဖြစ်နေသည့်ဗီဒီယိုဖိုင် ပျံ့နှံ့ခဲ့ရာ အဆိုပါဖြစ်စဥ်သည် ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ် ၁၈-၁၁-၂၀၂၄ ရက်က ကျောင်းချိန်ပြင်ပတွင်ဖြစ်ပွားခဲ့သော ဗီဒီယိုဖိုင်ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ၁၉-၁၁-၂ဝ၂၄ ရက်နေ့တွင် ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ရန်ဖြစ်သော ကျောင်းသူနှင့် အုပ်ထိန်းသူ မိဘများကိုခေါ်ယူတွေ့ဆုံပြီး မေးမြန်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဗီဒီယိုဖိုင်တွင် ပါရှိသော အရိုက်ခံရသည့် Grade-6 ကျောင်းသူအား ရိုက်နှက်ခဲ့သည့် Grade-7 နှင့် Grade-9 ကျောင်းသူ(၂)ဦးတို့အား သေချာစွာ စစ်ဆေးမေးမြန်းပြီး အရိုက်ခံရသည့်ကျောင်းသူမှာ နစ်နာသူဖြစ်၍ အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရိုက်နှက်ခဲ့သည့် Grade-7 နှင့် Grade-9 ကျောင်းသူ(၂)ဦး၏ဖြစ်စဉ်အား ဗီဒီယိုရိုက်ပေးသော Grade-7 ကျောင်းသားတို့အား ကျောင်းစည်းကမ်းဖောက်ဖျက်ခြင်းကြောင့် ကျောင်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့က အုပ်ထိန်းသူမိဘများထံ ပြန်လည်အပ်နှံခဲ့ပါကြောင်းနှင့် နောက်နောင် ယခုကဲ့သို့ကိစ္စမျိုး ထပ်မံ မဖြစ်စေရန် အသိပေး၍ လက်မှတ်ရေးထိုးစေခဲ့ကြောင်း ဖော်ပြထားသည်။
ယခုဖြစ်စဉ်သည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ ယခုကဲ့သို့ပြဿနာမျိုး ထပ်မံမဖြစ်ပွားစေရန် ကျောင်းစည်းကမ်းအတိုင်း ဆောင်ရွက်နေကြောင်း နှင့် စုံစမ်းဆဲ အမည်မသိအကောင့်(Account)တစ်ခုက ယခင်နှစ် ဗီဒီယိုဖိုင်အား ၁၈-၆-၂ဝ၂၅ ရက်တွင် Social media ပေါ်သို့ ထပ်မံတင်ပြခဲ့ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသူများ ၁၈-၁၁-၂ဝ၂၄ ရက်နေ့တွင် ရန်ဖြစ်သည့်ဗီဒီယိုဖိုင် Social media ပေါ်၌ ၁၈-၆-၂ဝ၂၅ ရက်နေ့တွင် ပျံ့နှံ့နေသည့်ကိစ္စနှင့်စပ်လျဉ်း၍ ၁၉-၆-၂၀၂၅ ရက်နေ့တွင် မြောင်းမြခရိုင် ပညာရေးမှူး ဦးဌေးဝင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ဖြင့် ဖြစ်စဉ်အား စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

Zawgyi Version:
အြန္လိုင္းတြင္ ပ်ံ႕ႏွံ႔လာသည့္ ေက်ာင္းသူတစ္ဦး အုပ္စုဖြဲ႕အႏိုင္က်င့္ခံရေသာ ဗြီဒီယိုႏွင့္ပတ္သက္၍ ပညာေရးဝန္ႀကီးဌာန ထုတ္ျပန္
ပီယ (NP News) - ဇြန္ ၁၉
အြန္လိုင္းတြင္ ပ်ံ႕ႏွံ႔လာသည့္ ေက်ာင္းသူတစ္ဦး အုပ္စုဖြဲ႕အႏိုင္က်င့္ခံရေသာ ဗြီဒီယိုႏွင့္ပတ္သက္၍ ပညာေရးဝန္ႀကီးဌာနက ယေန႔ (ဇြန္လ ၁၉ ရက္) ညပိုင္းတြင္ ထုတ္ျပန္ခ်က္ တစ္ေစာင္ ထုတ္ျပန္ထားသည္။
ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕၊ အမွတ္(၆)အေျခခံပညာအထက္တန္းေက်ာင္း ၌ ၁၈-၆-၂၀၂၅ ရက္တြင္ Social media ေပၚတြင္ ေက်ာင္းသူမ်ား ရန္ျဖစ္ေနသည့္ဗီဒီယိုဖိုင္ ပ်ံ႕ႏွံ႔ခဲ့ရာ အဆိုပါျဖစ္စဥ္သည္ ၂၀၂၄-၂ဝ၂၅ ပညာသင္ႏွစ္ ၁၈-၁၁-၂၀၂၄ ရက္က ေက်ာင္းခ်ိန္ျပင္ပတြင္ျဖစ္ပြားခဲ့ေသာ ဗီဒီယိုဖိုင္ျဖစ္ပါေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါကိစၥႏွင့္ပတ္သက္၍ ၁၉-၁၁-၂ဝ၂၄ ရက္ေန႔တြင္ ေက်ာင္းစည္းကမ္းထိန္းသိမ္းေရးအဖြဲ႕မွ ရန္ျဖစ္ေသာ ေက်ာင္းသူႏွင့္ အုပ္ထိန္းသူ မိဘမ်ားကိုေခၚယူေတြ႕ဆုံၿပီး ေမးျမန္းစစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း၊ ဗီဒီယိုဖိုင္တြင္ ပါရွိေသာ အ႐ိုက္ခံရသည့္ Grade-6 ေက်ာင္းသူအား ႐ိုက္ႏွက္ခဲ့သည့္ Grade-7 ႏွင့္ Grade-9 ေက်ာင္းသူ(၂)ဦးတို႔အား ေသခ်ာစြာ စစ္ေဆးေမးျမန္းၿပီး အ႐ိုက္ခံရသည့္ေက်ာင္းသူမွာ နစ္နာသူျဖစ္၍ အေရးယူေဆာင္႐ြက္ခဲ့ျခင္း မရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
႐ိုက္ႏွက္ခဲ့သည့္ Grade-7 ႏွင့္ Grade-9 ေက်ာင္းသူ(၂)ဦး၏ျဖစ္စဥ္အား ဗီဒီယို႐ိုက္ေပးေသာ Grade-7 ေက်ာင္းသားတို႔အား ေက်ာင္းစည္းကမ္းေဖာက္ဖ်က္ျခင္းေၾကာင့္ ေက်ာင္းစည္းကမ္းထိန္းသိမ္းေရး အဖြဲ႕က အုပ္ထိန္းသူမိဘမ်ားထံ ျပန္လည္အပ္ႏွံခဲ့ပါေၾကာင္းႏွင့္ ေနာက္ေနာင္ ယခုကဲ့သို႔ကိစၥမ်ိဳး ထပ္မံ မျဖစ္ေစရန္ အသိေပး၍ လက္မွတ္ေရးထိုးေစခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ယခုျဖစ္စဥ္သည္ ၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္တြင္ ျဖစ္ပြားခဲ့ျခင္းမဟုတ္ဘဲ ယခုကဲ့သို႔ျပႆနာမ်ိဳး ထပ္မံမျဖစ္ပြားေစရန္ ေက်ာင္းစည္းကမ္းအတိုင္း ေဆာင္႐ြက္ေနေၾကာင္း ႏွင့္ စုံစမ္းဆဲ အမည္မသိအေကာင့္(Account)တစ္ခုက ယခင္ႏွစ္ ဗီဒီယိုဖိုင္အား ၁၈-၆-၂ဝ၂၅ ရက္တြင္ Social media ေပၚသို႔ ထပ္မံတင္ျပခဲ့ျခင္းသာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
ထို႔ေၾကာင့္ ဧရာဝတီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕၊ အမွတ္(၆)အေျခခံပညာအထက္တန္း ေက်ာင္းမွ ေက်ာင္းသူမ်ား ၁၈-၁၁-၂ဝ၂၄ ရက္ေန႔တြင္ ရန္ျဖစ္သည့္ဗီဒီယိုဖိုင္ Social media ေပၚ၌ ၁၈-၆-၂ဝ၂၅ ရက္ေန႔တြင္ ပ်ံ႕ႏွံ႔ေနသည့္ကိစၥႏွင့္စပ္လ်ဥ္း၍ ၁၉-၆-၂၀၂၅ ရက္ေန႔တြင္ ေျမာင္းျမခ႐ိုင္ ပညာေရးမႉး ဦးေဌးဝင္း ဥကၠ႒အျဖစ္ေဆာင္႐ြက္ေသာ ဌာနဆိုင္ရာစစ္ေဆးေရးအဖြဲ႕ျဖင့္ ျဖစ္စဥ္အား စစ္ေဆးေဆာင္႐ြက္ လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ အသိေပးထားသည္။