နက်ရှ်ဗီးလ်ပုဂ္ဂလိကကျောင်း သေနတ်ပစ်ခတ်မှု ကလေးငယ်အပါအဝင် ၆ ဦး သေဆုံး

 698

Htay Oung (NP News) - မတ် ၂၉

တနင်္လာနေ့ (မတ်လ ၂၇ ရက်)က အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ် နက်ရှ်ဗီးလ်မြို့ရှိ ပုဂ္ဂလိက ခရစ်ယာန်မူလတန်းကျောင်းမှာ အသက် ၉ နှစ်အရွယ် ကျောင်းသား ၃ ဦးနဲ့ အရွယ်ရောက်ပြီးသူ သုံးဦးကို သတ်ဖြတ်ခဲ့တဲ့ သေနတ်သမားဟာ စာသင်ကျောင်းရဲ့ မြေပုံများ ရေးမှတ်ထားခဲ့ပြီး ဒုတိယမြောက် တိုက်ခိုက်ရန်ရည်ရွယ်ထားတဲ့နေရာကိုလည်း ထောက်လှမ်းခဲ့တယ်လို့ ရဲတပ်ဖွဲက ပြောကြားကြောင်း CNN က ယမန်နေ့ (မတ်လ ၂၇)ရေးသားပါတယ်။

သေနတ်သမားဟာ အဲ့ဒီစာသင်ကျောင်းမှာ ပညာသင်ယူခဲ့ဖူးသူ နက်ဗီးလ်မြို့နေ အသက် ၂၈-နှစ်အရွယ် အော်ဒီရီ_ဟေးလ်ဖြစ်ကြောင်း၊ တစ်နှစ်နီးပါးအတွင်း လူသေဆုံးမှုအများဆုံး ယခုစာသင်ကျောင်းပစ်ခတ်မှုမှာ သူ့ကို ရဲတပ်ဖွဲ့ဝင်များက အသေဖမ်းဆီးခဲ့တယ်လို့ သိရှိရပါတယ်။

သေနတ် ၃ လက်ကိုင်ဆောင်ထားတဲ့ ဟေးလ်ဟာ ကွန်ဗင့်ကျောင်းအတွင်းဝင်ရောက်လာပြီး ဘေးတံခါးပေါက်မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း နက်ရှ်ဗီးလ်မြို့ ရဲတပ်ဖွဲ့မှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောပြပါတယ်။ တိုက်ခိုက်မှုဟာ ၁၄ မိနစ်ခန့် ကြာခဲ့တယ်လို့ အာဏာပိုင်များက ပြောပါတယ်။ သေနတ်ပစ်မှုဖြစ်ပွားနေကြောင်း သတင်းကို နံနက် ၁ဝ နာရီ ၁၃ မိနစ်မှာ ရရှိခဲ့ပြီး၊ ၁ဝ နာရီ ၂၇ မိနစ်မှာ သေနတ်သမားကို ရှင်းလင်းနိုင်ခဲ့ကြောင်း၊ ဘုရား ကျောင်းတစ်ခုက လည်ပတ်နေတဲ့ ပုဂ္ဂလိကစာသင်ကျောင်းကို စောင့်ရှောက်ဖို့ မြို့တော်က တာဝန်ပေးထားတဲ့ လုံခြုံရေးအစောင့် မရှိဘူးလို့ ပြောပါတယ်။

ဟေးလ်ဟာ စာကျောင်းရဲ့ ပထမထပ်နဲ့ ဒုတိယထပ်တို့မှာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ၅-ဦးပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သေနတ်သံကြားရတဲ့ ဒုတိယထပ်ကိုသွားပြီး သံသယရှိသူကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီး ဟေးလ်ရဲ့ထံမှာ စာကျောင်းရဲ့ အသေးစိတ်မြေပုံများကို တွေ့ရှိရပြီး စောင့်ကြည့်ရမယ့်နေရာ၊ ဝင်ရောက်ရမယ့်နေရာတို့ကို မှတ်သားထားကြောင်း၊ သေနတ်သမားဟာ နက်ရှ်ဗီးလ်မြို့ တွင်း အခြားတစ်နေရာကိုလည်း တိုက်ခိုက်မယ့် အစီအစဉ် ရှိပုံရကြောင်း၊ ဒါပေမဲ့ အဲ့ဒီနေရာမှာ လုံခြုံရေးအစောင့်အကြပ် ထူထပ်လွန်းတာကြောင့် အကြံအစည်ကို စွန့်လွှတ်လိုက်ပုံရကြောင်း၊

