နိုင်ငံတကာရာဇဝတ်တရားရုံး ICC အဖွဲ့နဲ့ ဆက်ဆံမှုအားလုံး ပြတ်တောက်လိုက်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ပြော

 1203

ဂျန်ဇက် (NP News) - မတ် ၂၉

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC အဖွဲ့နဲ့ အဆက်အသွယ်အားလုံး ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုစ့် က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူများအပေါ် အစိုးရက ဖြိုခွင်းမှုများနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ့်အစီအစဉ်ကို ဆိုင်းငံထားဖို့ ဖိလစ်ပိုင်အစိုးရကတောင်းဆိုချက်ကို ICC တရားရုံးက ပယ်ချခဲ့ပြီး နောက် သမ္မတမာကိုစ့်က အခုလိုမျိုး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဖိလစ်ပိုင်သမ္မတက "ICC တရားရုံးမှာ ပါဝင်ပတ်သက်နေမှုအားလုံးကို အဆုံးသတ်လိုက်ပါတယ်။ လက်ရှိအချိန်မှာ ICC နဲ့ပတ်သက်တဲ့ဆက်သွယ်ဆောင်ရွက်မှုတွေကို လုပ်ဖို့မလိုတော့ဘူး" လို့ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးလက်ထက်က မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ဖြိုခွင်းခဲ့ရာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ICC က ဖိလစ်ပိုင်နိုင်ငံအတွင်း စုံစမ်းစစ်ဆေးဖို့ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ICC ဟာ စုံစမ်းစစ်ဆေးမှုတွေကို ၂ဝ၂၁ ခုနှစ်က ဆိုင်းငံ့ခဲ့ပေမယ့်လည်း ဒီနှစ်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြန်လုပ်ဖို့ စီစဉ်ခဲ့ ကြောင်း သိရပါတယ်။

ဖိလစ်ပိုင်သမ္မတ က "ကျွန်တော်တို့ဟာ ICC နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်တော့မှာမဟုတ်ဘူး၊။ ICC ဟာ အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့နိုင်ငံကို တစ်ဖက်သတ်တိုက်ခိုက်ဖို့၊ကြားဝင်စွက်ဖက်ဖို့ စဉ်းစားနေတယ်" လို့ ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးလက်ထက် ၂ဝ၁၈ ခုနှစ်တုန်းကလည်း ဖိလစ်ပိုင်နိုင်ငံဟာ ICC စာချုပ်မှာ ပါဝင် လက်မှတ်ထိုးမှုတွေကို ပြန်ရုတ်သိမ်းနှုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးရဲ့သမီးဖြစ်သူ ဆာရာဒူတာတေး ဟာ ဖိလစ်ပိုင်အစိုးရအဖွဲ့အတွင်း ဒုတိယသမ္မတ အဖြစ် တာဝန်ယူနေ ကြောင်း သိရပါတယ်။

ICC ရဲ့စည်းကမ်းသတ်မှတ်ချက်များထဲမှာ အဖွဲ့ဝင်နိုင်ငံအဖြစ်ရှိနေတဲ့ နိုင်ငံအပေါ်သာ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုများ နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ သက်ရောက်မှုရှိမှာဖြစ်ကြောင်း သိရပါတယ်။ ICC ဟာ ပြီးခဲ့တဲ့သီတင်းပတ်တုန်း ကလည်း ရုရှားသမ္မတပူတင် နဲ့ အစိုးရတာဝန်ရှိသူတစ်ဦးကို စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပြီး၊ ရုရှားဘက်က ငြင်းဆန်ပယ်ချခဲ့ဖူးတယ်လို့ သိရပါတယ်။

Zawgyi Version;
ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC အဖြဲ႕နဲ႔ ဆက္ဆံမႈအားလုံး ျပတ္ေတာက္လိုက္ၿပီျဖစ္ေၾကာင္း ဖိလစ္ပိုင္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၉

ဖိလစ္ပိုင္ႏိုင္ငံအေနနဲ႔ ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC အဖြဲ႕နဲ႔ အဆက္အသြယ္အားလုံး ျဖတ္ေတာက္လိုက္ၿပီ ျဖစ္ေၾကာင္း ဖိလစ္ပိုင္သမၼတဖာဒီနန္မာကိုစ့္ က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံအတြင္းျဖစ္ပြားခဲ့တဲ့ မူးယစ္ေဆးဝါးေရာင္းဝယ္သူမ်ားအေပၚ အစိုးရက ၿဖိဳခြင္းမႈမ်ားနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမယ့္အစီအစဥ္ကို ဆိုင္းငံထားဖို႔ ဖိလစ္ပိုင္အစိုးရကေတာင္းဆိုခ်က္ကို ICC တရား႐ုံးက ပယ္ခ်ခဲ့ၿပီး ေနာက္ သမၼတမာကိုစ့္က အခုလိုမ်ိဳး လူသိရွင္ၾကား ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဖိလစ္ပိုင္သမၼတက "ICC တရား႐ုံးမွာ ပါဝင္ပတ္သက္ေနမႈအားလုံးကို အဆုံးသတ္လိုက္ပါတယ္။ လက္ရွိအခ်ိန္မွာ ICC နဲ႔ပတ္သက္တဲ့ဆက္သြယ္ေဆာင္႐ြက္မႈေတြကို လုပ္ဖို႔မလိုေတာ့ဘူး" လို႔ေျပာပါတယ္။

ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးလက္ထက္က မူးယစ္ေဆးဝါးေရာင္းဝယ္သူမ်ားကို ၿဖိဳခြင္းခဲ့ရာ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီး ICC က ဖိလစ္ပိုင္ႏိုင္ငံအတြင္း စုံစမ္းစစ္ေဆးဖို႔ စီစဥ္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရပါတယ္။ ICC ဟာ စုံစမ္းစစ္ေဆးမႈေတြကို ၂ဝ၂၁ ခုႏွစ္က ဆိုင္းငံ့ခဲ့ေပမယ့္လည္း ဒီႏွစ္မွာ စုံစမ္းစစ္ေဆးမႈေတြ ျပန္လုပ္ဖို႔ စီစဥ္ခဲ့ ေၾကာင္း သိရပါတယ္။

ဖိလစ္ပိုင္သမၼတ က "ကြၽန္ေတာ္တို႔ဟာ ICC နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြလုပ္ေတာ့မွာမဟုတ္ဘူး၊။ ICC ဟာ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္တဲ့ႏိုင္ငံကို တစ္ဖက္သတ္တိုက္ခိုက္ဖို႔၊ၾကားဝင္စြက္ဖက္ဖို႔ စဥ္းစားေနတယ္" လို႔ ေျပာပါတယ္။

ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးလက္ထက္ ၂ဝ၁၈ ခုႏွစ္တုန္းကလည္း ဖိလစ္ပိုင္ႏိုင္ငံဟာ ICC စာခ်ဳပ္မွာ ပါဝင္ လက္မွတ္ထိုးမႈေတြကို ျပန္႐ုတ္သိမ္းႏႈတ္ထြက္ခဲ့ေၾကာင္း သိရပါတယ္။ လက္ရွိအခ်ိန္မွာ ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတးရဲ႕သမီးျဖစ္သူ ဆာရာဒူတာေတး ဟာ ဖိလစ္ပိုင္အစိုးရအဖြဲ႕အတြင္း ဒုတိယသမၼတ အျဖစ္ တာဝန္ယူေန ေၾကာင္း သိရပါတယ္။

ICC ရဲ႕စည္းကမ္းသတ္မွတ္ခ်က္မ်ားထဲမွာ အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ရွိေနတဲ့ ႏိုင္ငံအေပၚသာ က်ဴးလြန္ခဲ့တဲ့ရာဇဝတ္မႈမ်ား နဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးဖို႔ သက္ေရာက္မႈရွိမွာျဖစ္ေၾကာင္း သိရပါတယ္။ ICC ဟာ ၿပီးခဲ့တဲ့သီတင္းပတ္တုန္း ကလည္း ႐ုရွားသမၼတပူတင္ နဲ႔ အစိုးရတာဝန္ရွိသူတစ္ဦးကို စစ္ရာဇဝတ္မႈနဲ႔ ဖမ္းဝရမ္းထုတ္ခဲ့ၿပီး၊ ႐ုရွားဘက္က ျငင္းဆန္ပယ္ခ်ခဲ့ဖူးတယ္လို႔ သိရပါတယ္။

Picture

L Mone

29/03/2023 19:50

ဗုဒ္ဓဘာသာကိုပဲ အနိုင်ကျင့်ရဲကြတာပါဗျာ...။ဒါကိုပြည်တွင်းက မလည်ရှုပ်နာမည်ကြီးရူးတွေက မသိကြဘူး (ဆောင်းခ)ဆောင်းခံလို ကောင်တွေ အတော်ရှိနေသေးတယ်ဗျ

Picture

L Mone

29/03/2023 19:50

ဗုဒ္ဓဘာသာကိုပဲ အနိုင်ကျင့်ရဲကြတာပါဗျာ...။ဒါကိုပြည်တွင်းက မလည်ရှုပ်နာမည်ကြီးရူးတွေက မသိကြဘူး (ဆောင်းခ)ဆောင်းခံလို ကောင်တွေ အတော်ရှိနေသေးတယ်ဗျ

Picture

L Mone

29/03/2023 19:50

ဗုဒ္ဓဘာသာကိုပဲ အနိုင်ကျင့်ရဲကြတာပါဗျာ...။ဒါကိုပြည်တွင်းက မလည်ရှုပ်နာမည်ကြီးရူးတွေက မသိကြဘူး (ဆောင်းခ)ဆောင်းခံလို ကောင်တွေ အတော်ရှိနေသေးတယ်ဗျ

Related news

© 2021. All rights reserved.