နာမည်ကြီးထိုင်းအဆိုတော်၏ ဖျော်ဖြေပွဲကို တက်ရောက်ခဲ့သော ထိုင်းအလုပ်သမား(၁၆ဝ) နီးပါးကို တောင်ကိုရီးယားရဲတပ်ဖွဲ့ ဖမ်းဆီး

 1160

Pika (NP News) - မတ် ၂၈

တောင်ကိုရီးယားတွင် နာမည်ကြီးထိုင်းအဆိုတော်တစ်ဦး၏ ဖျော်ဖြေပွဲသို့တက်ရောက်ရန် စားသောက်ဆိုင်နှစ်ဆိုင် သို့သွားရောက်လည်ပတ်ခဲ့သည့် တရားမဝင် ထိုင်းရွှေ့ပြောင်းအလုပ်သမား(၁၅၈)ဦးကို တောင်ကိုရီးယားရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်အပြီးတွင် ထိုင်းအဆိုတော်က ယခုကဲ့သို့ဖြစ်သွားသည့်အတွက် နောင်တရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး တောင်းပန်သည့် ဗီဒီယိုကို TikTok ပေါ်တွင် တင်ခဲ့ကြောင်းသိရသည်။ Chutima Sodapak ဟု လူသိများသော နာမည်ကြီးထိုင်းအဆိုတော် Arm Chutima သည် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ ဘားနှစ်ခု တွင် ကျင်းပသည့် ဖျော်ဖြေပွဲများတွင် ပါဝင်ဖျော်ဖြေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Arm Chutima သည် အင်ချွန်းမြို့ရှိ ဘားတစ်ခုတွင် ဖျော်ဖြေနေစဥ် ရဲတပ်ဖွဲ့၏ ဝင်ရောက်စီးနင်းမှုကိုခံခဲ့ရပြီး တရားမဝင်ထိုင်းရွှေ့ပြောင်းအလုပ်သမား (၁၄၉) ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ အဆိုပါဖြစ်ရပ်များ ဖြစ်ပွားပြီး နောက် Arm Chutima သည် ဒုတိယမြောက်ဘားတစ်ခုတွင် ထပ်မံဖျော်ဖြေနေစဥ် တရားမဝင်ထိုင်းရွှေ့ပြောင်း အလုပ်သမား နောက်ထပ် (၉)ဦး ထပ်မံ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါထိုင်း‌ရွှေ့ပြောင်း အလုပ်သမားအားလုံးသည် တောင်ကိုရီးယားနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းတို့ အတွက် ဒဏ်ငွေရိုက်ခံခဲ့ရကြောင်းလည်း သိရသည်။

တောင်ကိုရီးယားနိုင်ငံတွင် တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ခြင်းအတွက် ထိုင်းရွှေ့ပြောင်းအလုပ်သမား တစ်ဦးချင်းစီသည် ဘတ်ငွေ(၈)သိန်းစီ ဒဏ်ငွေရိုက်ခံခဲ့ရကြောင်း သိရသည်။ Arm Chutimaက ၎င်း၏ ဖျော်ဖြေပွဲများအတွင်း ထိုင်းအလုပ်သမားများ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး အပြစ်ရှိသည်ဟု ခံစားမိကြောင်းနှင့် တောင်းပန်စကားပြောဆိုခဲ့သည့်ဗီဒီယိုဖိုင်ကို ၎င်း၏ TikTok အကောင့် arm_chutima တွင် တင်ခဲ့ကြောင်းလည်း သိရသည်။

ဗီဒီယိုဖိုင်ထဲတွင် "အခုလိုတွေ ဖြစ်သွားတဲ့အတွက် ကျွန်မ တကယ်ကိုတောင်းပန်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ မှာရှိတဲ့ ထိုင်းနိုင်ငံသားတွေ အားလုံးကိုလည်း ကျွန်မဆီကိုလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ အလုပ်တွေ ပင်ပန်းနေကြရင် ကျွန်မ ဖျော်ဖြေတာတွေကို နားထောင်ကြရင်း လာရောက် အပန်းဖြေကြပါ။ ထိုင်းနိုင်ငံမှာ ကျန်ရှိခဲ့တဲ့ မိသားစုတွေ အားလုံးက သူတို့ရဲ့မိသားစုဝင်နဲ့ပြန်လည်တွေ့ဆုံဖို့စောင့်မျှော်နေကြတာပါ" ဟု ပြောခဲ့သည်။

