ပြင်သစ်နိုင်ငံတဝှမ်းမှာဖြစ်နေတဲ့ ဆန္ဒပြပွဲများကို ထိန်းချုပ်နိုင်ဖို့ ရဲတပ်ဖွဲ့ဝင် ၁၃ဝဝဝ ကျော် ထပ်မံဖြန့်ကြတ်ချထား

 525

ဂျန်ဇက် (NP News) - မတ် ၂၉

ပြင်သစ်ပြည်ထဲရေးဝန်ကြီးဟာ ပြင်သစ်နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ဆန္ဒပြပွဲများကို ထိန်းချုပ်နိုင်ဖို့အတွက် ပြင်သစ်ရဲတပ်ဖွဲ့ဝင် ၁၃ဝဝဝ ကို ဖြန့်ကြတ်ချထားဖို့ အမိန့်ထုတ်ပြန်လိုက်ကြောင်းသိရပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန် ဦးဆောင်တဲ့အစိုးရဟာ ပြင်သစ်နိုင်ငံအတွင်း ပင်စင်စနစ် ပြုပြင်ပြောင်းလဲဖို့ စီစဉ်လာပြီးနောက် ဆန္ဒပြပွဲများဆက်တိုက်ဖြစ်ပွားလာခဲ့ကြောင်းသိရပါတယ်။ ပင်စင်စနစ်ပြုပြင်ပြောင်းလဲမယ့်အစီအစဉ်တွေထဲမှာ ဝန်ထမ်းတွေရဲ့ပင်စင်ယူခွင့်ကို အသက် ၆၂ နှစ် ကနေ ၆၄ နှစ်အထိ တိုးမြှင့်ထားကြောင်း သိရပါတယ်။

ပြင်သစ်နိုင်ငံမြို့များမှာ ပင်စင်စနစ်နဲ့ပတ်သက်ပြီး အငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားနေပြီး ဆန္ဒပြပွဲ အရှိန်မြင့် တက်နေကြောင်းသိရပါတယ်။ ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်မှုများ ဖြစ်လာ အောင် ပြည်ပနိုင်ငံများ ကြားဝင်စွက်ဖက်မှုများရှိနေကြောင်း ပြောပါတယ်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gerald Darmanin က ဆန္ဒပြပွဲမတိုင်ခင် ပဲရစ်မြို့မှာ ရဲတပ်ဖွဲ့ဝင် ၅ဝဝဝ ကျော် ထပ်မံ ဖြန့်ကြတ်ချထားခဲ့ကြောင်း ပြောပါတယ်။ ၎င်းက "ဆန္ဒပြပွဲတွေကို ထိန်းချုပ်နိုင်ဖို့ ကျွန်တော်တို့ ရဲတပ်ဖွဲ့တွေ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားတယ်။ ပြည်ပနိုင်ငံတွေက တက်ကြွလှုပ်ရှားသူတွေဟာလည်း ပဲရစ်၊ နန်တက်မြို့ နဲ့ ရင်းနစ်မြို့တွေမှာ ဖြစ်ပွားနေတဲ့ဆန္ဒပြပွဲတွေကို ပါဝင်နေတယ်။ ပြည်ပနိုင်ငံတွေကနေ ပါဝင်လာတဲ့ သူတွေဟာ လက်ဝဲအစွန်းရောက်ရောက်တွေ၊ မင်းမဲ့ဝါဒီတွေ ဖြစ်တယ်" လို့ ပြောပါတယ်။

အဆိုပါ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးဥပဒေနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံမှာ ဆန္ဒပြပွဲများဖြစ်ပွားနေရာ မတ်လ ၂၉ ရက်ကဖြစ်ပွားတဲ့ နိုင်ငံတဝှမ်းဆန္ဒပြပွဲအတွင်း ပြည်သူတစ်သန်းကျော် ပါဝင်ခဲ့ကြောင်းသိရပါတယ်။ ပြင်သစ်ရဲတပ်ဖွဲ့တွေဟာ လမ်းတွေအပေါ်မှာ မီးရှို့ဆန္ဒပြသူများ၊ ရဲများနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ ကြိုးပမ်းနေသူပေါင်း ရာချီကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
ျပင္သစ္ႏိုင္ငံတဝွမ္းမွာျဖစ္ေနတဲ့ ဆႏၵျပပြဲမ်ားကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ရဲတပ္ဖြဲ႕ဝင္ ၁၃ဝဝဝ ေက်ာ္ ထပ္မံျဖန႔္ၾကတ္ခ်ထား
ဂ်န္ဇက္ (NP News) - မတ္ ၂၉

