အမေရိကန်ရဲ့အသံထက်မြန်တဲ့ ဒုံးကျည်စမ်းသပ်မှု မအောင်မြင်ခဲ့

 2055

ဂျန်ဇက် (NP News) - မတ် ၂၉

အမေရိကန်လေတပ်အနေနဲ့ ဒီလအစောပိုင်းက အသံထက်မြန်တဲ့ဒုံးကျည်ဖြစ်တဲ့ ARRW ကို ထပ်မံစမ်းသပ်ခဲ့ ပေမယ့်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း လေတပ်အကြီးအကဲဖရန်ကန်ဒယ်လ် က ထုတ်ဖော်ပြောဆိုလိုက်ပါ တယ်။

အမေရိကန်လေတပ်အကြီးအကဲဟာ လွှတ်တော်အတွင်း လာရောက်ရှင်းလင်းချိန်မှာ အခုလိုမျိုးထည့်သွင်းပြောဆို ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်ရဲ့ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်တဲ့ Lockheed Martin ကုမ္ပဏီ ဟာ အသံထက်မြန်တဲ့ဒုံးကျည်များ စမ်းသပ်ခဲ့ရာ အနည်းဆုံး လေးကြိမ်အထိ အောင်မြင်မှုမရခဲ့ကြောင်း ဆိုပါတယ်။

အမေရိကန်လေတပ်အကြီးအကဲ က "ကျွန်တော်တို့ဟာ အသံထက်မြန်တဲ့ ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ခဲ့ပေမယ့် လည်း အောင်မြင်မှုမရခဲ့ဘူး။ လက်ရှိအချိန်မှာ ဘာကြောင့်အောင်မြင်မှု မရသလဲဆိုတဲ့အချက်ကို လေ့လာသုံးသပ် နေတယ်" လို့ပြောပါတယ်။

အသံထက်မြန်တဲ့ ဒုံးကျည်စမ်းသပ်မှုတွေမှာ တရုတ်နဲ့ ရုရှားတို့ဟာ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့်လည်း အမေရိကန်ကတော့ မျှော်လင့်သလောက်အောင်မြင်မှုမရသေးဘဲ စမ်းသပ်မှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ အမေရိကန်လေတပ်အကြီးအကဲက မတ်လ ၁၃ ရက်မှာ ကာရိုလိုင်းနားပြည်နယ် တောင်ပိုင်းမှာ အသံထက်မြန်တဲ့ခရုဇ်ဒုံးကျည် စမ်းသပ်ခဲ့ကြောင်း၊ ဒါပေမယ့် မအောင်မြင်ခဲ့ကြောင်း ပြောပါတယ်။

အမေရိကန်လေတပ်အကြီးအကဲရဲ့ ပြောဆိုချက်တွေဟာ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များကို အံ့အားသင့် မှုတွေ ဖြစ်စေခဲ့ကြောင်း သိရပါတယ်။ အမေရိကန်ဟာ အသံထက်မြန်တဲ့ ဒုံးကျည်ဖြစ်တဲ့ ARRW စမ်းသပ်မှုတွေကို ၂ဝ၁၈ ခုနှစ်မှာ စတင်ခဲ့ပြီး ၂ဝ၂၁ ခုနှစ်အတွင်း သုံးကြိမ် စမ်းသပ်ခဲ့ရာ အောင်မြင်မှုမရဘဲ စမ်းသပ်မှုတွေ နှောင့်နှေး ခဲ့ရကြောင်း သိရပါတယ်။ အသံထက်မြန်တဲ့ဒုံးကျည်တွေဟာ အသံနှုန်းထက် ပိုမြန်ပြီး ပိုမြင့်တဲ့နေရာက ပျံသန်း နိုင်ရာ ပစ်ချဖို့ ခက်ခဲတဲ့ဒုံးကျည်မျိုးဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
အေမရိကန္ရဲ႕အသံထက္ျမန္တဲ့ ဒုံးက်ည္စမ္းသပ္မႈ မေအာင္ျမင္ခဲ့
ဂ်န္ဇက္ (NP News) - မတ္ ၂၉

