နေတိုးအဖွဲ့နှင့် ပူးပေါင်းမည်ဆိုလျှင် ဖင်လန်နှင့် ဆွီဒင်တို့က ရုရှား၏ ပစ်မှတ်များဖြစ်လာမည်ဖြစ်ဟု ရုရှားသံအမတ်ကြီးသတိပေး

 735

Pika (NP News) - မတ် ၂၉

ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့သည် နေတိုးအဖွဲ့ကို ပူးပေါင်းမည်ဆိုပါက ရုရှား၏ ပစ်မှတ်များဖြစ်လာမည်ဖြစ်ကြောင်း ဆွီဒင်နိုင်ငံ Stockholm မြို့ရှိ ရုရှားသံအမတ်က သတိပေးပြောဆိုခဲ့သည်။

ရုရှားသံအမတ် Viktor Tatarintsev က "ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ နေတိုးအဖွဲ့ထဲကို ပူးပေါင်းလိုက်မယ်ဆိုရင် ရုရှားနဲ့ နေတိုးအဖွဲ့ကြား နယ်နိမိတ်မျဥ်း အရှည်က နှစ်ဆနီးပါးရှိလာပါလိမ့်မယ်။ ဒီလိုလုပ်တာက ဥရောပရဲ့ လုံခြုံရေးကို မြှင့်တင်ပေးနိုင်မယ်လို့ တစ်ယောက်ယောက်က ထင်နေပါတယ်။ နေတိုးအဖွဲ့ကို ပူးပေါင်းလိုက်မယ် ဆိုရင် ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ဟာ ရုရှားဖက်က တုံ့ပြန်မယ့်အစီအစဥ်ရဲ့ တရားဝင်ပစ်မှတ်တွေ ဖြစ်လာပါလိမ့်မယ်" ဟု ပြောဆိုခဲ့သည်။

ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက် ဖင်လန်နှင့် ဆွီဒင်တို့သည် ပြီးခဲ့သည့်မေလက နေတိုးအဖွဲ့နှင့်ပူးပေါင်းရန် ကမ်းလှမ်းမှုများ တင်သွင်းခဲ့ခြင်းနှင့်ပတ်သက်ပြီး ရုရှားဖက်က အကြိမ်ကြိမ်သတိပေးခဲ့ကြောင်း သိရသည်။ ရုရှား သည် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့တွင် နေတိုးအဖွဲ့ကို ပူးပေါင်းခြင်းနှင့် ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့ရာ ဖင်လန်တွင် ထောက်ခံသူ(၈ဝ) ရာခိုင်နှုန်းခဲ့ပြီး ဆွီဒင်တွင် ထောက်ခံသူမှာ သုံးပုံပုံ နှစ်ပုံနီးပါး ရှိခဲ့ကြောင်းသိရသည်။ နေတိုးအဖွဲ့၏ စည်းမျဥ်းများအရ အဖွဲ့ဝင်နိုင်ငံ(၃ဝ) က ဖင်လန် နှင့် ဆွီဒင်တို့၏ လျှောက်လွှာများကို အတည်ပြုပြီးမှသာ ၎င်းတို့သည်အဖွဲ့ဝင်ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် ဖင်လန်နိုင်ငံသည် နေတိုးအဖွဲ့သို့ ဝင်‌ရောက်ခွင့်ရရန်အတွက် တောင်းဆိုမှုများကို တူရကီနိုင်ငံက အတည်ပြုခြင်းကိုစောင့်နေကြောင်းလည်းသိရသည်။ နေတိုးအဖွဲ့နှင့်ပူးပေါင်းရန် ဆွီဒင်နိုင်ငံ၏ တောင်းဆိုချက်နှင့် ပတ်သက်ပြီး ဟန်ဂေရီနှင့် တူရကီတို့က အတည်ပြု‌ပေးရန် နှောင့်နှေးနေဆဲဖြစ်ကြောင်း သိရသည်။

