အထည်ချုပ်စက်ရုံကား တိမ်းမှောက်ခဲ့ရာ ဝန်ထမ်း (၂ဝ)ဦးထက် မနည်းထိခိုက်ဒဏ်ရာရရှိ

 969

Pearl (NP News) - မတ် ၂၃

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်၊ အထည်ချုပ်စက်ရုံကား တိမ်းမှောက်ခဲ့ရာ ဝန်ထမ်း (၂ဝ)ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၂၂ ရက်) ၊ ညနေပိုင်းတွင် ပုသိမ်မြို့၊ ဘုရားကြီးကုန်းလမ်းမှ ပေါက်ကုန်းအထွက် တံတားအနီး၊ ဓာတ်အားခွဲရုံရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း ဘက်စုံလူမှုကူညီရေးအဖွဲ့(ပုသိမ်)ထံမှ သိရသည်။

"ကျွန်တော်တို့ကို အကြောင်းကြားလို့ လူနာသွားကောက်ပေးတာပဲ ရှိတယ်၊ ဘယ်လိုဖြစ်ပြီး မှောက်လဲတော့ မသိဘူး၊ လူနာက (၂၄)ယောက်လောက်ရှိတယ်၊ ကျွန်‌တော်တို့ ကားမှာ (၁၅)ယောက်၊ မိန်းကလေးတွေ ချည်းပဲ ၊ တခြားကားမှာတော့ ယောက်ျားလေးတွေ ပါမယ်ထင်တယ်၊ ခါးထိသွားတာကတော့ (၂)ယောက်လောက်ပါတယ်။ ကျန်တာတွေကတော့ သွေးထွက်သံယိုနဲ့ ပွန်းပဲ့တာလောက်ပဲ" ဟု ဘက်စုံ လူမှုကူညီရေးအဖွဲ့(ပုသိမ်)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ အထည်ချုပ်စက်ရုံကား တိမ်းမှောက်မှုကြောင့် (၂၄)ဦးခန့်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား ပုသိမ်ဆေး ရုံကြီးသို့ပို့ဆောင်ထားပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမဟုတ်ကြောင်း ဘက်စုံလူမှုကူညီရေးအဖွဲ့(ပုသိမ်)မှ သိရသည်။

ထို့ပြင် ယနေ့(မတ်လ ၂၃ ရက်)၊ နံနက်ပိုင်းတွင်လည်း ခရီးသည်(၁၉)ဦးထက်မနည်း လိုက်ပါလာသည့် Light Truck ကားသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ (၁ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

zawgyi version
အထည္ခ်ဳပ္စက္႐ုံကား တိမ္းေမွာက္ခဲ့ရာ ဝန္ထမ္း (၂ဝ)ဦးထက္ မနည္းထိခိုက္ဒဏ္ရာရရွိ

Pearl (NP News) - မတ္ ၂၃

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕တြင္၊ အထည္ခ်ဳပ္စက္႐ုံကား တိမ္းေမွာက္ခဲ့ရာ ဝန္ထမ္း (၂ဝ)ဦးထက္ မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၂၂ ရက္) ၊ ညေနပိုင္းတြင္ ပုသိမ္ၿမိဳ႕၊ ဘုရားႀကီးကုန္းလမ္းမွ ေပါက္ကုန္းအထြက္ တံတားအနီး၊ ဓာတ္အားခြဲ႐ုံေရွ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း ဘက္စုံလူမႈကူညီေရးအဖြဲ႕(ပုသိမ္)ထံမွ သိရသည္။

"ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားလို႔ လူနာသြားေကာက္ေပးတာပဲ ရွိတယ္၊ ဘယ္လိုျဖစ္ၿပီး ေမွာက္လဲေတာ့ မသိဘူး၊ လူနာက (၂၄)ေယာက္ေလာက္ရွိတယ္၊ ကြၽန္‌ေတာ္တို႔ ကားမွာ (၁၅)ေယာက္၊ မိန္းကေလးေတြ ခ်ည္းပဲ ၊ တျခားကားမွာေတာ့ ေယာက္်ားေလးေတြ ပါမယ္ထင္တယ္၊ ခါးထိသြားတာကေတာ့ (၂)ေယာက္ေလာက္ပါတယ္။ က်န္တာေတြကေတာ့ ေသြးထြက္သံယိုနဲ႔ ပြန္းပဲ့တာေလာက္ပဲ" ဟု ဘက္စုံ လူမႈကူညီေရးအဖြဲ႕(ပုသိမ္)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ အထည္ခ်ဳပ္စက္႐ုံကား တိမ္းေမွာက္မႈေၾကာင့္ (၂၄)ဦးခန႔္ဒဏ္ရာရရွိခဲ့ၿပီး ၎တို႔အား ပုသိမ္ေဆး ႐ုံႀကီးသို႔ပို႔ေဆာင္ထားၿပီး စိုးရိမ္ဖြယ္ရာ အေျခအေနမဟုတ္ေၾကာင္း ဘက္စုံလူမႈကူညီေရးအဖြဲ႕(ပုသိမ္)မွ သိရသည္။

ထို႔ျပင္ ယေန႔(မတ္လ ၂၃ ရက္)၊ နံနက္ပိုင္းတြင္လည္း ခရီးသည္(၁၉)ဦးထက္မနည္း လိုက္ပါလာသည့္ Light Truck ကားသည္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးေပၚတြင္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ (၁ဝ)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

Related news

© 2021. All rights reserved.