ထိုင်ဝမ်ရေလက်ကြား နှစ်ခုလုံးတွင် နေထိုင်သူများက တရုတ်လူမျိုးများဖြစ်ကြောင်း ထိုင်ဝမ်သမ္မတဟောင်း ပြော

 818

Pika (NP News) - မတ် ၂၈

ထိုင်ဝမ်သမ္မတဟောင်း Ma Ying-jeou သည် တရုတ်နိုင်ငံသို့ ပထမဆုံးသွားရောက်လည်ပတ်သည့်အချိန်အတွင်း ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်လုံးတွင် နေထိုင်သူအားလုံးသည် တူညီသောဘိုးဘေးများမှ ဆင်းသက်လာသော တရုတ်လူမျိုးများသာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုင်ဝမ်သမ္မတဟောင်း တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်ခြင်းကို ထိုင်ဝမ်အာဏာရပါတီက ပြစ်တင်ရှုတ်ချခဲ့ ကြောင်းလည်း သိရသည်။ (၂၀၀၈)ခုနှစ် မှ (၂၀၁၆) ခုနှစ်အထိ ထိုင်ဝမ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Ma Ying-jeou ၏ ခရီးစဥ်သည် (၁၉၄၉) ခုနှစ်နောက်ပိုင်း ထိုင်ဝမ်လက်ရှိသမ္မတ (သို့မဟုတ်) ထိုင်ဝမ်သမ္မတ ဟောင်းတစ်ဦး တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်လည်ပတ်သည့် ခရီးစဥ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

တရုတ်နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရန်အတွက် ထိုင်ဝမ်ကို စစ်ရေးနှင့် နိုင်ငံရေးအရ ဖိအားများပေးနေခြင်း ကြောင့် တရုတ် နှင့် ထိုင်ဝမ်ကြားတင်းမာမှုများ မြင့်တက်နေချိန်တွင် ထိုင်ဝမ်သမ္မတဟောင်းက ယခုကဲ့သို့ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ်သမ္မတဟောင်း Ma Ying-jeou သည် (၁၉၁၁)ခုနှစ်တွင် တရုတ်ဧကရာဇ်မင်းကို ဖြုတ်ချပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံတော်အဖြစ် တည်ထောင်နိုင်ခဲ့သည့် Sun Yat-sen ၏ ဂူဗိမာန်ရှိရာ Nanjing မြို့ကို သွားရောက်လည်ပတ်ခဲ့ကြောင်းလည်း သိရသည်။

Ma Ying-jeou က "ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်လုံးမှာနေထိုင်တဲ့ လူအားလုံးဟာ တရုတ်လူမျိုးတွေဖြစ်သလို Yan နဲ့ Yellow Emperors တို့ရဲ့မျိုးဆက်တွေပါပဲ" ဟု ပြောဆိုခဲ့သည်။

သို့သော်လည်း ကောက်ယူထားသော စစ်တမ်းများအရ ထိုင်ဝမ်အများစုသည် ကိုယ့်ကိုကိုယ် တရုတ်လူမျိုးအဖြစ် သတ်မှတ်ခြင်းမျိုး မရှိတော့ကြောင်းလည်း သိရသည်။ ထိုင်ဝမ်သမ္မတဟောင်း Ma Ying-jeou က တရုတ်နိုင်ငံနှင့် ငြိမ်းချမ်းရေးပြန်လည်ရရှိရန်အတွက် မျှော်လင့်မိကြောင်းလည်းပြောဆိုခဲ့သည်။ Ma Ying-jeou က "ငြိမ်းချမ်းရေး ကို လိုက်စားဖို့၊ စစ်ဖြစ်ပွားတာကိုရှောင်ဖို့ နဲ့ တရုတ်နိုင်ငံကို ပြန်လည်အသက်သွင်းဖို့ နှစ်ဖက်လုံးက အတူတကွ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်။ ဒါဟာ ရေလက်ကြားနှစ်ဖက်လုံးမှာ နေထိုင်တဲ့ တရုတ်လူမျိုးတွေရဲ့ရှောင်လွှဲလို့မရတဲ့တာဝန်တစ်ခုဖြစ်ပြီး အတူတကွကြိုးစားပြီး ပူးပေါင်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ထိုင္ဝမ္ေရလက္ၾကား ႏွစ္ခုလုံးတြင္ ေနထိုင္သူမ်ားက တ႐ုတ္လူမ်ိဳးမ်ားျဖစ္ေၾကာင္း ထိုင္ဝမ္သမၼတေဟာင္း ေျပာ
Pika (NP News) - မတ္ ၂၈

ထိုင္ဝမ္သမၼတေဟာင္း Ma Ying-jeou သည္ တ႐ုတ္ႏိုင္ငံသို႔ ပထမဆုံးသြားေရာက္လည္ပတ္သည့္အခ်ိန္အတြင္း ထိုင္ဝမ္ေရလက္ၾကားႏွစ္ဖက္လုံးတြင္ ေနထိုင္သူအားလုံးသည္ တူညီေသာဘိုးေဘးမ်ားမွ ဆင္းသက္လာေသာ တ႐ုတ္လူမ်ိဳးမ်ားသာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

