အာဖဂန် နိုင်ငံခြားရေးဝန်ကြီးဌာနအနီး အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ခြောက်ဦးသေဆုံး

 272

ရောင်နီ (NP News) - မတ် ၂၈

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနအနီးမှာ အသေခံဗုံးခွဲသမားတစ်ဦးရဲ့ ဖောက်ခွဲမှု ကြောင့် အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားပါတယ်။

တိုက်ခိုက်သူကို အာဖဂန်တပ်ဖွဲ့များက ရိပ်မိပြီး ပစ်မှတ်ထားကာ နှိမ်နင်းခဲ့သော်လည်း သူသယ်ဆောင်လာတဲ့ ဖောက်ခွဲရေးပစ္စည်းများ ပေါက်ကွဲခဲ့ပြီး အရပ်သားခြောက်ဦးသေဆုံးကာ အခြားအများအပြား ဒဏ်ရာရခဲ့ကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်ဒူလ်နာဖီတာကော က မတ်လ ၂၇ ရက်၊ တနင်္လာနေ့က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ကာဘူးလ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခါလစ်ဇာဒရန် က အသေခံဗုံးခွဲသူကို ဝန်ကြီးဌာနအနီးရှိ လုံခြုံရေး စစ်ဆေးရေးဂိတ်မှာ တွေ့ရှိခဲ့ကြောင်း၊ အသေခံဗုံးခွဲသူကို ပစ်မှတ်ထားနှိမ်နင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် ပစ်မှတ်သို့ မရောက်မီ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ သေဆုံးသွားခဲ့ကြောင်း ၄င်းက ဆိုပါတယ်။

ပေါက်ကွဲမှုဟာ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် အစိုးရအဆောက်အအုံများစွာကို စောင့်ကြပ်နေတဲ့ စစ်ဆေးရေးဂိတ်တစ်ခုအနီး လူစည်ကားသောမြို့လယ်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ တာလီဘန် လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး သုံးဦး ပါဝင်တယ်လို့ သိရပါတယ်။ NGO အဖွဲ့တစ်ခုရဲ့ တွစ်တာမှ ထုတ်ပြန်ချက်အရ ဒဏ်ရာရသူများထဲမှာ အနည်းဆုံး ကလေးတစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ယခုအချိန်အထိ အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

ကဘူးလ်နဲ့ အခြားမြို့ပြဒေသများမှာ မကြာသေးမီလများအတွင်းက တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများဟာ ၄င်းတို့ လက်ချက်ဖြစ်ကြောင်း ISIL (ISIS) က အခိုင်အမာဆိုထားပါတယ်။ ISIL အဖွဲ့ဟာ ကဘူးလ်မြို့ရှိ စစ်ဘက်လေဆိပ်အနီး စစ်ဆေးရေးဂိတ်တစ်ခုအနီး ဗုံးခွဲတိုက်ခိုက်မှု၊ ဒီဇင်ဘာ လလယ်ပိုင်းက ကဘူးလ်ဟိုတယ်မှာ တိုက်ခိုက်မှုအပါအဝင် အခြားသော တိုက်ခိုက်မှုများကိုလည်း ၄င်းတို့ပြုလုပ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

တာလီဘန်အစိုးရကလည်း နိုင်ငံလုံခြုံရေးအတွက် အာရုံစိုက်လုပ်ဆောင်နေပြီး မကြာသေးမီရက်သတ္တပတ်များ အတွင်း ISIL အဖွဲ့ဝင်များအား စီးနင်းတိုက်ခိုက်မှု အများအပြား ပြုလုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အာဖဂန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနအနီး အေသခံဗုံးခြဲ တိုက္ခိုက္မႈတစ္ခုျဖစ္ပြားခဲ့ရာ လူ ေျခာက္ဦးေသဆုံး
ေရာင္နီ (NP News) - မတ္ ၂၈

အာဖဂန္နစၥတန္ႏိုင္ငံ ကဘူးလ္ၿမိဳ႕ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာနအနီးမွာ အေသခံဗုံးခြဲသမားတစ္ဦးရဲ႕ ေဖာက္ခြဲမႈ ေၾကာင့္ အနည္းဆုံး လူေျခာက္ဦး ေသဆုံးခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားပါတယ္။

