ဖိလစ်ပိုင်ရေတပ်အတွက် ရေကြောင်းစွမ်းဆောင်မှုပိုင်း ပိုမိုကောင်းမွန်စေရန် အမေရိကန်စစ်ဖက်က ကင်းလှည့်ရေယာဥ်နှစ်စီး လွှဲပြောင်းပေးခဲ့

 765

Pika (NP News) - မတ် ၂၉

ဖိလစ်ပိုင်၏ ရေကြောင်းဆိုင်ရာစွမ်းဆောင်ရည်များကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် အမေရိကန်နိုင်ငံသည် ၎င်း၏ USS Monsoon (PC 4) နှင့် USS Chinook (PC 9) သင်္ဘောများကို ဖိလစ်ပိုင်ရေတပ်သို့ လွှဲပြောင်းပေးမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ကင်းလှည့်ရေယာဥ်နှစ်စီးသည် အမေရိကန်ရေတပ်တွင် ကျန်ရှိနေသည့်နောက်ဆုံး ကင်းလှည့်ရေယာဥ် နှစ်စီးဖြစ်ပြီး ကင်းလှည့်ခြင်းလုပ်ငန်းများကို နှစ်သုံးဆယ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြကြောင်း သိရသည်။

၂ဝဝ၄ ခုနှစ်တွင် ဖိလစ်ပိုင်ရေတပ်သည် USS Cyclone အမျိုးအစား BRP General Mariano Alvarez (PS-38) ဟု ခေါ်သော ကင်းလှည့်ရေယာဥ်တစ်စီးကို လက်ခံရရှိခဲ့ဖူးကြောင်းသိရသည်။ ဖိလစ်ပိုင်ရေတပ်၏ အကြမ်းဖက် တန်ပြန်ရေး နှင့် ရေကြောင်းလုံခြုံရေး စွမ်းဆောင်မှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပြီး အမေရိကန်သည် အဆိုပါသင်္ဘောကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖိလစ်ပိုင်ရေတပ်သည် BRP General Mariano Alvarez (PS-38) ကို လက်ခံရရှိခဲ့ပြီးနောက် Cyclone အမျိုးအစား ကင်းလှည့်ရေယာဥ်များနှင့် Littoral Combat Force မှ သင်္ဘောများကို ရှာဖွေဝယ်ယူမှုများ လုပ်ဆောင်လျက်ရှိ ကြောင်းသိရသည်။ထို့အပြင် Hamilton အမျိုးအစား သင်္ဘောများထက် Cyclone အမျိုးအစား ကင်းလှည့်ရေယာဥ်များကို ပိုမိုနှစ်သက်ကြောင်း ဖိလစ်ပိုင်ရေတပ် က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ရေတပ် က "ကျွန်တော်တို့ လိုအပ်နေတာက Cyclone အမျိုးအစား ကင်းလှည့်ရေယာဥ်ပါ။ (USCGC) Mellon အမျိုးအစားသင်္ဘောနဲ့ Cycloneအမျိုးအစား ကင်းလှည့်ရေယာဥ်နှစ်မျိုးထဲက တစ်မျိုးကိုရွေးမယ်ဆိုရင် ကျွန်တော်တို့ Cyclone အမျိုးအစားကိုပဲရွေးမှာပါ။ အခုချိန်မှာ ကျွန်တော်တို့ဟာ Cyclone အမျိုးအစား ကင်းလှည့် ရေယာဥ်တွေ လိုအပ်နေပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
Pika (NP News) - မတ် ၂၉






Picture

L Mone

30/03/2023 11:56

အိမ်နီးနားချင်းတွေ မတည့်ရင် ဘယ်သူတွေအကျိူးများသွားမလဲ ဘာသာရေးကို ခုတုန်းလုပ်နေကြရတာကို အမေရိကန်တို့က သိပ်ကြိုက်နေပြသလို ဒံမိုကရေစီဘန်းပြ ပြည်ပနိုင်ငံတွေရဲ့ အားနည်းချက်ကို သိသိကြီးနဲ့ ဝင်ရောက်ချယ်လှယ်ရတာကို အရိုးစွဲနှစ်ခြိုက်နေလေတော့ ကမ္ဘာ့ငြိမ်းချမ်းရေးဟာ ခွေးဖြစ်ကြရပြီပေါ့။ကုလသမဂ္ဂဆိုတာ အရူးပါပဲ ကျွန်ပါပဲ အမေရိကန်လုပ်သမျှ လက်ညှိူးထောင် ခေါင်းငြိမ့်လုပ်နေရတာ မငြီးငွေ့ကြသေးလား UN

Related news

© 2021. All rights reserved.