ဟေးလ်ကို "အမျိုးသမီးသေနတ်သမား" အဖြစ် ရဲများက ရည်ညွှန်းရခြင်းကို CNN က မေးမြန်းတဲ့အခါ သူဟာ မိန်းကလေးဖြစ် မွေးဖွားလာသူဖြစ်ပြီး ယောက်ျားအဖြစ် လိင်ပြောင်းထားသူဖြစ်ကြောင်း၊ လူမှုကွန်ရက်မှာလည်း "ယောက်ျားနာမ်စား" ကို အသုံးပြုခဲ့ကြောင်း၊ ဟေးလ်ထံမှာ အမ်မာလိုက် AR ပုံစံ အပေါ့စား မောင်းပြန်ချေမှုန်းရေး ရိုင်ဖယ်တစ်လက်၊ AR ပုံစံ ပစ္စတိုတစ်လက်နဲ့ ပြောင်းတိုသေနတ်တစ်လက်တို့ကို တွေ့ရှိရပြီး ၂-လက်ထက် မနည်းအတွက် တရားဝင်လိုင်စင်ရရှိခဲ့တယ်လို့ ရဲများက ယုံကြည်ပါတယ်။ သေနတ်နဲ့ ပစ်ရလောက်တဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း၊ ပါးစပ်ပြောစကားများ ရှိပေမဲ့ ဟေးလ်ရဲ့နေအိမ်ကို ဆက်လက်ရှာဖွေနေပြီး သူ့အဖေနဲ့လဲ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

ဟေးလ်ဟာ နက်ရှ်ဗီးလ်မြို့ နော့စီကောလိပ်မှ အနုပညာနှင့် ဒီဇိုင်းဘာသာရပ်ဖြင့် ပြီးခဲ့တဲ့နှစ်မှာ ဘွဲ့ရရှိခဲ့သူဖြစ်ပြီး အလွတ်တန်းဂရပ်ဖစ်ဒီဇိုင်နာနဲ့ အချိန်ပိုင်း ကုန်စုံဈေးဝယ်ပေးသူတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ကြောင်း၊ သေဆုံးသူများမှာ ၉-နှစ်အရွယ် ကျောင်းသားငယ် ၃-ဦး၊ အသက် ၆ဝ အရွယ် ဆရာမ တစ်ဦး၊ ၆၁ နှစ်အရွယ် ဆရာတစ်ဦး ဆရာမတစ်ဦးတို့ဖြစ်ကြောင်း ဒေသခံသတင်းစာများမှာ ဖော်ပြပါတယ်။

ယခုနှစ်အတွင်း စာသင်ကျောင်း သို့မဟုတ် တက္ကသိုလ်တစ်ခုအတွင်း အနည်းဆုံး လူတစ်ဦးနဲ့အထက်ဒဏ်ရာရရှိခဲ့တဲ့ သေနတ်ပစ်ခတ်မှုမှာ ယခုဖြစ်ရပ်ဟာ ၁၉ ကြိမ်မြောက်ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ သီတင်းပတ် ကော်လိုရာဒို ပြည်နယ် ဒင်းဗားမြို့အထက်တန်းကျောင်းတစ်ကျောင်းမှာ ဆရာနှစ်ဦးဒဏ်ရာရရှိတဲ့အထိဖြစ်ခဲ့ပြီး ပစ်ခတ်သူကျောင်းသားဟာ သူ့သေနတ်က ဒဏ်ရာနဲ့ သေဆုံးနေကြောင်း တွေ့ရှိခဲ့ရပါတယ်။

