အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ပြောဆိုချက်များကို အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု တုံ့ပြန်ဝေဖန်

 1009

ဂျန်ဇက် (NP News) - မတ် ၂၉

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ဝေဖန်ပြောဆိုမှုများနဲ့ပတ်သက်ပြီး ပြန်လည် တုံ့ပြန်ပြောဆိုလိုက်ကြောင်း သိရပါတယ်။

အမေရိကန်သမ္မတက အစ္စရေးအစိုးရဟာ လက်ရှိလုပ်ဆောင်နေတဲ့ တရားရေးစနစ်ပြုပြင်ပြောင်းလဲရေး အစီအစဉ် များကို ဆက်လက်မလုပ်ဆောင်သင့်ကြောင်း၊ အစ္စရေးဝန်ကြီးချုပ်ကို လာမယ့်အနာဂတ်မှာ အမေရိကန်နိုင်ငံကို လာရောက်ဖို့ ဖိတ်ကြားသွားမှာမဟုတ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတက "အစ္စရေးအစိုးရဟာ လက်ရှိအချိန်မှာ တရားရေးစနစ်ပြုပြင်ပြောင်းလဲဖို့ စီစဉ်နေတာတွေနဲ့ ပတ်သက်ပြီး ခက်ခဲမှုတွေ ရင်ဆိုင်နေရတယ်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ တရားရေးစနစ် ပြုပြင်ပြောင်းလဲမယ့်အစီအစဉ်ကို မလုပ်သင့်တော့ဘူး။ ကျွန်တော်တို့ဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ကို အနာဂတ်မှာ အမေရိကန်နိုင်ငံကို လာရောက်ဖို့ဖိတ်ကြားမှာ မဟုတ်ဘူး" လို့ ပြောပါတယ်။

အမေရိကန်သမ္မတဟာ အစ္စရေးနိုင်ငံမှာဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေ အဆုံးသတ်စေဖို့ ဝန်ကြီးချုပ်နေတန်ရာဟု ဦးဆောင်တဲ့အစိုးရအဖွဲ့ကို ဖိအားပေးမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိနေခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ်ဟာ တရားရေးစနစ်ပြုပြင်ပြောင်းလဲမှုများနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ဖြစ်ပွားလာခဲ့ပြီး နောက် မတ်လ ၂၇ ရက်မှာ တရားရေးစနစ်ပြုပြင်ပြောင်းလဲမယ့်အစီအစဉ်ကို ဆိုင်းငံကြောင်း ကြေညာခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု က "အမေရိကန် နဲ့ အစ္စရေးနိုင်ငံတို့ဟာ နှစ်ပေါင်းများစွာ မဟာမိတ်အဖြစ် ရပ်တည်နေခဲ့တယ်။ ကျွန်တော်တို့ နှစ်နိုင်ငံကြား သဘောထားကွဲလွဲမှုတွေကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပါ တယ်။ အစ္စရေးနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံဖြစ်တယ်။ အစ္စရေးပြည်သူရဲ့ဆန္ဒအတိုင်းသာ အရာရာ တိုင်းကို အခြေခံဆုံးဖြတ်သွားမှာဖြစ်တယ်။ ကျွန်တော်တို့ရဲ့အကောင်းဆုံးမိတ်ဆွေနိုင်ငံများ အပါအဝင် ပြည်ပ နိုင်ငံများရဲ့ဖိအားပေးမှုအပေါ်အခြေခံပြီး ဆုံးဖြတ်မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ်ရဲ့တုံ့ပြန်မှုတွေက အမေရိကန် နဲ့ အစ္စရေးနိုင်ငံကြား အပြန်လှန်ဆက်ဆံရေးကို ဆိုးရွားလာဖွယ်ရှိနေကြောင်း သုံးသပ်မှုများ ရှိနေပါတယ်။

Zawgyi Version;
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ေျပာဆိုခ်က္မ်ားကို အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟု တုံ႔ျပန္ေဝဖန္
ဂ်န္ဇက္ (NP News) - မတ္ ၂၉

အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ေဝဖန္ေျပာဆိုမႈမ်ားနဲ႔ပတ္သက္ၿပီး ျပန္လည္ တုံ႔ျပန္ေျပာဆိုလိုက္ေၾကာင္း သိရပါတယ္။

