ယူကရိန်းက Zaporizhzhia နျူကလီးယားစက်ရုံမှာ ရေအေးပြတ်လပ်မှုနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် စိုးရိမ်နေ

 709

ရောင်နီ (NP News) - မတ် ၂၉

ရုရှားတပ်ဖွဲ့တွေက စက်ရုံကို ထောက်ပံ့ပေးတဲ့ ရေလှောင်ကန်မှ ရေတွေကို ဖွင့်ချထားတာကြောင့် နွေရာသီနှောင်းပိုင်းမှာ Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံဟာ ဓာတ်ပေါင်းဖိုများ အအေးပေးဖို့အတွက် ရေပြတ်လပ်မှုနဲ့ ကြုံတွေ့ရနိုင်ကြောင်း ယူကရိန်းက ဆိုပါတယ်။

နိုင်ငံပိုင် Ukrhydroenergo ရေအားလျှပ်စစ်ထုတ်လုပ်ရေးကုမ္ပဏီမှ ညွှန်ကြားရေးမှူးချုပ် အိုင်ဟောဆေရိုတာကတော့ ပြီးခဲ့တဲ့ နှစ်အတွင်း ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ထားတဲ့ ဥရောပရဲ့ အကြီးဆုံး နျူကလီးယားစက်ရုံအတွက် ချက်ချင်းအန္တရာယ်မရှိကြောင်း ဆိုပါတယ်။ ဒါပေမယ့် ရုရှား သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားအပါအဝင် ယူကရိန်းတောင်ပိုင်းက လူသန်းပေါင်းများစွာကို ထောက်ပံ့ပေးတဲ့ ဒီနီပရိုမြစ်ပေါ်ရှိ Kakhovka ရေလှောင်ကန်မှ ရေတွေ ထပ်ပြီးကျဆင်းသွားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာကို စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရေလှောင်ကန်ကို ထိန်းချုပ်နေတဲ့ ရုရှားတပ်များနဲ့ Kakhovka ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနဲ့ဆည်မှာလည်း ရေထိန်းတံခါးများမှတစ်ဆင့် ရေဖွင့်ချထားတာကြောင့် ရေအဆင့်ကျဆင်းသွားနိုင်ကြောင်း ၎င်းက ဆိုပါတယ်။ နျူကလီးယား စက်ရုံများဟာ ၎င်းတို့ရဲ့ ဓာတ်ပေါင်းဖိုများကို အေးစေဖို့ နဲ့ နျူကလီးယား အရည်ပျော်ကျမှုကို ကာကွယ်ဖို့ ရေအလုံအလောက် လိုအပ်ပါတယ်။ Zaporizhzhia စက်ရုံဟာ ၎င်းရဲ့ ဓာတ်ပေါင်းဖိုများ ပိတ်သွားသော်လည်း အအေးခံဖို့အတွက် ရေလိုအပ်ဆဲဖြစ်ကြောင်း ဆေရိုတာ မှ ပြောကြားခဲ့ပါတယ်။

"နွေရာသီမှာ (အအေးခံဖို့ ရေမရှိခြင်းဟာ) ပြဿနာတစ်ခု ပေါ်လာနိုင်တယ်" လို့ ဆေရိုတာ က ပြောကြားပြီး ရေထိန်းတံခါးများအားလုံးကို ဖွင့်ထားမယ်ဆိုရင် ရက်ပိုင်းအတွင်း ရေပြတ် လပ်နိုင်တယ်လို့ ဆိုပါတယ်။ သိမ်းပိုက်ခံထားရတဲ့ နယ်မြေကို ပြန်လည်သိမ်းပိုက်ဖို့ စီစဉ်ထားတဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို ရည်ညွှန်းပြီး “အဲဒီအခြေအနေမျိုး မရောက်နိုင်ဘူးလို့ မျှော်လင့်ပါတယ်" လို့ ၄င်းက ပြောကြားပါတယ်။

နိုင်ငံပိုင်နျူကလီးယားစွမ်းအင်ကုမ္ပဏီ Energoatom က ယခင်လက ရေလှောင်ကန်ရှိ ရေမျက်နှာပြင်ဟာ ပုံမှန်အားဖြင့် ၁၆ မီတာရှိသော်လည်း ယခု ၁၃ ဒသမ ၈ မီတာသို့ ကျဆင်းသွားကြောင်း ပြောကြားပါတယ်။

ရုရှားဟာ အိမ်နီးချင်း ယူကရိန်းကို ၂ဝ၂၂ ခုနှစ်၊ အစောပိုင်းက ကျူးကျော်လာခဲ့ပြီး ယခုထိ လူအသေအပျောက်များတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

Zawgyi Version;
ယူကရိန္းက Zaporizhzhia န်ဴကလီးယားစက္႐ုံမွာ ေရေအးျပတ္လပ္မႈနဲ႔ ရင္ဆိုင္ရႏိုင္တာေၾကာင့္ စိုးရိမ္ေန
ရောင်နီ (NP News) - မတ္ ၂၉

