အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအသစ်နဲ့ ထိုင်ဝမ်သမ္မတတို့တွေ့ဆုံမယ်ဆိုရင် လက်တုံ့ ပြန်မှာဖြစ်ကြောင်း တရုတ်အစိုးရ သတိပေး

 624

ဂျန်ဇက် (NP News) - မတ် ၂၉

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအသစ် ကီဗင်မက်ကာသီဟာ ထိုင်ဝမ်သမ္မတ ဆိုင်အမ်ဝမ်နဲ့တွေ့ဆုံခဲ့မယ်ဆိုရင် လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း တရုတ်အစိုးရဘက်က သတိပေးပြောဆိုလိုက်ပါတယ်။

ထိုင်ဝမ်သမ္မတနဲ့တွေ့ဆုံမယ့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌအသစ်ရဲ့လုပ်ရပ်တွေဟာ တရုတ်နိုင်ငံအပေါ် ရန်စမှုတွေဖြစ်လာဖွယ်ရှိနေကြောင်း တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာ ရုံးက သတိပေးခဲ့ပါတယ်။ ထိုင်ဝမ်သမ္မတ ဆိုင်အမ်ဝမ်ဟာ လာမယ့်ရက်ပိုင်းမှာ ဂွါတီမာလာနဲ့ ဘီလီဇီ နိုင်ငံများကို သွားရောက်ဖွယ်ရှိနေရာ လမ်းခရီးမှာတစ်ထောက်နားမှုအဖြစ် အမေရိကန်နိုင်ငံ နယူးယောက်မြို့၊ လော့အိန်ဂျယ်လိစ့်မြို့ကို ဝင်ရောက်ဖွယ်ရှိနေကြောင်း သိရပါတယ်။

ထိုင်ဝမ်သမ္မတဟာ အမေရိကန်နိုင်ငံကို တစ်ထောက်နားစခန်းအဖြစ် ဝင်ရောက်ချိန်အတွင်း အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌအသစ် ကီဗင်မက်ကာသီနဲ့တွေ့ဆုံဆွေးနွေးဖွယ်ရှိနေကြောင်းသတင်းများလည်းထွက်ပေါ်နေပါတယ်။ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီပီလိုစီဟာ တရုတ်ဘက်က သတိပေးမှုများရှိနေတဲ့ကြားမှပြီးခဲတဲ့နှစ် သြဂုတ်လက ထိုင်ဝမ်ကို ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ရာ အမေရိကန်ဟာ ထိုင်ဝမ်၊ တရုတ်နိုင်ငံတို့နဲ့တင်းမာမှု ပိုမိုမြင့်တက်လာစေခဲ့ပါတယ်။ တရုတ်ဟာ နန်စီပီလိုစီလာရောက်မှုကို လက်တုံ့ပြန်မှုအဖြစ် ထိုင်ဝမ်ကျွန်းနားမှာ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံရဲ့ထိုင်ဝမ်ရေးရာရုံးပြောရေးဆိုခွင့်ရှိသူ Zhu Fenglian က "ထိုင်ဝမ်သမ္မတဟာ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌအသစ်နဲ့ ဆက်သွယ်တွေ့ဆုံခဲ့မယ်ဆိုရင် တရုတ်တစ် နိုင်ငံတည်း မူဝါဒကို ဗြောင်ကျကျ နောက်ထပ် ချိုးဖောက်လိုက်တာဖြစ်တယ်။ ဒီလုပ်ရပ်က တရုတ်နိုင်ငံရဲ့ အချုပ်အခြာ၊ ပိုင်နက်တွေကို ထိခိုက်အောင်လုပ်ဆောင်တာမျိုးဖြစ်တယ်။ ထိုင်ဝမ်ရေလက်ကြား ငြိမ်ချမ်းရေးနဲ့တည်ငြိမ်ရေးတို့ကို ဖျက်ဆီးလိုက်တာမျိုးလည်းဖြစ်တယ်။ ထိုင်ဝမ် သမ္မတနဲ့ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌတို့တွေ့ဆုံမယ့် အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်ပါတယ်။ တွေ့ဆုံခဲ့မယ်ဆိုရင်တော့ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်တယ်" လို့ပြောပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်တယ်လို့ ပြောဆိုထားပြီး ထိုင်ဝမ်က တရုတ်လက်အောက်ကခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူဖို့ ကြိုးပမ်းနေပါတယ်။

zawgyi version
အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒အသစ္နဲ႔ ထိုင္ဝမ္သမၼတတို႔ေတြ႕ဆုံမယ္ဆိုရင္ လက္တုံ႔ ျပန္မွာျဖစ္ေၾကာင္း တ႐ုတ္အစိုးရ သတိေပး
ဂ်န္ဇက္ (NP News) - မတ္ ၂၉

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒အသစ္ ကီဗင္မက္ကာသီဟာ ထိုင္ဝမ္သမၼတ ဆိုင္အမ္ဝမ္နဲ႔ေတြ႕ဆုံခဲ့မယ္ဆိုရင္ လက္တုံ႔ျပန္သြားမွာျဖစ္ေၾကာင္း တ႐ုတ္အစိုးရဘက္က သတိေပးေျပာဆိုလိုက္ပါတယ္။

