ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့ အစ္စမေးလီစင်တာမှာ အမျိုးသမီးနှစ်ဦး ဓားထိုးသတ်ခံခဲ့ရ

 577

ရောင်နီ (NP News) - မတ် ၂၉

ပေါ်တူဂီနိုင်ငံ မြို့တော်လစ္စဘွန်းရှိ အစ္စမေးလီစင်တာတစ်ခုမှာ ဓားထိုးသတ်ဖြတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပေါ်တူဂီအာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

မတ်လ ၂၈ ရက်၊ အင်္ဂါနေ့ နံနက် ၁၁ နာရီမတိုင်မီက စင်တာမှာ ဓားရှည်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်နက်ချဖို့ သတိပေးချက်တွေကို မနာခံတဲ့အတွက် ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ကာ သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရခြင်းကြောင့် အသက် ၄၉ နှစ်နဲ့ ၂၄ နှစ်ရှိ ဝန်းကျင်ရှိတဲ့ ဝန်ထမ်းအမျိုးသမီးနှစ်ဦး တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း တီဗွီဌာန RTP မှ သတင်းပေးပို့ချက်အရ သိရပါတယ်။ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သေဆုံးသူတွေကို တရားဝင် ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်းနဲ့ တိုက်ခိုက်မှုဟာ "အကြမ်းဖက်တိုက်ခိုက်မှု” လို့ သံသယရှိထားကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်သူမှာ အာဖဂန်ဒုက္ခသည်တစ်ဦးဖြစ်ပြီး ကလေးသုံးဦးရဲ့ဖခင်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာများမှ ဖော်ပြချက်အရ သိရပါတယ်။ ဝန်ကြီးချုပ် အန်တိုနီယိုကော်စတာက သေဆုံးသူများရဲ့မိသားစုများနဲ့ ပေါ်တူဂီရှိ အစ္စလာမ္မစ်အသိုင်းအဝိုင်းအား ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။

"ဒီရာဇဝတ်မှုဖြစ်ရတဲ့အကြောင်းရင်းကို ခန့်မှန်းဖို့ စောလွန်းတယ်၊ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုရလဒ်ကို စောင့်ရ မှာပဲ” လို့ ကော်စတာ က ဆိုပါတယ်။

ပေါ်တူဂီနိုင်ငံဟာ ကမ္ဘာပေါ်မှာ အလုံခြုံဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံထားရပြီး အစ္စလာမ်မုန်းတီးရေး တိုက်ခိုက်မှုများ (သို့မဟုတ်) ယေဘုယျအားဖြင့် ရာဇဝတ်မှု အဆင့်မြင့်မားမှုကို ကြုံတွေ့ရလေ့ မရှိပါဘူး။ လူဦးရေ ၁ဝ သန်းခန့်ရှိသော ပေါ်တူဂီမှာ အစ္စမေးလီ မွတ်စလင် ၇ဝဝဝ ခန့် ရှိတယ်လို့ သိရပါတယ်။

Zawgyi Version;
ေပၚတူဂီႏိုင္ငံ၊ လစၥဘြန္းၿမိဳ႕ အစၥေမးလီစင္တာမွာ အမ်ိဳးသမီးႏွစ္ဦး ဓားထိုးသတ္ခံခဲ့ရ
ေရာင္နီ (NP News) - မတ္ ၂၉

ေပၚတူဂီႏိုင္ငံ ၿမိဳ႕ေတာ္လစၥဘြန္းရွိ အစၥေမးလီစင္တာတစ္ခုမွာ ဓားထိုးသတ္ျဖတ္မႈတစ္ခုျဖစ္ပြားခဲ့ရာ လူႏွစ္ဦး ေသဆုံးၿပီး အမ်ားအျပား ဒဏ္ရာရရွိခဲ့ေၾကာင္း ေပၚတူဂီအာဏာပိုင္မ်ားက ေျပာၾကားခဲ့ပါတယ္။

မတ္လ ၂၈ ရက္၊ အဂၤါေန႔ နံနက္ ၁၁ နာရီမတိုင္မီက စင္တာမွာ ဓားရွည္ကိုင္ေဆာင္ထားတဲ့ အမ်ိဳးသားတစ္ဦးကို ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။ လက္နက္ခ်ဖို႔ သတိေပးခ်က္ေတြကို မနာခံတဲ့အတြက္ ရဲတပ္ဖြဲ႕က ေသနတ္နဲ႔ပစ္ခတ္ကာ သံသယရွိသူကို ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။

တိုက္ခိုက္ခံရျခင္းေၾကာင့္ အသက္ ၄၉ ႏွစ္နဲ႔ ၂၄ ႏွစ္ရွိ ဝန္းက်င္ရွိတဲ့ ဝန္ထမ္းအမ်ိဳးသမီးႏွစ္ဦး တိုက္ခိုက္မႈအတြင္း ေသဆုံးခဲ့ေၾကာင္း တီဗြီဌာန RTP မွ သတင္းေပးပို႔ခ်က္အရ သိရပါတယ္။ ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေသဆုံးသူေတြကို တရားဝင္ ေဖာ္ထုတ္ႏိုင္ျခင္း မရွိေသးေၾကာင္းနဲ႔ တိုက္ခိုက္မႈဟာ "အၾကမ္းဖက္တိုက္ခိုက္မႈ” လို႔ သံသယရွိထားေၾကာင္း ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

တိုက္ခိုက္သူမွာ အာဖဂန္ဒုကၡသည္တစ္ဦးျဖစ္ၿပီး ကေလးသုံးဦးရဲ႕ဖခင္ျဖစ္ေၾကာင္း ေဒသတြင္းမီဒီယာမ်ားမွ ေဖာ္ျပခ်က္အရ သိရပါတယ္။ ဝန္ႀကီးခ်ဳပ္ အန္တိုနီယိုေကာ္စတာက ေသဆုံးသူမ်ားရဲ႕မိသားစုမ်ားနဲ႔ ေပၚတူဂီရွိ အစၥလာမၼစ္အသိုင္းအဝိုင္းအား ဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

"ဒီရာဇဝတ္မႈျဖစ္ရတဲ့အေၾကာင္းရင္းကို ခန႔္မွန္းဖို႔ ေစာလြန္းတယ္၊ ကြၽန္ေတာ္တို႔ စုံစမ္းစစ္ေဆးမႈရလဒ္ကို ေစာင့္ရ မွာပဲ” လို႔ ေကာ္စတာ က ဆိုပါတယ္။

ေပၚတူဂီႏိုင္ငံဟာ ကမာၻေပၚမွာ အလုံၿခဳံဆုံးႏိုင္ငံတစ္ႏိုင္ငံအျဖစ္ သတ္မွတ္ခံထားရၿပီး အစၥလာမ္မုန္းတီးေရး တိုက္ခိုက္မႈမ်ား (သို႔မဟုတ္) ေယဘုယ်အားျဖင့္ ရာဇဝတ္မႈ အဆင့္ျမင့္မားမႈကို ႀကဳံေတြ႕ရေလ့ မရွိပါဘူး။ လူဦးေရ ၁ဝ သန္းခန႔္ရွိေသာ ေပၚတူဂီမွာ အစၥေမးလီ မြတ္စလင္ ၇ဝဝဝ ခန႔္ ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.