သင်္ဘောတက်ခွင့်ရမည်ဟုဆိုကာ လူအများအပြားကို လိမ်လည်မှုဖြစ်ပွား

 119

သက်ပိုင် (NP News) - စက်တင်ဘာလ ၁၃
ရန်ကုန်မြို့ ၊(၄၁) လမ်း၊ ဘိုကလေးစျေးအနီးရှိ Sea Empires Shipping အမည်ရှိ လိုင်စင်မဲ့သင်္ဘောသား ပို့ဆောင် ရေးအေဂျင်စီတစ်ခုက လူအများအပြားကို သင်္ဘောတက်ခွင့်ရမည်ဟုဆိုကာ လိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း NP News စုံစမ်းသိရှိရသည်။
သင်္ဘောတက်ခွင့်ရမည်ဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် သိန်း(၁၀၀) ဝန်းကျင်ခန့်ယူဆောင်ပြီးနောက် ၎င်း၏ ရုံခန်း ကို သော့ခတ်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်ပြီး လိမ်လည်ခံရသူ (၁၀၀)ဝန်းကျင်ခန့်ရှိကြောင်း လိမ်လည် ခံလိုက်ရသူများကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ကိုအဏ္ဏဝါသုတ က ပြောသည်။
“သူက လူသစ်တွေကို သင်္ဘောတက်ခွင့်ရမယ်ဆိုပြီး လိမ်တာ။ တစ်ယောက်ကို အနည်းဆုံး သိန်း(၈၀)နဲ့ သိန်း (၁၄ဝ) လောက်ကို တောင်းယူပြီးတော့ သူ့ကိုပေးထားတဲ့သင်္ဘောသားတွေရဲ့လိုင်စင်နဲ့ စာရွက်စာတမ်းတွေကို သူ့ရုံးခန်းတိုက်အောက်က လှေခါးခွင်မှာ ပစ်ထားခဲ့ပြီးတော့ ထွက်ပြေးသွားတာ။ အလိမ်ခံရတဲ့ကလေး (၁၀၀) ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ လူစာရင်းကို ပြန်စိစစ်နေပါတယ်” ဟု ၎င်းက ဆိုသည်။
Sea Empires Shipping အေဂျင်စီ၏ ပိုင်ရှင်ဆိုသူ ဦးတင်အေးကျော်သည် IMT ရေကြောင်းကောလိပ်အပတ်စဥ် (၃၁) မှ ကျောင်းဆင်းတစ်ဦးဖြစ်ပြီး၊ လိမ်လည်ခံလိုက်ရသူများတွင် လူသစ်သင်္ဘောသားများအပြင် ရေကြောင်း ကောလိပ်ဆင်းများ၏ မိသားစုဝင်များနှင့် ရေကြောင်းဦးစီးဌာန ထိပ်ပိုင်းအငြိမ်းစားအရာရှိကြီးတစ်ဦး၏ မြေးဖြစ်သူ လည်း ပါဝင်နေကြောင်း သိရသည်။
ယခုကဲ့သို့ လိမ်လည်မှုများမှာ သင်္ဘောသားလောကတွင် မကြာခဏဆိုသကဲ့သို့ဖြစ်ပွားလေ့ရှိကြောင်းနှင့် သင်္ဘော လိုက်မည့်သူများအနေဖြင့်လည်း တရားဝင်အေဂျင်စီများသို့ ဥပဒေနှင့်အညီ ဆက်သွယ်ဆွေးနွေးဆောင်ရွက်သင့် ကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးမင်းအောင်က ထောက်ပြ ပြောဆိုသည်။
