မြောက်ကိုရီးယားက ပြီးခဲ့သည့်ရက်ပိုင်းက စမ်းသပ်ခဲ့သော လက်နက်များနှင့်ပတ်သက်ပြီး အသေးစိတ်ထုတ်ဖော်

 914

Pika (NP News) - မတ် ၂၈

မြောက်ကိုရီးယားသည် နျူကလီးယားဒရုန်းစမ်းသပ်မှု အပါအဝင် ၎င်း၏ နောက်ဆုံးစမ်းသပ်ခဲ့သော လက်နက် စမ်းသပ်မှုနှစ်ခုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်၏ စစ်သင်္ဘောတစ်စီး တောင်ကိုရီးယားသို့ မရောက်ခင်နာရီပိုင်းအလိုတွင် မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်အများအပြားကို ပင်လယ်ထဲသို့ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပြောကြား ခဲ့သည်။ မြောက်ကိုရီးယားသည် မတ်လ(၂၅)ရက်မှ (၂၇)ရက်ကြားတွင် ရေအောက်တွင် အသုံးပြုနိုင်သော နျူကလီးယားဒရုန်းအသစ်ကို စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး ရေအောက်တွင် အတိအကျဖောက်ခွဲပစ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားက လျှို့ဝှက်သောလက်နက်ဟု ခေါ်ဆိုသော အဆိုပါ နျူကလီးယားဒရုန်းအသစ်သည် ရန်သူ့ သင်္ဘောအုပ်စုများကို အမြစ်ပြတ်ချေမှုန်းနိုင်သလို ရေအောက်တွင် ဖောက်ခွဲကာ ရေဒီယိုသတ္တိကြွဆူနာမီလှိုင်းများ ကို ဖန်တီးနိုင်ကြောင်း မြောက်ကိုရီးယားစစ်တပ်က အခိုင်အမာပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် အဆိုပါဒရုန်းကို ရေအောက်တွင် (၄၁)နာရီကြာ စမ်းသပ်အသုံးပြုခဲ့ပြီးနောက် အရှေ့ဖက် ကမ်းရိုးတန်းရေပြင်တွင် ဖောက်ခွဲပစ်ခဲ့ကြောင်း KCNA သတင်းဌာနက ပြောကြားခဲ့သည်။ အခြားသော စစ်ရေး လေ့ကျင့်မှုတစ်ခုတွင် မြောက်ကိုရီးယားသည် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်စွမ်းရှိသော ဗဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် ရန်သူများကို သေချာပေါက် ချေမှုန်းပစ်နိုင်သည်ဆိုသည့်အချက်ကို အဆိုပါ စမ်းသပ် ပစ်လွှတ်မှုများက အတည်ပြုပေးနိုင်ခဲ့ကြောင်း ဒုံးကျည်ပစ်လွှတ်သည့်တပ်ဖွဲ့၏ တပ်မှူးက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း က "မြောက်ကိုရီးယားရဲ့နျူကလီးယားတပ်ဖွဲ့တွေကို ပိုမို အားကောင်းလာစေဖို့ လုပ်ဆောင်ဖို့လိုပါတယ်။ ပဋိပက္ခဖြစ်ပွားရင် အသုံးပြုဖို့ ပြင်ဆင်ထားတဲ့ နျူကလီးယား တန်ပြန်ရေးအစီအစဥ်တွေကို ကျွန်တော် ပြန်လည်သုံးသပ်ခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။

အမေရိကန်၊ တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားတို့ကြား တင်းမာမှုများမြင့်တက်လာချိန်တွင် အမေရိကန် သည် ကိုရီးယားကျွန်းဆွယ်တွင် တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုများသည် ကျူးကျော်မှုများ လုပ်ဆောင်ရန်အတွက် လေ့ကျင့်နေခြင်းဖြစ် ကြောင်း မြောက်ကိုရီးယားက ပြစ်တင်ပြောဆိုခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယားသည် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများ အပါအဝင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို စံချိန်တင်ပြုလုပ်ခဲ့ပြီး အမေရိကန်က ပြစ်တင်ဝေဖန်ခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ေျမာက္ကိုရီးယားက ၿပီးခဲ့သည့္ရက္ပိုင္းက စမ္းသပ္ခဲ့ေသာ လက္နက္မ်ားႏွင့္ပတ္သက္ၿပီး အေသးစိတ္ထုတ္ေဖာ္
Pika (NP News) - မတ္ ၂၈

ေျမာက္ကိုရီးယားသည္ န်ဴကလီးယားဒ႐ုန္းစမ္းသပ္မႈ အပါအဝင္ ၎၏ ေနာက္ဆုံးစမ္းသပ္ခဲ့ေသာ လက္နက္ စမ္းသပ္မႈႏွစ္ခုႏွင့္ပတ္သက္သည့္ အေသးစိတ္အခ်က္အလက္မ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္း သိရသည္။