တနင်္လာနေ့ လူ ၆-ဦးသေဆုံးရတဲ့ နက်ရှ်ဗီးလ်ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မေလ လူ ၂၁-ဦးသေဆုံးရတဲ့ တက္ကဆက်ပြည်နယ် ယူဗဲဒီဖြစ်စဉ်နောက်ပိုင်း အသေအပျောက်အများဆုံး စာသင်ကျောင်းအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံအချို့မှာ ပညာရေးဆိုင်ရာအဖွဲ့အစည်းအတွင်း သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိပါတယ်။ ဒါပေမဲ့ စာသင်ကျောင်းနဲ့ ပတ်သက်လို့ ပစ်ခတ်မှု ကြိမ်ရေအများဆုံး၊ နေရာအနှံ့နဲ့ ထိခိုက်သေဆုံးမှုအများဆုံးကတော့ အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပါတယ်။ ၁၉၇၄-ခုနှစ် ဒီဇင်ဘာမှ ၂၀၂၀-ပြည့်နှစ် မေလအထိ အမေရိကန်နိုင်ငံတစ်ဝှန်း စာသင်ကျောင်းသေနတ်ပစ်ခတ်မှု ၃၇-မှုတို့ကိုမှာ လူပေါင်း ၄၁-ဦးတို့က ကျူးလွန်ခဲ့ကြပါတယ်။

လေ့လာမှုအရ အမေရိကန်စာသင်ကျောင်းများအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားရခြင်းရဲ့ နောက်ကွယ်အကြောင်းရင်းတွေထဲမှာ သေနတ်ကို လွယ်လင့်တကူရရှိမှု၊ မိသားစု အတွင်းရေးပြဿနာ၊ ကြီးကြပ်အုပ်ထိန်းမှုကင်းမဲ့ခြင်း၊ စိတ်ပိုင်းဆိုင်ရာ မကျန်းမာခြင်းတို့ကြောင့် ဖြစ်ပါတယ်။

အနိုင်ကျင့်/ ညှင်းပန်းနှိပ်စက်/ခြိမ်းခြောက်ခံရခြင်းကြောင့် ၇၅%၊ လက်စားချခြင်း ၆၁%၊ ပြဿနာဖြေရှင်းရန် အားထုတ်ခြင်း ၃၄%၊ စိတ်ဓါတ်ကျ သို့မဟုတ် Tတ်သေလိုခြင်း ၂၇%၊ အာရုံစိုက် သို့မဟုတ် အသိအမှတ်ပြု ခံယူလိုခြင်း ၂၄% တို့ပါဝင်ကြောင်း တွေ့ရှိရပါတယ်။ အထူးသဖြင့် အမေရိကန်စာသင်ကျောင်းများအတွင်း အကြမ်းဖက်မှုများဟာ လက်နက်ဖြင့် ဖြေရှင်းလိုမှု၊ သည်းခံစိတ်ကင်းမဲ့မှု၊ သေနတ်ကိုင်ဆောင်ခွင့်၊ သေနတ်လက်နက်ထိန်းချုပ်မှုတို့နဲ့ ပတ်သက်နေပါတယ်။ ကျူးလွန်သူတို့ဟာ လူလတ်တန်းစား အထီးကျန်/ပတ်ဝန်းကျင်နဲ့ ဝေးကွာနေသူ၊ ဘဝရပ်တည်မှု အဆင်မပြေ ဖြစ်နေတဲ့ သေနတ်လက်ဝယ်ရှိသူ လူဖြူ အမျိုးသားများက အများဆုံး ဖြစ်နေတတ်ပါတယ်။

နက်ရှ်ဗီးလ်သေနတ်ပစ်ခတ်မှုဟာ စက်ဆုပ်ကြေကွဲစရာဖြစ်တယ်လို့ သမ္မတဂျိုးဘိုင်ဒင်က ပြောဆိုပြီး သေနတ်ဘေးအန္တရာယ်ကင်းရှင်းရေး ဥပဒေအတွက် နောက်ထပ် အရေးယူဆောင်ရွက်ဖို့ ကွန်ဂရက်လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။