႐ုရွားတပ္ဖြဲ႕ေတြက စက္႐ုံကို ေထာက္ပံ့ေပးတဲ့ ေရေလွာင္ကန္မွ ေရေတြကို ဖြင့္ခ်ထားတာေၾကာင့္ ေႏြရာသီေႏွာင္းပိုင္းမွာ Zaporizhzhia န်ဴကလီးယားဓာတ္အားေပးစက္႐ုံဟာ ဓာတ္ေပါင္းဖိုမ်ား အေအးေပးဖို႔အတြက္ ေရျပတ္လပ္မႈနဲ႔ ႀကဳံေတြ႕ရႏိုင္ေၾကာင္း ယူကရိန္းက ဆိုပါတယ္။

ႏိုင္ငံပိုင္ Ukrhydroenergo ေရအားလွ်ပ္စစ္ထုတ္လုပ္ေရးကုမၸဏီမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ အိုင္ေဟာေဆ႐ိုတာကေတာ့ ၿပီးခဲ့တဲ့ ႏွစ္အတြင္း ႐ုရွားတပ္ဖြဲ႕မ်ား သိမ္းပိုက္ထားတဲ့ ဥေရာပရဲ႕ အႀကီးဆုံး န်ဴကလီးယားစက္႐ုံအတြက္ ခ်က္ခ်င္းအႏၲရာယ္မရွိေၾကာင္း ဆိုပါတယ္။ ဒါေပမယ့္ ႐ုရွား သိမ္းပိုက္ထားတဲ့ ခ႐ိုင္းမီးယားအပါအဝင္ ယူကရိန္းေတာင္ပိုင္းက လူသန္းေပါင္းမ်ားစြာကို ေထာက္ပံ့ေပးတဲ့ ဒီနီပ႐ိုျမစ္ေပၚရွိ Kakhovka ေရေလွာင္ကန္မွ ေရေတြ ထပ္ၿပီးက်ဆင္းသြားမယ္ဆိုရင္ ဘာေတြျဖစ္လာမလဲဆိုတာကို စိုးရိမ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ေရေလွာင္ကန္ကို ထိန္းခ်ဳပ္ေနတဲ့ ႐ုရွားတပ္မ်ားနဲ႔ Kakhovka ေရအားလွ်ပ္စစ္ ဓာတ္အားေပးစက္႐ုံနဲ႔ဆည္မွာလည္း ေရထိန္းတံခါးမ်ားမွတစ္ဆင့္ ေရဖြင့္ခ်ထားတာေၾကာင့္ ေရအဆင့္က်ဆင္းသြားႏိုင္ေၾကာင္း ၎က ဆိုပါတယ္။ န်ဴကလီးယား စက္႐ုံမ်ားဟာ ၎တို႔ရဲ႕ ဓာတ္ေပါင္းဖိုမ်ားကို ေအးေစဖို႔ နဲ႔ န်ဴကလီးယား အရည္ေပ်ာ္က်မႈကို ကာကြယ္ဖို႔ ေရအလုံအေလာက္ လိုအပ္ပါတယ္။ Zaporizhzhia စက္႐ုံဟာ ၎ရဲ႕ ဓာတ္ေပါင္းဖိုမ်ား ပိတ္သြားေသာ္လည္း အေအးခံဖို႔အတြက္ ေရလိုအပ္ဆဲျဖစ္ေၾကာင္း ေဆ႐ိုတာ မွ ေျပာၾကားခဲ့ပါတယ္။

"ေႏြရာသီမွာ (အေအးခံဖို႔ ေရမရွိျခင္းဟာ) ျပႆနာတစ္ခု ေပၚလာႏိုင္တယ္" လို႔ ေဆ႐ိုတာ က ေျပာၾကားၿပီး ေရထိန္းတံခါးမ်ားအားလုံးကို ဖြင့္ထားမယ္ဆိုရင္ ရက္ပိုင္းအတြင္း ေရျပတ္ လပ္ႏိုင္တယ္လို႔ ဆိုပါတယ္။ သိမ္းပိုက္ခံထားရတဲ့ နယ္ေျမကို ျပန္လည္သိမ္းပိုက္ဖို႔ စီစဥ္ထားတဲ့ ယူကရိန္းရဲ႕ တန္ျပန္ထိုးစစ္ကို ရည္ၫႊန္းၿပီး “အဲဒီအေျခအေနမ်ိဳး မေရာက္ႏိုင္ဘူးလို႔ ေမွ်ာ္လင့္ပါတယ္" လို႔ ၄င္းက ေျပာၾကားပါတယ္။

ႏိုင္ငံပိုင္န်ဴကလီးယားစြမ္းအင္ကုမၸဏီ Energoatom က ယခင္လက ေရေလွာင္ကန္ရွိ ေရမ်က္ႏွာျပင္ဟာ ပုံမွန္အားျဖင့္ ၁၆ မီတာရွိေသာ္လည္း ယခု ၁၃ ဒသမ ၈ မီတာသို႔ က်ဆင္းသြားေၾကာင္း ေျပာၾကားပါတယ္။

႐ုရွားဟာ အိမ္နီးခ်င္း ယူကရိန္းကို ၂ဝ၂၂ ခုႏွစ္၊ အေစာပိုင္းက က်ဴးေက်ာ္လာခဲ့ၿပီး ယခုထိ လူအေသအေပ်ာက္မ်ားတဲ့ တိုက္ခိုက္မႈေတြ ျပဳလုပ္ေနဆဲ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.