အေမရိကန္၏ စစ္သေဘၤာတစ္စီး ေတာင္ကိုရီးယားသို႔ မေရာက္ခင္နာရီပိုင္းအလိုတြင္ ေျမာက္ကိုရီးယားသည္ ပဲ့ထိန္းဒုံးက်ည္အမ်ားအျပားကို ပင္လယ္ထဲသို႔ပစ္လႊတ္ခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္တပ္က ထုတ္ျပန္ေျပာၾကား ခဲ့သည္။ ေျမာက္ကိုရီးယားသည္ မတ္လ(၂၅)ရက္မွ (၂၇)ရက္ၾကားတြင္ ေရေအာက္တြင္ အသုံးျပဳႏိုင္ေသာ န်ဴကလီးယားဒ႐ုန္းအသစ္ကို စမ္းသပ္မႈမ်ားျပဳလုပ္ခဲ့ၿပီး ေရေအာက္တြင္ အတိအက်ေဖာက္ခြဲပစ္ႏိုင္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

ေျမာက္ကိုရီးယားက လွ်ိဳ႕ဝွက္ေသာလက္နက္ဟု ေခၚဆိုေသာ အဆိုပါ န်ဴကလီးယားဒ႐ုန္းအသစ္သည္ ရန္သူ႔ သေဘၤာအုပ္စုမ်ားကို အျမစ္ျပတ္ေခ်မႈန္းႏိုင္သလို ေရေအာက္တြင္ ေဖာက္ခြဲကာ ေရဒီယိုသတၱိႂကြဆူနာမီလႈိင္းမ်ား ကို ဖန္တီးႏိုင္ေၾကာင္း ေျမာက္ကိုရီးယားစစ္တပ္က အခိုင္အမာေျပာၾကားခဲ့သည္။

ေျမာက္ကိုရီးယားသည္ အဆိုပါဒ႐ုန္းကို ေရေအာက္တြင္ (၄၁)နာရီၾကာ စမ္းသပ္အသုံးျပဳခဲ့ၿပီးေနာက္ အေရွ႕ဖက္ ကမ္း႐ိုးတန္းေရျပင္တြင္ ေဖာက္ခြဲပစ္ခဲ့ေၾကာင္း KCNA သတင္းဌာနက ေျပာၾကားခဲ့သည္။ အျခားေသာ စစ္ေရး ေလ့က်င့္မႈတစ္ခုတြင္ ေျမာက္ကိုရီးယားသည္ န်ဴကလီးယားထိပ္ဖူး တပ္ဆင္ႏိုင္စြမ္းရွိေသာ ဗဟာဗ်ဴဟာေျမာက္ ပဲ့ထိန္းဒုံးက်ည္မ်ားကို စမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္း သိရသည္။

ေျမာက္ကိုရီးယားသည္ ရန္သူမ်ားကို ေသခ်ာေပါက္ ေခ်မႈန္းပစ္ႏိုင္သည္ဆိုသည့္အခ်က္ကို အဆိုပါ စမ္းသပ္ ပစ္လႊတ္မႈမ်ားက အတည္ျပဳေပးႏိုင္ခဲ့ေၾကာင္း ဒုံးက်ည္ပစ္လႊတ္သည့္တပ္ဖြဲ႕၏ တပ္မႉးက ေျပာၾကားခဲ့သည္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္း က "ေျမာက္ကိုရီးယားရဲ႕န်ဴကလီးယားတပ္ဖြဲ႕ေတြကို ပိုမို အားေကာင္းလာေစဖို႔ လုပ္ေဆာင္ဖို႔လိုပါတယ္။ ပဋိပကၡျဖစ္ပြားရင္ အသုံးျပဳဖို႔ ျပင္ဆင္ထားတဲ့ န်ဴကလီးယား တန္ျပန္ေရးအစီအစဥ္ေတြကို ကြၽန္ေတာ္ ျပန္လည္သုံးသပ္ခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။

အေမရိကန္၊ ေတာင္ကိုရီးယား ႏွင့္ ေျမာက္ကိုရီးယားတို႔ၾကား တင္းမာမႈမ်ားျမင့္တက္လာခ်ိန္တြင္ အေမရိကန္ သည္ ကိုရီးယားကြၽန္းဆြယ္တြင္ ေတာင္ကိုရီးယားႏွင့္ စစ္ေရးေလ့က်င့္မႈမ်ား အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ အဆိုပါစစ္ေရးေလ့က်င့္မႈမ်ားသည္ က်ဴးေက်ာ္မႈမ်ား လုပ္ေဆာင္ရန္အတြက္ ေလ့က်င့္ေနျခင္းျဖစ္ ေၾကာင္း ေျမာက္ကိုရီးယားက ျပစ္တင္ေျပာဆိုခဲ့သည္။

အဆိုပါ စစ္ေရးေလ့က်င့္မႈမ်ားကို လက္တုံ႔ျပန္သည့္အေနျဖင့္ ေျမာက္ကိုရီးယားသည္ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ စမ္းသပ္ပစ္လႊတ္မႈမ်ား အပါအဝင္ ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈမ်ားကို စံခ်ိန္တင္ျပဳလုပ္ခဲ့ၿပီး အေမရိကန္က ျပစ္တင္ေဝဖန္ခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.