မက္ကဆီကိုနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် မီးလောင်မှုကြောင့် အနည်းဆုံး လူ(၄ဝ) သေဆုံး

 340

မက္ကဆီကိုနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် မီးလောင်မှုကြောင့် အနည်းဆုံး လူ(၄ဝ) သေဆုံး
Pika (NP News) - မတ် ၂၉

အမေရိကန်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော မက္ကဆီကိုနိုင်ငံမြို့တစ်ခုဖြစ်သည့် Ciudad Juárez မြို့ရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် မီးလောင်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၄ဝ) ဦး သေဆုံးခဲ့ပြီး အခြားလူ(၂၉)ဦး ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာန (INM) မှ ထုတ်ပြန် သော အချက်အလက်များအရ သိရသည်။

လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် မီးလောင်မှုများဖြစ်ပွားခဲ့ပြီးနောက် အတန်းလိုက်စီထားသော အလောင်းများကို စောင်များဖြင့် ဖုံးအုပ်ထားသည်ကို ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ခဲ့ရသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ (၂၉)ဦးကို ဒေသဆိုင်ရာဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း INM က ပြောကြားခဲ့ သည်။ ထိန်းသိမ်းရေးစခန်းတွင် မီးလောင်မှုများ စတင်ဖြစ်ပွားပြီးနောက် ဒါဇင်နှင့်ချီသော အရေးပေါ်လူနာတင် ယာဥ်များ နှင့် မီးသတ်သမား အများအပြားသည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှု ဘာကြောင့်ဖြစ်ပွားရသည်ဆိုသည့်အချက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ ထိန်းသိမ်းရေးစခန်းတွင် ဗဟိုအမေရိက နှင့် တောင်အမေရိကတို့မှ အရွယ်ရောက်ပြီးသူ (၆၈) ဦးကို ထားရှိခဲ့ကြောင်း နှင့် မီးလောင်မှုအတွင်း သေဆုံးသူများကို ဖော်ထုတ်ရန်အတွက် နိုင်ငံအသီးသီးမှ ကောင်စစ် ဝန်အရာရှိများနှင့် ဆက်သွယ်နေကြောင်း INM က ထုတ်ပြန်သောအချက်အလက်များအရ သိရသည်။

အဆိုပါထိန်းသိမ်းရေးစခန်းတွင် ကိုလံဘီယာနိုင်ငံသား(၁)ဦး၊ အီကွေဒေါနိုင်ငံသား(၁)ဦး၊ ဆော်လ်ဗေဒေါလူမျိုး (၁၂)ဦး၊ ဂွါတီမာလာနိုင်ငံသား(၂၈)ဦး၊ ဟွန်ဒူးရပ်စ်နိုင်ငံသား(၁၃)ဦး နှင့် ဗင်နီဇွဲလားနိုင်ငံသား(၁၂)ဦး တို့ကို ထားရှိ ကြောင်း မက္ကဆီကိုရှေ့နေချုပ်ရုံးက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ဂွာတီမာလာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အင်စတီကျုက ၎င်းတို့၏ နိုင်ငံသားအလောင်းများကို ပြန်လည်ရရှိ ရန်အတွက် မိသားစုဝင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။ (၂ဝ၁၄) ခုနှစ်မှ စတင်ပြီး အမေရိကန်သို့ ဝင်ရောက်ရန်ကြိုးပမ်းခဲ့သော ရွှေ့ပြောင်းနေထိုင်သူ (၇၆၆၁) ဦးသည် သေဆုံး (သို့မဟုတ်) ပျောက်ဆုံးသွားခဲ့ပြီး အခြား(၉၈၈) ဦးမှာ ယာဥ်မတော်တဆမှုသို့မဟုတ် ကြမ်းတမ်းသောခရီးစဥ်များကြောင့် သေဆုံးသွားခဲ့ကြောင်း နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့(IOM) ၏ မကြာသေးမီက ထုတ်ပြန်ထားသော အစီရင်ခံစာအရ သိရသည်။

Zawgyi Version;
မကၠဆီကိုႏိုင္ငံရွိ လူဝင္မႈႀကီးၾကပ္ေရးထိန္းသိမ္းေရးစခန္းတြင္ မီးေလာင္မႈေၾကာင့္ အနည္းဆုံး လူ(၄ဝ) ေသဆုံး
Pika (NP News) - မတ္ ၂၉

အေမရိကန္ႏိုင္ငံႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာ မကၠဆီကိုႏိုင္ငံၿမိဳ႕တစ္ခုျဖစ္သည့္ Ciudad Juárez ၿမိဳ႕ရွိ လူဝင္မႈႀကီးၾကပ္ေရးထိန္းသိမ္းေရးစခန္းတြင္ မီးေလာင္မႈမ်ားျဖစ္ပြားခဲ့ရာ အနည္းဆုံး လူ(၄ဝ) ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၂၉)ဦး ျပင္းထန္စြာထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အမ်ိဳးသားလူဝင္မႈႀကီးၾကပ္ေရးဌာန (INM) မွ ထုတ္ျပန္ ေသာ အခ်က္အလက္မ်ားအရ သိရသည္။