ကွန်ဂရက်အမတ်များအနေနဲ့ သေနတ်ဘေးအန္တရာယ်ကင်းရှင်းရေး ဥပဒေကို အတည်ပြုပေးဖို့ အချိန်ကျရောက်ပြီဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရင်း_ဂျိန်း_ပယ်ရီကလည်း တောင်းဆိုပါတယ်။ သေနတ်တွေကို လုံလုံခြုံခြုံ ထားကြဖို့ နောက်ခံ အချက်အလက်တွေကို စစ်ဆေးပြီး ဟာကွက်တွေကို ပိတ်ဆို့ဖို့ အဲ့ဒီ အက်ဥပဒေကို ရီပတ်ဘလစ်ကင်အမတ်တွေက အတည်ပြုပေးတဲ့အထိ နောက်ထပ်ကလေးဘယ်နှစ်ယောက် အTတ်ခံပေးရမှာလဲ။ တစ်ခုခုတော့ လုပ်ရမှာပေါ” လို့ မှတ်ချက်ပေးပါတယ်။

( CNN., 27 March 2023, “Nashville private school shooting suspect had maps of building and scouted possible second attack location, police say” ကို ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
နက္ရွ္ဗီးလ္ပုဂၢလိကေက်ာင္း ေသနတ္ပစ္ခတ္မႈ ကေလးငယ္အပါအဝင္ ၆ ဦး ေသဆုံး
Htay Oung (NP News) - မတ္ ၂၉

တနလၤာေန႔ (မတ္လ ၂၇ ရက္)က အေမရိကန္ႏိုင္ငံ တင္နက္ဆီျပည္နယ္ နက္ရွ္ဗီးလ္ၿမိဳ႕ရွိ ပုဂၢလိက ခရစ္ယာန္မူလတန္းေက်ာင္းမွာ အသက္ ၉ ႏွစ္အ႐ြယ္ ေက်ာင္းသား ၃ ဦးနဲ႔ အ႐ြယ္ေရာက္ၿပီးသူ သုံးဦးကို သတ္ျဖတ္ခဲ့တဲ့ ေသနတ္သမားဟာ စာသင္ေက်ာင္းရဲ႕ ေျမပုံမ်ား ေရးမွတ္ထားခဲ့ၿပီး ဒုတိယေျမာက္ တိုက္ခိုက္ရန္ရည္႐ြယ္ထားတဲ့ေနရာကိုလည္း ေထာက္လွမ္းခဲ့တယ္လို႔ ရဲတပ္ဖြဲက ေျပာၾကားေၾကာင္း CNN က ယမန္ေန႔ (မတ္လ ၂၇)ေရးသားပါတယ္။

ေသနတ္သမားဟာ အဲ့ဒီစာသင္ေက်ာင္းမွာ ပညာသင္ယူခဲ့ဖူးသူ နက္ဗီးလ္ၿမိဳ႕ေန အသက္ ၂၈-ႏွစ္အ႐ြယ္ ေအာ္ဒီရီ_ေဟးလ္ျဖစ္ေၾကာင္း၊ တစ္ႏွစ္နီးပါးအတြင္း လူေသဆုံးမႈအမ်ားဆုံး ယခုစာသင္ေက်ာင္းပစ္ခတ္မႈမွာ သူ႔ကို ရဲတပ္ဖြဲ႕ဝင္မ်ားက အေသဖမ္းဆီးခဲ့တယ္လို႔ သိရွိရပါတယ္။

ေသနတ္ ၃ လက္ကိုင္ေဆာင္ထားတဲ့ ေဟးလ္ဟာ ကြန္ဗင့္ေက်ာင္းအတြင္းဝင္ေရာက္လာၿပီး ေဘးတံခါးေပါက္မွ ပစ္ခတ္ျခင္းျဖစ္ေၾကာင္း နက္ရွ္ဗီးလ္ၿမိဳ႕ ရဲတပ္ဖြဲ႕မႉးက သတင္းစာရွင္းလင္းပြဲမွာ ေျပာျပပါတယ္။ တိုက္ခိုက္မႈဟာ ၁၄ မိနစ္ခန႔္ ၾကာခဲ့တယ္လို႔ အာဏာပိုင္မ်ားက ေျပာပါတယ္။ ေသနတ္ပစ္မႈျဖစ္ပြားေနေၾကာင္း သတင္းကို နံနက္ ၁ဝ နာရီ ၁၃ မိနစ္မွာ ရရွိခဲ့ၿပီး၊ ၁ဝ နာရီ ၂၇ မိနစ္မွာ ေသနတ္သမားကို ရွင္းလင္းႏိုင္ခဲ့ေၾကာင္း၊ ဘုရား ေက်ာင္းတစ္ခုက လည္ပတ္ေနတဲ့ ပုဂၢလိကစာသင္ေက်ာင္းကို ေစာင့္ေရွာက္ဖို႔ ၿမိဳ႕ေတာ္က တာဝန္ေပးထားတဲ့ လုံၿခဳံေရးအေစာင့္ မရွိဘူးလို႔ ေျပာပါတယ္။