“ကလေးတွေကို အလုပ်ရဖို့ဆိုပြီး ပြည်ပကို လိမ်ပြီးပို့တာတွေ၊ မဟုတ်တဲ့သင်္ဘောပေါ် ပို့တာတွေ၊ မပို့ဘဲ လိမ်ပြေး တာတွေကတော့ အများကြီးပဲ ဖြစ်နေတယ်။ အခုမှဖြစ်တာမဟုတ်ဘူး။ဘာမှ တိုင်ပင်ခြင်း၊ဆွေးနွေးခြင်းမရှိဘဲ ပြည်ပထွက်ချင်ဇောနဲ့ ထင်ရာလုပ်ပြီး ကိုယ့်အကုသိုလ် ကိုယ်ဝယ်နေသလိုမျိုး ဖြစ်နေကြရတာ။ ဒါကို ရှင်းမယ် ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာနတွေအကုန် စုပေါင်းပြီးတော့ လိမ်တဲ့သူတွေ၊ လိမ်လည်ရာမှာ ပူးပေါင်းပါဝင်သူတွေ ကို ထိထိရောက်ရောက် အရေးယူနိုင်မှပဲ ဒါတွေကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လိမ်လည်သူ Sea Empires Shipping အေဂျင်စီ၏ ပိုင်ရှင်ဖြစ်သူကို ဗိုလ်တထောင်ရဲစခန်းတွင် ဥပဒေ ပုဒ်မ၊ (၄၂၀) ၊ (ပ/၅၂၅) ဖြင့် အမှုဖွင့်လှစ်ထားပြီး ပြည်တွင်းမှ မထွက်ခွာနိုင်ရေးအတွက် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Zawgyi Version:
သေဘၤာတက္ခြင့္ရမည္ဟုဆိုကာ လူအမ်ားအျပားကို လိမ္လည္မႈျဖစ္ပြား
သက္ပိုင္ (NP News) - စက္တင္ဘာလ ၁၃
ရန္ကုန္ၿမိဳ႕ ၊(၄၁) လမ္း၊ ဘိုကေလးေစ်းအနီးရွိ Sea Empires Shipping အမည္ရွိ လိုင္စင္မဲ့သေဘၤာသား ပို႔ေဆာင္ ေရးေအဂ်င္စီတစ္ခုက လူအမ်ားအျပားကို သေဘၤာတက္ခြင့္ရမည္ဟုဆိုကာ လိမ္လည္မႈျဖစ္ပြားခဲ့ေၾကာင္း NP News စုံစမ္းသိရွိရသည္။
သေဘၤာတက္ခြင့္ရမည္ဟုဆိုကာ တစ္ဦးလွ်င္ ေငြက်ပ္ သိန္း(၁၀၀) ဝန္းက်င္ခန႔္ယူေဆာင္ၿပီးေနာက္ ၎၏ ႐ုံခန္း ကို ေသာ့ခတ္ကာ ထြက္ေျပးတိမ္းေရွာင္သြားခဲ့ျခင္းျဖစ္ၿပီး လိမ္လည္ခံရသူ (၁၀၀)ဝန္းက်င္ခန႔္ရွိေၾကာင္း လိမ္လည္ ခံလိုက္ရသူမ်ားကို လိုက္ပါကူညီေဆာင္႐ြက္ေပးေနသူ ကိုအဏၰဝါသုတ က ေျပာသည္။