လူဝင္မႈႀကီးၾကပ္ေရးထိန္းသိမ္းေရးစခန္းတြင္ မီးေလာင္မႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ အတန္းလိုက္စီထားေသာ အေလာင္းမ်ားကို ေစာင္မ်ားျဖင့္ ဖုံးအုပ္ထားသည္ကို ဆိုရွယ္မီဒီယာေပၚတြင္ တင္ထားေသာ ဗီဒီယိုဖိုင္တစ္ခုတြင္ ေတြ႕ခဲ့ရသည္။

ထို႔အျပင္ ထိခိုက္ဒဏ္ရာရရွိသူ (၂၉)ဦးကို ေဒသဆိုင္ရာေဆး႐ုံမ်ားသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း INM က ေျပာၾကားခဲ့ သည္။ ထိန္းသိမ္းေရးစခန္းတြင္ မီးေလာင္မႈမ်ား စတင္ျဖစ္ပြားၿပီးေနာက္ ဒါဇင္ႏွင့္ခ်ီေသာ အေရးေပၚလူနာတင္ ယာဥ္မ်ား ႏွင့္ မီးသတ္သမား အမ်ားအျပားသည္ အခင္းျဖစ္ပြားရာေနရာသို႔ ခ်က္ခ်င္းေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။

အဆိုပါမီးေလာင္မႈ ဘာေၾကာင့္ျဖစ္ပြားရသည္ဆိုသည့္အခ်က္ကို ဆက္လက္စုံစမ္းေနဆဲျဖစ္ေၾကာင္းလည္း သိရသည္။ အဆိုပါ ထိန္းသိမ္းေရးစခန္းတြင္ ဗဟိုအေမရိက ႏွင့္ ေတာင္အေမရိကတို႔မွ အ႐ြယ္ေရာက္ၿပီးသူ (၆၈) ဦးကို ထားရွိခဲ့ေၾကာင္း ႏွင့္ မီးေလာင္မႈအတြင္း ေသဆုံးသူမ်ားကို ေဖာ္ထုတ္ရန္အတြက္ ႏိုင္ငံအသီးသီးမွ ေကာင္စစ္ ဝန္အရာရွိမ်ားႏွင့္ ဆက္သြယ္ေနေၾကာင္း INM က ထုတ္ျပန္ေသာအခ်က္အလက္မ်ားအရ သိရသည္။

အဆိုပါထိန္းသိမ္းေရးစခန္းတြင္ ကိုလံဘီယာႏိုင္ငံသား(၁)ဦး၊ အီေကြေဒါႏိုင္ငံသား(၁)ဦး၊ ေဆာ္လ္ေဗေဒါလူမ်ိဳး (၁၂)ဦး၊ ဂြါတီမာလာႏိုင္ငံသား(၂၈)ဦး၊ ဟြန္ဒူးရပ္စ္ႏိုင္ငံသား(၁၃)ဦး ႏွင့္ ဗင္နီဇြဲလားႏိုင္ငံသား(၁၂)ဦး တို႔ကို ထားရွိ ေၾကာင္း မကၠဆီကိုေရွ႕ေနခ်ဳပ္႐ုံးက ထုတ္ျပန္ေသာ အခ်က္အလက္မ်ားအရ သိရသည္။

ဂြာတီမာလာ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားဆိုင္ရာ အင္စတီက်ဳက ၎တို႔၏ ႏိုင္ငံသားအေလာင္းမ်ားကို ျပန္လည္ရရွိ ရန္အတြက္ မိသားစုဝင္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေျပာဆိုခဲ့သည္။ (၂ဝ၁၄) ခုႏွစ္မွ စတင္ၿပီး အေမရိကန္သို႔ ဝင္ေရာက္ရန္ႀကိဳးပမ္းခဲ့ေသာ ေ႐ႊ႕ေျပာင္းေနထိုင္သူ (၇၆၆၁) ဦးသည္ ေသဆုံး (သို႔မဟုတ္) ေပ်ာက္ဆုံးသြားခဲ့ၿပီး အျခား(၉၈၈) ဦးမွာ ယာဥ္မေတာ္တဆမႈသို႔မဟုတ္ ၾကမ္းတမ္းေသာခရီးစဥ္မ်ားေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း ႏိုင္ငံတကာေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားအဖြဲ႕(IOM) ၏ မၾကာေသးမီက ထုတ္ျပန္ထားေသာ အစီရင္ခံစာအရ သိရသည္။

Related news

© 2021. All rights reserved.