တိုက္ခိုက္သူကို အာဖဂန္တပ္ဖြဲ႕မ်ားက ရိပ္မိၿပီး ပစ္မွတ္ထားကာ ႏွိမ္နင္းခဲ့ေသာ္လည္း သူသယ္ေဆာင္လာတဲ့ ေဖာက္ခြဲေရးပစၥည္းမ်ား ေပါက္ကြဲခဲ့ၿပီး အရပ္သားေျခာက္ဦးေသဆုံးကာ အျခားအမ်ားအျပား ဒဏ္ရာရခဲ့ေၾကာင္း ဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ အက္ဒူလ္နာဖီတာေကာ က မတ္လ ၂၇ ရက္၊ တနလၤာေန႔က တြစ္တာမွာ ေရးသားခဲ့ပါတယ္။

ကာဘူးလ္ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ခါလစ္ဇာဒရန္ က အေသခံဗုံးခြဲသူကို ဝန္ႀကီးဌာနအနီးရွိ လုံၿခဳံေရး စစ္ေဆးေရးဂိတ္မွာ ေတြ႕ရွိခဲ့ေၾကာင္း၊ အေသခံဗုံးခြဲသူကို ပစ္မွတ္ထားႏွိမ္နင္းဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ပစ္မွတ္သို႔ မေရာက္မီ ေပါက္ကြဲမႈျဖစ္ပြားခဲ့ကာ ေသဆုံးသြားခဲ့ေၾကာင္း ၄င္းက ဆိုပါတယ္။

ေပါက္ကြဲမႈဟာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနအပါအဝင္ အစိုးရအေဆာက္အအုံမ်ားစြာကို ေစာင့္ၾကပ္ေနတဲ့ စစ္ေဆးေရးဂိတ္တစ္ခုအနီး လူစည္ကားေသာၿမိဳ႕လယ္မွာ ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။ ဒဏ္ရာရရွိသူေတြထဲမွာ တာလီဘန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ အနည္းဆုံး သုံးဦး ပါဝင္တယ္လို႔ သိရပါတယ္။ NGO အဖြဲ႕တစ္ခုရဲ႕ တြစ္တာမွ ထုတ္ျပန္ခ်က္အရ ဒဏ္ရာရသူမ်ားထဲမွာ အနည္းဆုံး ကေလးတစ္ဦး ပါဝင္တယ္လို႔ ဆိုပါတယ္။ ယခုအခ်ိန္အထိ အဆိုပါ တိုက္ခိုက္မႈကို မည္သည့္အဖြဲ႕မွ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေသးပါဘူး။

ကဘူးလ္နဲ႔ အျခားၿမိဳ႕ျပေဒသမ်ားမွာ မၾကာေသးမီလမ်ားအတြင္းက တိုက္ခိုက္မႈမ်ား ျဖစ္ပြားခဲ့ၿပီး အဆိုပါ တိုက္ခိုက္မႈမ်ားဟာ ၄င္းတို႔ လက္ခ်က္ျဖစ္ေၾကာင္း ISIL (ISIS) က အခိုင္အမာဆိုထားပါတယ္။ ISIL အဖြဲ႕ဟာ ကဘူးလ္ၿမိဳ႕ရွိ စစ္ဘက္ေလဆိပ္အနီး စစ္ေဆးေရးဂိတ္တစ္ခုအနီး ဗုံးခြဲတိုက္ခိုက္မႈ၊ ဒီဇင္ဘာ လလယ္ပိုင္းက ကဘူးလ္ဟိုတယ္မွာ တိုက္ခိုက္မႈအပါအဝင္ အျခားေသာ တိုက္ခိုက္မႈမ်ားကိုလည္း ၄င္းတို႔ျပဳလုပ္ေၾကာင္း အခိုင္အမာ ေျပာၾကားခဲ့ပါတယ္။

တာလီဘန္အစိုးရကလည္း ႏိုင္ငံလုံၿခဳံေရးအတြက္ အာ႐ုံစိုက္လုပ္ေဆာင္ေနၿပီး မၾကာေသးမီရက္သတၱပတ္မ်ား အတြင္း ISIL အဖြဲ႕ဝင္မ်ားအား စီးနင္းတိုက္ခိုက္မႈ အမ်ားအျပား ျပဳလုပ္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.