အေမရိကန္သမၼတက အစၥေရးအစိုးရဟာ လက္ရွိလုပ္ေဆာင္ေနတဲ့ တရားေရးစနစ္ျပဳျပင္ေျပာင္းလဲေရး အစီအစဥ္ မ်ားကို ဆက္လက္မလုပ္ေဆာင္သင့္ေၾကာင္း၊ အစၥေရးဝန္ႀကီးခ်ဳပ္ကို လာမယ့္အနာဂတ္မွာ အေမရိကန္ႏိုင္ငံကို လာေရာက္ဖို႔ ဖိတ္ၾကားသြားမွာမဟုတ္ေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းက ေျပာခဲ့ပါတယ္။

အေမရိကန္သမၼတက "အစၥေရးအစိုးရဟာ လက္ရွိအခ်ိန္မွာ တရားေရးစနစ္ျပဳျပင္ေျပာင္းလဲဖို႔ စီစဥ္ေနတာေတြနဲ႔ ပတ္သက္ၿပီး ခက္ခဲမႈေတြ ရင္ဆိုင္ေနရတယ္။ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ တရားေရးစနစ္ ျပဳျပင္ေျပာင္းလဲမယ့္အစီအစဥ္ကို မလုပ္သင့္ေတာ့ဘူး။ ကြၽန္ေတာ္တို႔ဟာ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ကို အနာဂတ္မွာ အေမရိကန္ႏိုင္ငံကို လာေရာက္ဖို႔ဖိတ္ၾကားမွာ မဟုတ္ဘူး" လို႔ ေျပာပါတယ္။

အေမရိကန္သမၼတဟာ အစၥေရးႏိုင္ငံမွာျဖစ္ပြားေနတဲ့ ဆႏၵျပမႈေတြ အဆုံးသတ္ေစဖို႔ ဝန္ႀကီးခ်ဳပ္ေနတန္ရာဟု ဦးေဆာင္တဲ့အစိုးရအဖြဲ႕ကို ဖိအားေပးမႈမ်ားလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သုံးသပ္မႈမ်ားရွိေနခဲ့ပါတယ္။ အစၥေရး ဝန္ႀကီးခ်ဳပ္ဟာ တရားေရးစနစ္ျပဳျပင္ေျပာင္းလဲမႈမ်ားနဲ႔ပတ္သက္ၿပီး သေဘာထားကြဲလြဲမႈမ်ား ျဖစ္ပြားလာခဲ့ၿပီး ေနာက္ မတ္လ ၂၇ ရက္မွာ တရားေရးစနစ္ျပဳျပင္ေျပာင္းလဲမယ့္အစီအစဥ္ကို ဆိုင္းငံေၾကာင္း ေၾကညာခဲ့ပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟု က "အေမရိကန္ နဲ႔ အစၥေရးႏိုင္ငံတို႔ဟာ ႏွစ္ေပါင္းမ်ားစြာ မဟာမိတ္အျဖစ္ ရပ္တည္ေနခဲ့တယ္။ ကြၽန္ေတာ္တို႔ ႏွစ္ႏိုင္ငံၾကား သေဘာထားကြဲလြဲမႈေတြကို ေအာင္ျမင္စြာျဖတ္ေက်ာ္ႏိုင္ခဲ့ပါ တယ္။ အစၥေရးႏိုင္ငံဟာ အခ်ဳပ္အျခာအာဏာပိုင္တဲ့ႏိုင္ငံျဖစ္တယ္။ အစၥေရးျပည္သူရဲ႕ဆႏၵအတိုင္းသာ အရာရာ တိုင္းကို အေျခခံဆုံးျဖတ္သြားမွာျဖစ္တယ္။ ကြၽန္ေတာ္တို႔ရဲ႕အေကာင္းဆုံးမိတ္ေဆြႏိုင္ငံမ်ား အပါအဝင္ ျပည္ပ ႏိုင္ငံမ်ားရဲ႕ဖိအားေပးမႈအေပၚအေျခခံၿပီး ဆုံးျဖတ္မွာ မဟုတ္ဘူး" လို႔ ေျပာပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္ရဲ႕တုံ႔ျပန္မႈေတြက အေမရိကန္ နဲ႔ အစၥေရးႏိုင္ငံၾကား အျပန္လွန္ဆက္ဆံေရးကို ဆိုး႐ြားလာဖြယ္ရွိေနေၾကာင္း သုံးသပ္မႈမ်ား ရွိေနပါတယ္။

Related news

© 2021. All rights reserved.