ေဟးလ္ဟာ စာေက်ာင္းရဲ႕ ပထမထပ္နဲ႔ ဒုတိယထပ္တို႔မွာ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း၊ ၅-ဦးပါဝင္တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြဟာ ေသနတ္သံၾကားရတဲ့ ဒုတိယထပ္ကိုသြားၿပီး သံသယရွိသူကို ေသနတ္ျဖင့္ပစ္သတ္ခဲ့ေၾကာင္း၊ တိုက္ခိုက္မႈအၿပီး ေဟးလ္ရဲ႕ထံမွာ စာေက်ာင္းရဲ႕ အေသးစိတ္ေျမပုံမ်ားကို ေတြ႕ရွိရၿပီး ေစာင့္ၾကည့္ရမယ့္ေနရာ၊ ဝင္ေရာက္ရမယ့္ေနရာတို႔ကို မွတ္သားထားေၾကာင္း၊ ေသနတ္သမားဟာ နက္ရွ္ဗီးလ္ၿမိဳ႕ တြင္း အျခားတစ္ေနရာကိုလည္း တိုက္ခိုက္မယ့္ အစီအစဥ္ ရွိပုံရေၾကာင္း၊ ဒါေပမဲ့ အဲ့ဒီေနရာမွာ လုံၿခဳံေရးအေစာင့္အၾကပ္ ထူထပ္လြန္းတာေၾကာင့္ အႀကံအစည္ကို စြန႔္လႊတ္လိုက္ပုံရေၾကာင္း၊

ေဟးလ္ကို "အမ်ိဳးသမီးေသနတ္သမား" အျဖစ္ ရဲမ်ားက ရည္ၫႊန္းရျခင္းကို CNN က ေမးျမန္းတဲ့အခါ သူဟာ မိန္းကေလးျဖစ္ ေမြးဖြားလာသူျဖစ္ၿပီး ေယာက္်ားအျဖစ္ လိင္ေျပာင္းထားသူျဖစ္ေၾကာင္း၊ လူမႈကြန္ရက္မွာလည္း "ေယာက္်ားနာမ္စား" ကို အသုံးျပဳခဲ့ေၾကာင္း၊ ေဟးလ္ထံမွာ အမ္မာလိုက္ AR ပုံစံ အေပါ့စား ေမာင္းျပန္ေခ်မႈန္းေရး ႐ိုင္ဖယ္တစ္လက္၊ AR ပုံစံ ပစၥတိုတစ္လက္နဲ႔ ေျပာင္းတိုေသနတ္တစ္လက္တို႔ကို ေတြ႕ရွိရၿပီး ၂-လက္ထက္ မနည္းအတြက္ တရားဝင္လိုင္စင္ရရွိခဲ့တယ္လို႔ ရဲမ်ားက ယုံၾကည္ပါတယ္။ ေသနတ္နဲ႔ ပစ္ရေလာက္တဲ့အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးေနေၾကာင္း၊ ပါးစပ္ေျပာစကားမ်ား ရွိေပမဲ့ ေဟးလ္ရဲ႕ေနအိမ္ကို ဆက္လက္ရွာေဖြေနၿပီး သူ႔အေဖနဲ႔လဲ ေဆြးေႏြးေနတယ္လို႔ ေျပာပါတယ္။