အေမရိကန္ေလတပ္အေနနဲ႔ ဒီလအေစာပိုင္းက အသံထက္ျမန္တဲ့ဒုံးက်ည္ျဖစ္တဲ့ ARRW ကို ထပ္မံစမ္းသပ္ခဲ့ ေပမယ့္လည္း ေအာင္ျမင္မႈမရရွိခဲ့ေၾကာင္း ေလတပ္အႀကီးအကဲဖရန္ကန္ဒယ္လ္ က ထုတ္ေဖာ္ေျပာဆိုလိုက္ပါ တယ္။

အေမရိကန္ေလတပ္အႀကီးအကဲဟာ လႊတ္ေတာ္အတြင္း လာေရာက္ရွင္းလင္းခ်ိန္မွာ အခုလိုမ်ိဳးထည့္သြင္းေျပာဆို ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ အေမရိကန္ရဲ႕ကာကြယ္ေရးပစၥည္းမ်ား ထုတ္လုပ္တဲ့ Lockheed Martin ကုမၸဏီ ဟာ အသံထက္ျမန္တဲ့ဒုံးက်ည္မ်ား စမ္းသပ္ခဲ့ရာ အနည္းဆုံး ေလးႀကိမ္အထိ ေအာင္ျမင္မႈမရခဲ့ေၾကာင္း ဆိုပါတယ္။

အေမရိကန္ေလတပ္အႀကီးအကဲ က "ကြၽန္ေတာ္တို႔ဟာ အသံထက္ျမန္တဲ့ ဒုံးက်ည္စမ္းသပ္မႈေတြ လုပ္ခဲ့ေပမယ့္ လည္း ေအာင္ျမင္မႈမရခဲ့ဘူး။ လက္ရွိအခ်ိန္မွာ ဘာေၾကာင့္ေအာင္ျမင္မႈ မရသလဲဆိုတဲ့အခ်က္ကို ေလ့လာသုံးသပ္ ေနတယ္" လို႔ေျပာပါတယ္။

အသံထက္ျမန္တဲ့ ဒုံးက်ည္စမ္းသပ္မႈေတြမွာ တ႐ုတ္နဲ႔ ႐ုရွားတို႔ဟာ ေအာင္ျမင္မႈေတြ ရရွိခဲ့ေပမယ့္လည္း အေမရိကန္ကေတာ့ ေမွ်ာ္လင့္သေလာက္ေအာင္ျမင္မႈမရေသးဘဲ စမ္းသပ္မႈေတြ ဆက္လက္ လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။ အေမရိကန္ေလတပ္အႀကီးအကဲက မတ္လ ၁၃ ရက္မွာ ကာ႐ိုလိုင္းနားျပည္နယ္ ေတာင္ပိုင္းမွာ အသံထက္ျမန္တဲ့ခ႐ုဇ္ဒုံးက်ည္ စမ္းသပ္ခဲ့ေၾကာင္း၊ ဒါေပမယ့္ မေအာင္ျမင္ခဲ့ေၾကာင္း ေျပာပါတယ္။

အေမရိကန္ေလတပ္အႀကီးအကဲရဲ႕ ေျပာဆိုခ်က္ေတြဟာ အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို အံ့အားသင့္ မႈေတြ ျဖစ္ေစခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္ဟာ အသံထက္ျမန္တဲ့ ဒုံးက်ည္ျဖစ္တဲ့ ARRW စမ္းသပ္မႈေတြကို ၂ဝ၁၈ ခုႏွစ္မွာ စတင္ခဲ့ၿပီး ၂ဝ၂၁ ခုႏွစ္အတြင္း သုံးႀကိမ္ စမ္းသပ္ခဲ့ရာ ေအာင္ျမင္မႈမရဘဲ စမ္းသပ္မႈေတြ ေႏွာင့္ေႏွး ခဲ့ရေၾကာင္း သိရပါတယ္။ အသံထက္ျမန္တဲ့ဒုံးက်ည္ေတြဟာ အသံႏႈန္းထက္ ပိုျမန္ၿပီး ပိုျမင့္တဲ့ေနရာက ပ်ံသန္း ႏိုင္ရာ ပစ္ခ်ဖို႔ ခက္ခဲတဲ့ဒုံးက်ည္မ်ိဳးျဖစ္ေၾကာင္း သိရပါတယ္။

Picture

L Mone

29/03/2023 18:30

သောက်ရှက်တော့ကွဲပါပြီ

Related news

© 2021. All rights reserved.