“သူက လူသစ္ေတြကို သေဘၤာတက္ခြင့္ရမယ္ဆိုၿပီး လိမ္တာ။ တစ္ေယာက္ကို အနည္းဆုံး သိန္း(၈၀)နဲ႔ သိန္း (၁၄ဝ) ေလာက္ကို ေတာင္းယူၿပီးေတာ့ သူ႔ကိုေပးထားတဲ့သေဘၤာသားေတြရဲ႕လိုင္စင္နဲ႔ စာ႐ြက္စာတမ္းေတြကို သူ႔႐ုံးခန္းတိုက္ေအာက္က ေလွခါးခြင္မွာ ပစ္ထားခဲ့ၿပီးေတာ့ ထြက္ေျပးသြားတာ။ အလိမ္ခံရတဲ့ကေလး (၁၀၀) ဝန္းက်င္ေလာက္ရွိတယ္လို႔ သိရပါတယ္။ လက္ရွိမွာ လူစာရင္းကို ျပန္စိစစ္ေနပါတယ္” ဟု ၎က ဆိုသည္။
Sea Empires Shipping ေအဂ်င္စီ၏ ပိုင္ရွင္ဆိုသူ ဦးတင္ေအးေက်ာ္သည္ IMT ေရေၾကာင္းေကာလိပ္အပတ္စဥ္ (၃၁) မွ ေက်ာင္းဆင္းတစ္ဦးျဖစ္ၿပီး၊ လိမ္လည္ခံလိုက္ရသူမ်ားတြင္ လူသစ္သေဘၤာသားမ်ားအျပင္ ေရေၾကာင္း ေကာလိပ္ဆင္းမ်ား၏ မိသားစုဝင္မ်ားႏွင့္ ေရေၾကာင္းဦးစီးဌာန ထိပ္ပိုင္းအၿငိမ္းစားအရာရွိႀကီးတစ္ဦး၏ ေျမးျဖစ္သူ လည္း ပါဝင္ေနေၾကာင္း သိရသည္။
ယခုကဲ့သို႔ လိမ္လည္မႈမ်ားမွာ သေဘၤာသားေလာကတြင္ မၾကာခဏဆိုသကဲ့သို႔ျဖစ္ပြားေလ့ရွိေၾကာင္းႏွင့္ သေဘၤာ လိုက္မည့္သူမ်ားအေနျဖင့္လည္း တရားဝင္ေအဂ်င္စီမ်ားသို႔ ဥပေဒႏွင့္အညီ ဆက္သြယ္ေဆြးေႏြးေဆာင္႐ြက္သင့္ ေၾကာင္း ျမန္မာႏိုင္ငံပင္လယ္ကူးသေဘၤာသားအလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးစိုးမင္းေအာင္က ေထာက္ျပ ေျပာဆိုသည္။
“ကေလးေတြကို အလုပ္ရဖို႔ဆိုၿပီး ျပည္ပကို လိမ္ၿပီးပို႔တာေတြ၊ မဟုတ္တဲ့သေဘၤာေပၚ ပို႔တာေတြ၊ မပို႔ဘဲ လိမ္ေျပး တာေတြကေတာ့ အမ်ားႀကီးပဲ ျဖစ္ေနတယ္။ အခုမွျဖစ္တာမဟုတ္ဘူး။ဘာမွ တိုင္ပင္ျခင္း၊ေဆြးေႏြးျခင္းမရွိဘဲ ျပည္ပထြက္ခ်င္ေဇာနဲ႔ ထင္ရာလုပ္ၿပီး ကိုယ့္အကုသိုလ္ ကိုယ္ဝယ္ေနသလိုမ်ိဳး ျဖစ္ေနၾကရတာ။ ဒါကို ရွင္းမယ္ ဆိုရင္ သက္ဆိုင္ရာဝန္ႀကီးဌာနေတြအကုန္ စုေပါင္းၿပီးေတာ့ လိမ္တဲ့သူေတြ၊ လိမ္လည္ရာမွာ ပူးေပါင္းပါဝင္သူေတြ ကို ထိထိေရာက္ေရာက္ အေရးယူႏိုင္မွပဲ ဒါေတြကိုေျဖရွင္းႏိုင္မွာျဖစ္ပါတယ္” ဟု ၎က ေျပာသည္။
လက္ရွိတြင္ လိမ္လည္သူ Sea Empires Shipping ေအဂ်င္စီ၏ ပိုင္ရွင္ျဖစ္သူကို ဗိုလ္တေထာင္ရဲစခန္းတြင္ ဥပေဒ ပုဒ္မ၊ (၄၂၀) ၊ (ပ/၅၂၅) ျဖင့္ အမႈဖြင့္လွစ္ထားၿပီး ျပည္တြင္းမွ မထြက္ခြာႏိုင္ေရးအတြက္ ေဆာင္႐ြက္ထားရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.