သို့သော်လည်း ဆွီဒင်တာဝန်ရှိသူများသည် လစ်သူယေးနီးယားနိုင်ငံတွင် လာမည့်ဇူလိုင်လမှာ ကျင်းပမည့် နေတိုး ထိပ်သီးအစည်းအဝေးပွဲမတိုင်ခင် နေတိုးအဖွဲ့နှင့် ပူးပေါင်းနိုင်ရန် မျှော်လင့်နေဆဲဖြစ်ကြောင်း သိရသည်။ ရုရှားသံအမတ် Viktor Tatarintsev က "ဆွီဒင်နိုင်ငံဟာ ချောက်ထဲကို ခြေလှမ်းနေသလိုပါပဲ။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမပါဘဲ ယူကရိန်းပဋိပက္ခကို ပါဝင်ဖို့ တွန်းအားပေးခဲ့တဲ့ နေတိုးအဖွဲ့ရဲ့အမိန့်က ဆွီဒင်နိုင်ငံအတွက် အန္တရာယ်တွေ ဖြစ်စေပါတယ်။ ဒီကိစ္စမှာ ဆွီဒင်နိုင်ငံဟာ အခြားသူတွေရဲ့အကျိုးစီးပွားအတွက် သူတို့ရဲ့ သေခြင်းဆီကို အပို့ဆောင်ခံရမှာ အသေအချာပါပဲ" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ေနတိုးအဖြဲ႕ႏွင့္ ပူးေပါင္းမည္ဆိုလွ်င္ ဖင္လန္ႏွင့္ ဆြီဒင္တို႔က ႐ုရွား၏ ပစ္မွတ္မ်ားျဖစ္လာမည္ျဖစ္ဟု ႐ုရွားသံအမတ္ႀကီးသတိေပး
Pika (NP News) - မတ္ ၂၉

ဖင္လန္ႏွင့္ ဆြီဒင္ႏိုင္ငံတို႔သည္ ေနတိုးအဖြဲ႕ကို ပူးေပါင္းမည္ဆိုပါက ႐ုရွား၏ ပစ္မွတ္မ်ားျဖစ္လာမည္ျဖစ္ေၾကာင္း ဆြီဒင္ႏိုင္ငံ Stockholm ၿမိဳ႕ရွိ ႐ုရွားသံအမတ္က သတိေပးေျပာဆိုခဲ့သည္။

႐ုရွားသံအမတ္ Viktor Tatarintsev က "ဖင္လန္နဲ႔ ဆြီဒင္ႏိုင္ငံတို႔ ေနတိုးအဖြဲ႕ထဲကို ပူးေပါင္းလိုက္မယ္ဆိုရင္ ႐ုရွားနဲ႔ ေနတိုးအဖြဲ႕ၾကား နယ္နိမိတ္မ်ဥ္း အရွည္က ႏွစ္ဆနီးပါးရွိလာပါလိမ့္မယ္။ ဒီလိုလုပ္တာက ဥေရာပရဲ႕ လုံၿခဳံေရးကို ျမႇင့္တင္ေပးႏိုင္မယ္လို႔ တစ္ေယာက္ေယာက္က ထင္ေနပါတယ္။ ေနတိုးအဖြဲ႕ကို ပူးေပါင္းလိုက္မယ္ ဆိုရင္ ဖင္လန္နဲ႔ ဆြီဒင္ႏိုင္ငံတို႔ဟာ ႐ုရွားဖက္က တုံ႔ျပန္မယ့္အစီအစဥ္ရဲ႕ တရားဝင္ပစ္မွတ္ေတြ ျဖစ္လာပါလိမ့္မယ္" ဟု ေျပာဆိုခဲ့သည္။