ေဟးလ္ဟာ နက္ရွ္ဗီးလ္ၿမိဳ႕ ေနာ့စီေကာလိပ္မွ အႏုပညာႏွင့္ ဒီဇိုင္းဘာသာရပ္ျဖင့္ ၿပီးခဲ့တဲ့ႏွစ္မွာ ဘြဲ႕ရရွိခဲ့သူျဖစ္ၿပီး အလြတ္တန္းဂရပ္ဖစ္ဒီဇိုင္နာနဲ႔ အခ်ိန္ပိုင္း ကုန္စုံေဈးဝယ္ေပးသူတစ္ဦးအျဖစ္ လုပ္ကိုင္ခဲ့ေၾကာင္း၊ ေသဆုံးသူမ်ားမွာ ၉-ႏွစ္အ႐ြယ္ ေက်ာင္းသားငယ္ ၃-ဦး၊ အသက္ ၆ဝ အ႐ြယ္ ဆရာမ တစ္ဦး၊ ၆၁ ႏွစ္အ႐ြယ္ ဆရာတစ္ဦး ဆရာမတစ္ဦးတို႔ျဖစ္ေၾကာင္း ေဒသခံသတင္းစာမ်ားမွာ ေဖာ္ျပပါတယ္။

ယခုႏွစ္အတြင္း စာသင္ေက်ာင္း သို႔မဟုတ္ တကၠသိုလ္တစ္ခုအတြင္း အနည္းဆုံး လူတစ္ဦးနဲ႔အထက္ဒဏ္ရာရရွိခဲ့တဲ့ ေသနတ္ပစ္ခတ္မႈမွာ ယခုျဖစ္ရပ္ဟာ ၁၉ ႀကိမ္ေျမာက္ျဖစ္ေၾကာင္း၊ ၿပီးခဲ့တဲ့ သီတင္းပတ္ ေကာ္လိုရာဒို ျပည္နယ္ ဒင္းဗားၿမိဳ႕အထက္တန္းေက်ာင္းတစ္ေက်ာင္းမွာ ဆရာႏွစ္ဦးဒဏ္ရာရရွိတဲ့အထိျဖစ္ခဲ့ၿပီး ပစ္ခတ္သူေက်ာင္းသားဟာ သူ႔ေသနတ္က ဒဏ္ရာနဲ႔ ေသဆုံးေနေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။

တနလၤာေန႔ လူ ၆-ဦးေသဆုံးရတဲ့ နက္ရွ္ဗီးလ္ျဖစ္စဥ္ဟာ ၿပီးခဲ့တဲ့ ေမလ လူ ၂၁-ဦးေသဆုံးရတဲ့ တကၠဆက္ျပည္နယ္ ယူဗဲဒီျဖစ္စဥ္ေနာက္ပိုင္း အေသအေပ်ာက္အမ်ားဆုံး စာသင္ေက်ာင္းအတြင္း ေသနတ္ပစ္ခတ္မႈျဖစ္ပါတယ္။ ကမာၻ႔ႏိုင္ငံအခ်ိဳ႕မွာ ပညာေရးဆိုင္ရာအဖြဲ႕အစည္းအတြင္း ေသနတ္ပစ္ခတ္မႈမ်ား ျဖစ္ပြားေလ့ရွိပါတယ္။ ဒါေပမဲ့ စာသင္ေက်ာင္းနဲ႔ ပတ္သက္လို႔ ပစ္ခတ္မႈ ႀကိမ္ေရအမ်ားဆုံး၊ ေနရာအႏွံ႔နဲ႔ ထိခိုက္ေသဆုံးမႈအမ်ားဆုံးကေတာ့ အေမရိကန္ႏိုင္ငံမွာ ျဖစ္ပြားခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။ ၁၉၇၄-ခုႏွစ္ ဒီဇင္ဘာမွ ၂၀၂၀-ျပည့္ႏွစ္ ေမလအထိ အေမရိကန္ႏိုင္ငံတစ္ဝွန္း စာသင္ေက်ာင္းေသနတ္ပစ္ခတ္မႈ ၃၇-မႈတို႔ကိုမွာ လူေပါင္း ၄၁-ဦးတို႔က က်ဴးလြန္ခဲ့ၾကပါတယ္။

ေလ့လာမႈအရ အေမရိကန္စာသင္ေက်ာင္းမ်ားအတြင္း ေသနတ္ပစ္ခတ္မႈျဖစ္ပြားရျခင္းရဲ႕ ေနာက္ကြယ္အေၾကာင္းရင္းေတြထဲမွာ ေသနတ္ကို လြယ္လင့္တကူရရွိမႈ၊ မိသားစု အတြင္းေရးျပႆနာ၊ ႀကီးၾကပ္အုပ္ထိန္းမႈကင္းမဲ့ျခင္း၊ စိတ္ပိုင္းဆိုင္ရာ မက်န္းမာျခင္းတို႔ေၾကာင့္ ျဖစ္ပါတယ္။