ျပင္သစ္ျပည္ထဲေရးဝန္ႀကီးဟာ ျပင္သစ္ႏိုင္ငံတဝွမ္းမွာ ျဖစ္ပြားေနတဲ့ဆႏၵျပပြဲမ်ားကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ျပင္သစ္ရဲတပ္ဖြဲ႕ဝင္ ၁၃ဝဝဝ ကို ျဖန႔္ၾကတ္ခ်ထားဖို႔ အမိန႔္ထုတ္ျပန္လိုက္ေၾကာင္းသိရပါတယ္။

ျပင္သစ္သမၼတ မက္ခ႐ြန္ ဦးေဆာင္တဲ့အစိုးရဟာ ျပင္သစ္ႏိုင္ငံအတြင္း ပင္စင္စနစ္ ျပဳျပင္ေျပာင္းလဲဖို႔ စီစဥ္လာၿပီးေနာက္ ဆႏၵျပပြဲမ်ားဆက္တိုက္ျဖစ္ပြားလာခဲ့ေၾကာင္းသိရပါတယ္။ ပင္စင္စနစ္ျပဳျပင္ေျပာင္းလဲမယ့္အစီအစဥ္ေတြထဲမွာ ဝန္ထမ္းေတြရဲ႕ပင္စင္ယူခြင့္ကို အသက္ ၆၂ ႏွစ္ ကေန ၆၄ ႏွစ္အထိ တိုးျမႇင့္ထားေၾကာင္း သိရပါတယ္။

ျပင္သစ္ႏိုင္ငံၿမိဳ႕မ်ားမွာ ပင္စင္စနစ္နဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ား ဆက္လက္ျဖစ္ပြားေနၿပီး ဆႏၵျပပြဲ အရွိန္ျမင့္ တက္ေနေၾကာင္းသိရပါတယ္။ ျပင္သစ္ျပည္ထဲေရးဝန္ႀကီးက ဆႏၵျပပြဲမ်ားအတြင္း အၾကမ္းဖက္မႈမ်ား ျဖစ္လာ ေအာင္ ျပည္ပႏိုင္ငံမ်ား ၾကားဝင္စြက္ဖက္မႈမ်ားရွိေနေၾကာင္း ေျပာပါတယ္။

ျပင္သစ္ျပည္ထဲေရးဝန္ႀကီး Gerald Darmanin က ဆႏၵျပပြဲမတိုင္ခင္ ပဲရစ္ၿမိဳ႕မွာ ရဲတပ္ဖြဲ႕ဝင္ ၅ဝဝဝ ေက်ာ္ ထပ္မံ ျဖန႔္ၾကတ္ခ်ထားခဲ့ေၾကာင္း ေျပာပါတယ္။ ၎က "ဆႏၵျပပြဲေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ရဲတပ္ဖြဲ႕ေတြ လုပ္ေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားတယ္။ ျပည္ပႏိုင္ငံေတြက တက္ႂကြလႈပ္ရွားသူေတြဟာလည္း ပဲရစ္၊ နန္တက္ၿမိဳ႕ နဲ႔ ရင္းနစ္ၿမိဳ႕ေတြမွာ ျဖစ္ပြားေနတဲ့ဆႏၵျပပြဲေတြကို ပါဝင္ေနတယ္။ ျပည္ပႏိုင္ငံေတြကေန ပါဝင္လာတဲ့ သူေတြဟာ လက္ဝဲအစြန္းေရာက္ေရာက္ေတြ၊ မင္းမဲ့ဝါဒီေတြ ျဖစ္တယ္" လို႔ ေျပာပါတယ္။

အဆိုပါ ပင္စင္စနစ္ျပဳျပင္ေျပာင္းလဲေရးဥပေဒနဲ႔ပတ္သက္ၿပီး ျပင္သစ္ႏိုင္ငံမွာ ဆႏၵျပပြဲမ်ားျဖစ္ပြားေနရာ မတ္လ ၂၉ ရက္ကျဖစ္ပြားတဲ့ ႏိုင္ငံတဝွမ္းဆႏၵျပပြဲအတြင္း ျပည္သူတစ္သန္းေက်ာ္ ပါဝင္ခဲ့ေၾကာင္းသိရပါတယ္။ ျပင္သစ္ရဲတပ္ဖြဲ႕ေတြဟာ လမ္းေတြအေပၚမွာ မီးရႈိ႕ဆႏၵျပသူမ်ား၊ ရဲမ်ားနဲ႔ ထိပ္တိုက္ေတြ႕ဆုံဖို႔ ႀကိဳးပမ္းေနသူေပါင္း ရာခ်ီကို ဖမ္းဆီးခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.