ထို့အပြင် ဖျော်ဖြေပွဲများမစခင် ပရိသတ်များအဖမ်းဆီးခံခဲ့ရခြင်းကြောင့် ဖျော်ဖြေပွဲများတွင် သီချင်းဆက်လက် ဆိုခွင့်မရခဲ့သည့်အတွက်လည်း စိတ်ပျက်မိကြောင်း Arm Chutima က ဝန်ခံပြောဆိုခဲ့သည်။ TikTok ရှိ Arm Chutima ၏ ဖော်လိုဝါများသည် အားပေးစကားများပြောဆိုခဲ့ကြပြီး ယခုကဲ့သို့အဖမ်းခံရခြင်းမှာ ၎င်း၏ အပြစ် မဟုတ်ကြောင်းလည်း ပြောခဲ့ကြသည်။

Zawgyi Version;
နာမည္ႀကီးထိုင္းအဆိုေတာ္၏ ေဖ်ာ္ေျဖပြဲကို တက္ေရာက္ခဲ့ေသာ ထိုင္းအလုပ္သမား(၁၆ဝ) နီးပါးကို ေတာင္ကိုရီးယားရဲတပ္ဖြဲ႕ ဖမ္းဆီး
Pika (NP News) - မတ္ ၂၈

ေတာင္ကိုရီးယားတြင္ နာမည္ႀကီးထိုင္းအဆိုေတာ္တစ္ဦး၏ ေဖ်ာ္ေျဖပြဲသို႔တက္ေရာက္ရန္ စားေသာက္ဆိုင္ႏွစ္ဆိုင္ သို႔သြားေရာက္လည္ပတ္ခဲ့သည့္ တရားမဝင္ ထိုင္းေ႐ႊ႕ေျပာင္းအလုပ္သမား(၁၅၈)ဦးကို ေတာင္ကိုရီးယားရဲတပ္ဖြဲ႕ က ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္ရပ္အၿပီးတြင္ ထိုင္းအဆိုေတာ္က ယခုကဲ့သို႔ျဖစ္သြားသည့္အတြက္ ေနာင္တရေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ၿပီး ေတာင္းပန္သည့္ ဗီဒီယိုကို TikTok ေပၚတြင္ တင္ခဲ့ေၾကာင္းသိရသည္။ Chutima Sodapak ဟု လူသိမ်ားေသာ နာမည္ႀကီးထိုင္းအဆိုေတာ္ Arm Chutima သည္ ေတာင္ကိုရီးယားႏိုင္ငံ အင္ခြၽန္းၿမိဳ႕ရွိ ဘားႏွစ္ခု တြင္ က်င္းပသည့္ ေဖ်ာ္ေျဖပြဲမ်ားတြင္ ပါဝင္ေဖ်ာ္ေျဖခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Arm Chutima သည္ အင္ခြၽန္းၿမိဳ႕ရွိ ဘားတစ္ခုတြင္ ေဖ်ာ္ေျဖေနစဥ္ ရဲတပ္ဖြဲ႕၏ ဝင္ေရာက္စီးနင္းမႈကိုခံခဲ့ရၿပီး တရားမဝင္ထိုင္းေ႐ႊ႕ေျပာင္းအလုပ္သမား (၁၄၉) ဦး ဖမ္းဆီးခံခဲ့ရေၾကာင္း သိရသည္။ အဆိုပါျဖစ္ရပ္မ်ား ျဖစ္ပြားၿပီး ေနာက္ Arm Chutima သည္ ဒုတိယေျမာက္ဘားတစ္ခုတြင္ ထပ္မံေဖ်ာ္ေျဖေနစဥ္ တရားမဝင္ထိုင္းေ႐ႊ႕ေျပာင္း အလုပ္သမား ေနာက္ထပ္ (၉)ဦး ထပ္မံ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါထိုင္း‌ေ႐ႊ႕ေျပာင္း အလုပ္သမားအားလုံးသည္ ေတာင္ကိုရီးယားႏိုင္ငံသို႔ တရားမဝင္ဝင္ေရာက္လာျခင္းႏွင့္ အလုပ္လုပ္ကိုင္ျခင္းတို႔ အတြက္ ဒဏ္ေငြ႐ိုက္ခံခဲ့ရေၾကာင္းလည္း သိရသည္။

