ရန်ကုန်မြစ်အတွင်း အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

864
Pearl (NP News) - မတ် ၂၅
ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင်မြို့နယ်ရှိ ရန်ကုန်မြစ်အတွင်း အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ကြောင်း ကြည့်မြင့်တိုင်ဟစ်တိုင်လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
ယနေ့ (မတ်လ ၂၅ ရက်)၊ နေ့လည်ပိုင်းတွင် ကြည့်မြင့်တိုင်မြို့နယ်၊ ငှက်ပျောစျေးအနီးရှိ ရန်ကုန်မြစ်အတွင်း၌ တွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ရေနစ်သေဆုံးသူသည် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းရုပ်အလောင်းအား လင်းလက်လူမှုကူညီရေးအသင်း နှင့် ကြည့်မြင်တိုင်ဟစ်တိုင်အသင်းတို့ပူးပေါင်းကာ ဆယ်ယူခဲ့ကြောင်း သိရသည်။
"Dead Body က ကမ်းနားပန်းခြံဘေးက သောင်မှာတင်နေတာ၊ ကျွန်တော်တို့ကိုအကြောင်းကြားလို့ ကျွန်တော်တို့သွားပြီး Body ဆယ်ပေးပြီး ဆေးရုံကြီးကိုပို့ပေးလိုက်တာ၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတော့ အသက်ကတော့ ခန့်မှန်းလို့မရဘူး" ဟု ကြည့်မြင့်တိုင်ဟစ်တိုင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် ရုပ်အလောင်းအား လင်းလက်လူမှုကူညီရေးကားဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ၏ အချက်အလက်များအား စုံစမ်းလျက်ရှိကြောင်း သိရသည်။
zawgyi version
ရန္ကုန္ျမစ္အတြင္း အမ်ိဳးသားတစ္ဦး၏ ႐ုပ္အေလာင္းေတြ႕ရွိ
Pearl (NP News) - မတ္ ၂၅
ရန္ကုန္တိုင္း၊ ၾကည့္ျမင့္တိုင္ၿမိဳ႕နယ္ရွိ ရန္ကုန္ျမစ္အတြင္း အမ်ိဳးသားတစ္ဦး၏ ႐ုပ္အေလာင္းအားေတြ႕ရွိခဲ့ေၾကာင္း ၾကည့္ျမင့္တိုင္ဟစ္တိုင္လူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။
ယေန႔ (မတ္လ ၂၅ ရက္)၊ ေန႔လည္ပိုင္းတြင္ ၾကည့္ျမင့္တိုင္ၿမိဳ႕နယ္၊ ငွက္ေပ်ာေစ်းအနီးရွိ ရန္ကုန္ျမစ္အတြင္း၌ ေတြ႕ရွိခဲ့ေၾကာင္းသိရသည္။
အဆိုပါ ေရနစ္ေသဆုံးသူသည္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ၎႐ုပ္အေလာင္းအား လင္းလက္လူမႈကူညီေရးအသင္း ႏွင့္ ၾကည့္ျမင္တိုင္ဟစ္တိုင္အသင္းတို႔ပူးေပါင္းကာ ဆယ္ယူခဲ့ေၾကာင္း သိရသည္။
"Dead Body က ကမ္းနားပန္းၿခံေဘးက ေသာင္မွာတင္ေနတာ၊ ကြၽန္ေတာ္တို႔ကိုအေၾကာင္းၾကားလို႔ ကြၽန္ေတာ္တို႔သြားၿပီး Body ဆယ္ေပးၿပီး ေဆး႐ုံႀကီးကိုပို႔ေပးလိုက္တာ၊ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ေနေတာ့ အသက္ကေတာ့ ခန႔္မွန္းလို႔မရဘူး" ဟု ၾကည့္ျမင့္တိုင္ဟစ္တိုင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
လက္ရွိတြင္ ႐ုပ္အေလာင္းအား လင္းလက္လူမႈကူညီေရးကားျဖင့္ ရန္ကုန္ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ေသဆုံးသူ၏ အခ်က္အလက္မ်ားအား စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။