အႏိုင္က်င့္/ ညႇင္းပန္းႏွိပ္စက္/ၿခိမ္းေျခာက္ခံရျခင္းေၾကာင့္ ၇၅%၊ လက္စားခ်ျခင္း ၆၁%၊ ျပႆနာေျဖရွင္းရန္ အားထုတ္ျခင္း ၃၄%၊ စိတ္ဓါတ္က် သို႔မဟုတ္ Tတ္ေသလိုျခင္း ၂၇%၊ အာ႐ုံစိုက္ သို႔မဟုတ္ အသိအမွတ္ျပဳ ခံယူလိုျခင္း ၂၄% တို႔ပါဝင္ေၾကာင္း ေတြ႕ရွိရပါတယ္။ အထူးသျဖင့္ အေမရိကန္စာသင္ေက်ာင္းမ်ားအတြင္း အၾကမ္းဖက္မႈမ်ားဟာ လက္နက္ျဖင့္ ေျဖရွင္းလိုမႈ၊ သည္းခံစိတ္ကင္းမဲ့မႈ၊ ေသနတ္ကိုင္ေဆာင္ခြင့္၊ ေသနတ္လက္နက္ထိန္းခ်ဳပ္မႈတို႔နဲ႔ ပတ္သက္ေနပါတယ္။ က်ဴးလြန္သူတို႔ဟာ လူလတ္တန္းစား အထီးက်န္/ပတ္ဝန္းက်င္နဲ႔ ေဝးကြာေနသူ၊ ဘဝရပ္တည္မႈ အဆင္မေျပ ျဖစ္ေနတဲ့ ေသနတ္လက္ဝယ္ရွိသူ လူျဖဴ အမ်ိဳးသားမ်ားက အမ်ားဆုံး ျဖစ္ေနတတ္ပါတယ္။

နက္ရွ္ဗီးလ္ေသနတ္ပစ္ခတ္မႈဟာ စက္ဆုပ္ေၾကကြဲစရာျဖစ္တယ္လို႔ သမၼတဂ်ိဳးဘိုင္ဒင္က ေျပာဆိုၿပီး ေသနတ္ေဘးအႏၲရာယ္ကင္းရွင္းေရး ဥပေဒအတြက္ ေနာက္ထပ္ အေရးယူေဆာင္႐ြက္ဖို႔ ကြန္ဂရက္လႊတ္ေတာ္ကို တိုက္တြန္းလိုက္ပါတယ္။

ကြန္ဂရက္အမတ္မ်ားအေနနဲ႔ ေသနတ္ေဘးအႏၲရာယ္ကင္းရွင္းေရး ဥပေဒကို အတည္ျပဳေပးဖို႔ အခ်ိန္က်ေရာက္ၿပီျဖစ္ေၾကာင္း အိမ္ျဖဴေတာ္ ေျပာေရးဆိုခြင့္ရွိသူ ကာရင္း_ဂ်ိန္း_ပယ္ရီကလည္း ေတာင္းဆိုပါတယ္။ ေသနတ္ေတြကို လုံလုံၿခဳံၿခဳံ ထားၾကဖို႔ ေနာက္ခံ အခ်က္အလက္ေတြကို စစ္ေဆးၿပီး ဟာကြက္ေတြကို ပိတ္ဆို႔ဖို႔ အဲ့ဒီ အက္ဥပေဒကို ရီပတ္ဘလစ္ကင္အမတ္ေတြက အတည္ျပဳေပးတဲ့အထိ ေနာက္ထပ္ကေလးဘယ္ႏွစ္ေယာက္ အTတ္ခံေပးရမွာလဲ။ တစ္ခုခုေတာ့ လုပ္ရမွာေပါ” လို႔ မွတ္ခ်က္ေပးပါတယ္။

( CNN., 27 March 2023, “Nashville private school shooting suspect had maps of building and scouted possible second attack location, police say” ကို ဆီေလ်ာ္ ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.