ထိုင္ဝမ္သမၼတေဟာင္း တ႐ုတ္ႏိုင္ငံသို႔သြားေရာက္လည္ပတ္ျခင္းကို ထိုင္ဝမ္အာဏာရပါတီက ျပစ္တင္ရႈတ္ခ်ခဲ့ ေၾကာင္းလည္း သိရသည္။ (၂၀၀၈)ခုႏွစ္ မွ (၂၀၁၆) ခုႏွစ္အထိ ထိုင္ဝမ္သမၼတအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေသာ Ma Ying-jeou ၏ ခရီးစဥ္သည္ (၁၉၄၉) ခုႏွစ္ေနာက္ပိုင္း ထိုင္ဝမ္လက္ရွိသမၼတ (သို႔မဟုတ္) ထိုင္ဝမ္သမၼတ ေဟာင္းတစ္ဦး တ႐ုတ္ႏိုင္ငံသို႔ ပထမဆုံးအႀကိမ္သြားေရာက္လည္ပတ္သည့္ ခရီးစဥ္တစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။

တ႐ုတ္ႏွင့္ ၿငိမ္းခ်မ္းစြာ ျပန္လည္ေပါင္းစည္းရန္အတြက္ ထိုင္ဝမ္ကို စစ္ေရးႏွင့္ ႏိုင္ငံေရးအရ ဖိအားမ်ားေပးေနျခင္း ေၾကာင့္ တ႐ုတ္ ႏွင့္ ထိုင္ဝမ္ၾကားတင္းမာမႈမ်ား ျမင့္တက္ေနခ်ိန္တြင္ ထိုင္ဝမ္သမၼတေဟာင္းက ယခုကဲ့သို႔ သြားေရာက္လည္ပတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္ဝမ္သမၼတေဟာင္း Ma Ying-jeou သည္ (၁၉၁၁)ခုႏွစ္တြင္ တ႐ုတ္ဧကရာဇ္မင္းကို ျဖဳတ္ခ်ၿပီး တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံေတာ္အျဖစ္ တည္ေထာင္ႏိုင္ခဲ့သည့္ Sun Yat-sen ၏ ဂူဗိမာန္ရွိရာ Nanjing ၿမိဳ႕ကို သြားေရာက္လည္ပတ္ခဲ့ေၾကာင္းလည္း သိရသည္။

Ma Ying-jeou က "ထိုင္ဝမ္ေရလက္ၾကားႏွစ္ဖက္လုံးမွာေနထိုင္တဲ့ လူအားလုံးဟာ တ႐ုတ္လူမ်ိဳးေတြျဖစ္သလို Yan နဲ႔ Yellow Emperors တို႔ရဲ႕မ်ိဳးဆက္ေတြပါပဲ" ဟု ေျပာဆိုခဲ့သည္။


သို႔ေသာ္လည္း ေကာက္ယူထားေသာ စစ္တမ္းမ်ားအရ ထိုင္ဝမ္အမ်ားစုသည္ ကိုယ့္ကိုကိုယ္ တ႐ုတ္လူမ်ိဳးအျဖစ္ သတ္မွတ္ျခင္းမ်ိဳး မရွိေတာ့ေၾကာင္းလည္း သိရသည္။ ထိုင္ဝမ္သမၼတေဟာင္း Ma Ying-jeou က တ႐ုတ္ႏိုင္ငံႏွင့္ ၿငိမ္းခ်မ္းေရးျပန္လည္ရရွိရန္အတြက္ ေမွ်ာ္လင့္မိေၾကာင္းလည္းေျပာဆိုခဲ့သည္။ Ma Ying-jeou က "ၿငိမ္းခ်မ္းေရး ကို လိုက္စားဖို႔၊ စစ္ျဖစ္ပြားတာကိုေရွာင္ဖို႔ နဲ႔ တ႐ုတ္ႏိုင္ငံကို ျပန္လည္အသက္သြင္းဖို႔ ႏွစ္ဖက္လုံးက အတူတကြ ပူးေပါင္းေဆာင္႐ြက္ၾကမယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္မိပါတယ္။ ဒါဟာ ေရလက္ၾကားႏွစ္ဖက္လုံးမွာ ေနထိုင္တဲ့ တ႐ုတ္လူမ်ိဳးေတြရဲ႕ေရွာင္လႊဲလို႔မရတဲ့တာဝန္တစ္ခုျဖစ္ၿပီး အတူတကြႀကိဳးစားၿပီး ပူးေပါင္းလုပ္ေဆာင္ရမွာျဖစ္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

Picture

L Mone

29/03/2023 07:33

မာရင်ဂျိူးရေ လူဝါတွေက ခွေးတွေလိုပဲ သစ္စာတော့ ရှိကြတယ် ခွေးတွေလိုပဲ ဦးနှောက်က မရှိဘူးဗျ။ခင်ဗျားတို့နိုင်ငံက ခွေးမကြီးက ဦးနှောက်သုံးနေတာလား (တိုင်းပြည်အတွက်)ဒါမှမဟုတ်ရင် ရုပ်သေးရုပ်ကြီးပမာ သူသာ ကျွန်မဘဝ ဖြစ် နေတာလား (အမေရိးကန်) စဥ်းစားမိ၏

Related news

© 2021. All rights reserved.