ေတာင္ကိုရီးယားႏိုင္ငံတြင္ တရားမဝင္ ဝင္ေရာက္အလုပ္လုပ္ကိုင္ျခင္းအတြက္ ထိုင္းေ႐ႊ႕ေျပာင္းအလုပ္သမား တစ္ဦးခ်င္းစီသည္ ဘတ္ေငြ(၈)သိန္းစီ ဒဏ္ေငြ႐ိုက္ခံခဲ့ရေၾကာင္း သိရသည္။ Arm Chutimaက ၎၏ ေဖ်ာ္ေျဖပြဲမ်ားအတြင္း ထိုင္းအလုပ္သမားမ်ား ဖမ္းဆီးခံရျခင္းႏွင့္ပတ္သက္ၿပီး အျပစ္ရွိသည္ဟု ခံစားမိေၾကာင္းႏွင့္ ေတာင္းပန္စကားေျပာဆိုခဲ့သည့္ဗီဒီယိုဖိုင္ကို ၎၏ TikTok အေကာင့္ arm_chutima တြင္ တင္ခဲ့ေၾကာင္းလည္း သိရသည္။

ဗီဒီယိုဖိုင္ထဲတြင္ "အခုလိုေတြ ျဖစ္သြားတဲ့အတြက္ ကြၽန္မ တကယ္ကိုေတာင္းပန္ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံ မွာရွိတဲ့ ထိုင္းႏိုင္ငံသားေတြ အားလုံးကိုလည္း ကြၽန္မဆီကိုလာခဲ့ဖို႔ ဖိတ္ေခၚပါတယ္။ အလုပ္ေတြ ပင္ပန္းေနၾကရင္ ကြၽန္မ ေဖ်ာ္ေျဖတာေတြကို နားေထာင္ၾကရင္း လာေရာက္ အပန္းေျဖၾကပါ။ ထိုင္းႏိုင္ငံမွာ က်န္ရွိခဲ့တဲ့ မိသားစုေတြ အားလုံးက သူတို႔ရဲ႕မိသားစုဝင္နဲ႔ျပန္လည္ေတြ႕ဆုံဖို႔ေစာင့္ေမွ်ာ္ေနၾကတာပါ" ဟု ေျပာခဲ့သည္။

ထို႔အျပင္ ေဖ်ာ္ေျဖပြဲမ်ားမစခင္ ပရိသတ္မ်ားအဖမ္းဆီးခံခဲ့ရျခင္းေၾကာင့္ ေဖ်ာ္ေျဖပြဲမ်ားတြင္ သီခ်င္းဆက္လက္ ဆိုခြင့္မရခဲ့သည့္အတြက္လည္း စိတ္ပ်က္မိေၾကာင္း Arm Chutima က ဝန္ခံေျပာဆိုခဲ့သည္။ TikTok ရွိ Arm Chutima ၏ ေဖာ္လိုဝါမ်ားသည္ အားေပးစကားမ်ားေျပာဆိုခဲ့ၾကၿပီး ယခုကဲ့သို႔အဖမ္းခံရျခင္းမွာ ၎၏ အျပစ္ မဟုတ္ေၾကာင္းလည္း ေျပာခဲ့ၾကသည္။

Related news

© 2021. All rights reserved.