ထိုင္ဝမ္သမၼတနဲ႔ေတြ႕ဆုံမယ့္ အေမရိကန္ ေအာက္လႊတ္ေတာ္ဥကၠ႒အသစ္ရဲ႕လုပ္ရပ္ေတြဟာ တ႐ုတ္ႏိုင္ငံအေပၚ ရန္စမႈေတြျဖစ္လာဖြယ္ရွိေနေၾကာင္း တ႐ုတ္ႏိုင္ငံရဲ႕ ထိုင္ဝမ္ေရးရာ ႐ုံးက သတိေပးခဲ့ပါတယ္။ ထိုင္ဝမ္သမၼတ ဆိုင္အမ္ဝမ္ဟာ လာမယ့္ရက္ပိုင္းမွာ ဂြါတီမာလာနဲ႔ ဘီလီဇီ ႏိုင္ငံမ်ားကို သြားေရာက္ဖြယ္ရွိေနရာ လမ္းခရီးမွာတစ္ေထာက္နားမႈအျဖစ္ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕၊ ေလာ့အိန္ဂ်ယ္လိစ့္ၿမိဳ႕ကို ဝင္ေရာက္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။

ထိုင္ဝမ္သမၼတဟာ အေမရိကန္ႏိုင္ငံကို တစ္ေထာက္နားစခန္းအျဖစ္ ဝင္ေရာက္ခ်ိန္အတြင္း အေမရိကန္ေအာက္လႊတ္ေတာ္ ဥကၠ႒အသစ္ ကီဗင္မက္ကာသီနဲ႔ေတြ႕ဆုံေဆြးေႏြးဖြယ္ရွိေနေၾကာင္းသတင္းမ်ားလည္းထြက္ေပၚေနပါတယ္။ အေမရိကန္ေအာက္လႊတ္ေတာ္ ဥကၠ႒ေဟာင္း နန္စီပီလိုစီဟာ တ႐ုတ္ဘက္က သတိေပးမႈမ်ားရွိေနတဲ့ၾကားမွၿပီးခဲတဲ့ႏွစ္ ၾသဂုတ္လက ထိုင္ဝမ္ကို ခ်စ္ၾကည္ေရးခရီးသြားေရာက္ခဲ့ရာ အေမရိကန္ဟာ ထိုင္ဝမ္၊ တ႐ုတ္ႏိုင္ငံတို႔နဲ႔တင္းမာမႈ ပိုမိုျမင့္တက္လာေစခဲ့ပါတယ္။ တ႐ုတ္ဟာ နန္စီပီလိုစီလာေရာက္မႈကို လက္တုံ႔ျပန္မႈအျဖစ္ ထိုင္ဝမ္ကြၽန္းနားမွာ ႀကီးမားတဲ့ စစ္ေရးေလ့က်င့္ခန္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ထိုင္ဝမ္ေရးရာ႐ုံးေျပာေရးဆိုခြင့္ရွိသူ Zhu Fenglian က "ထိုင္ဝမ္သမၼတဟာ အေမရိကန္ေအာက္လႊတ္ေတာ္ ဥကၠ႒အသစ္နဲ႔ ဆက္သြယ္ေတြ႕ဆုံခဲ့မယ္ဆိုရင္ တ႐ုတ္တစ္ ႏိုင္ငံတည္း မူဝါဒကို ေျဗာင္က်က် ေနာက္ထပ္ ခ်ိဳးေဖာက္လိုက္တာျဖစ္တယ္။ ဒီလုပ္ရပ္က တ႐ုတ္ႏိုင္ငံရဲ႕ အခ်ဳပ္အျခာ၊ ပိုင္နက္ေတြကို ထိခိုက္ေအာင္လုပ္ေဆာင္တာမ်ိဳးျဖစ္တယ္။ ထိုင္ဝမ္ေရလက္ၾကား ၿငိမ္ခ်မ္းေရးနဲ႔တည္ၿငိမ္ေရးတို႔ကို ဖ်က္ဆီးလိုက္တာမ်ိဳးလည္းျဖစ္တယ္။ ထိုင္ဝမ္ သမၼတနဲ႔ အေမရိကန္ေအာက္လႊတ္ေတာ္ ဥကၠ႒တို႔ေတြ႕ဆုံမယ့္ အစီအစဥ္ကို ဆန႔္က်င္ကန႔္ကြက္ပါတယ္။ ေတြ႕ဆုံခဲ့မယ္ဆိုရင္ေတာ့ လိုအပ္သလို တုံ႔ျပန္ေဆာင္႐ြက္သြားမွာျဖစ္တယ္" လို႔ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံက ထိုင္ဝမ္ဟာ ၎တို႔ပိုင္နက္ျဖစ္တယ္လို႔ ေျပာဆိုထားၿပီး ထိုင္ဝမ္က တ႐ုတ္လက္ေအာက္ကခြဲထြက္ၿပီး ကိုယ္ပိုင္လြတ္လပ္ေရးရယူဖို႔ ႀကိဳးပမ္းေနပါတယ္။

Related news

© 2021. All rights reserved.