ယူကရိန္းစစ္ပြဲျဖစ္ပြားၿပီးေနာက္ ဖင္လန္ႏွင့္ ဆြီဒင္တို႔သည္ ၿပီးခဲ့သည့္ေမလက ေနတိုးအဖြဲ႕ႏွင့္ပူးေပါင္းရန္ ကမ္းလွမ္းမႈမ်ား တင္သြင္းခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ႐ုရွားဖက္က အႀကိမ္ႀကိမ္သတိေပးခဲ့ေၾကာင္း သိရသည္။ ႐ုရွား သည္ ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ၿပီးေနာက္ ဖင္လန္ႏွင့္ ဆြီဒင္ႏိုင္ငံတို႔တြင္ ေနတိုးအဖြဲ႕ကို ပူးေပါင္းျခင္းႏွင့္ ပတ္သက္ၿပီး စစ္တမ္းေကာက္ယူခဲ့ရာ ဖင္လန္တြင္ ေထာက္ခံသူ(၈ဝ) ရာခိုင္ႏႈန္းခဲ့ၿပီး ဆြီဒင္တြင္ ေထာက္ခံသူမွာ သုံးပုံပုံ ႏွစ္ပုံနီးပါး ရွိခဲ့ေၾကာင္းသိရသည္။ ေနတိုးအဖြဲ႕၏ စည္းမ်ဥ္းမ်ားအရ အဖြဲ႕ဝင္ႏိုင္ငံ(၃ဝ) က ဖင္လန္ ႏွင့္ ဆြီဒင္တို႔၏ ေလွ်ာက္လႊာမ်ားကို အတည္ျပဳၿပီးမွသာ ၎တို႔သည္အဖြဲ႕ဝင္ျဖစ္လာမည္ျဖစ္ေၾကာင္းသိရသည္။

လက္ရွိအခ်ိန္တြင္ ဖင္လန္ႏိုင္ငံသည္ ေနတိုးအဖြဲ႕သို႔ ဝင္‌ေရာက္ခြင့္ရရန္အတြက္ ေတာင္းဆိုမႈမ်ားကို တူရကီႏိုင္ငံက အတည္ျပဳျခင္းကိုေစာင့္ေနေၾကာင္းလည္းသိရသည္။ ေနတိုးအဖြဲ႕ႏွင့္ပူးေပါင္းရန္ ဆြီဒင္ႏိုင္ငံ၏ ေတာင္းဆိုခ်က္ႏွင့္ ပတ္သက္ၿပီး ဟန္ေဂရီႏွင့္ တူရကီတို႔က အတည္ျပဳ‌ေပးရန္ ေႏွာင့္ေႏွးေနဆဲျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္လည္း ဆြီဒင္တာဝန္ရွိသူမ်ားသည္ လစ္သူေယးနီးယားႏိုင္ငံတြင္ လာမည့္ဇူလိုင္လမွာ က်င္းပမည့္ ေနတိုး ထိပ္သီးအစည္းအေဝးပြဲမတိုင္ခင္ ေနတိုးအဖြဲ႕ႏွင့္ ပူးေပါင္းႏိုင္ရန္ ေမွ်ာ္လင့္ေနဆဲျဖစ္ေၾကာင္း သိရသည္။ ႐ုရွားသံအမတ္ Viktor Tatarintsev က "ဆြီဒင္ႏိုင္ငံဟာ ေခ်ာက္ထဲကို ေျခလွမ္းေနသလိုပါပဲ။ ျပည္လုံးကြၽတ္ ဆႏၵခံယူပြဲမပါဘဲ ယူကရိန္းပဋိပကၡကို ပါဝင္ဖို႔ တြန္းအားေပးခဲ့တဲ့ ေနတိုးအဖြဲ႕ရဲ႕အမိန႔္က ဆြီဒင္ႏိုင္ငံအတြက္ အႏၲရာယ္ေတြ ျဖစ္ေစပါတယ္။ ဒီကိစၥမွာ ဆြီဒင္ႏိုင္ငံဟာ အျခားသူေတြရဲ႕အက်ိဳးစီးပြားအတြက္ သူတို႔ရဲ႕ ေသျခင္းဆီကို အပို႔ေဆာင္ခံရမွာ အေသအခ်ာပါပဲ" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.