ယူကရိန်းသမ္မတဇီလန်စကီး က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ယူကရိန်းသို့ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်

 1032

ရောင်နီ (NP News) - မတ် ၂၉

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ယူကရိန်းနိုင်ငံသို့ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားထားကြောင်း ဗုဒ္ဓဟူးနေ့ (မတ် ၂၉ ရက်) သတင်းအရ သိရပါတယ်။

"ရှီကို ဒီမှာတွေ့ဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ" လို့ ဇီလန်စကီးက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်လာချိန်မှစ ဇီလန်စကီး နဲ့ စကားပြောဆိုခြင်းမရှိဘဲ တရုတ်က ယူကရိန်း အကျပ်အတည်းရဲ့ နိုင်ငံရေးဖြေရှင်းချက်အတွက် အချက် ၁၂ ချက်ပါအစီအစဉ်ကို ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့ပါတယ်။

ရှီဟာ ပြီးခဲ့တဲ့သီတင်းပတ်က ရုရှားနိုင်ငံ မော်စကိုသို့ နိုင်ငံတော် အလည်အပတ်သွားရောက်ပြီး ပဋိပက္ခများကို ဆွေးနွေးခဲ့ပေမယ့် စစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးခဲ့တဲ့အရိပ်အယောင် မရှိခဲ့ပါဘူး။ တရုတ်နိုင်ငံရဲ့ အဆိုပြုချက်မှာ တော့ ယူကရိန်းမှာ အပစ်အခတ်အရှိန်လျှော့ဖို့ နဲ့ နောက်ဆုံး အပစ်အခတ်ရပ်စဲရေး တောင်းဆိုဖို့ ပါဝင် ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။

ဒါပေမယ့် တရုတ်က ရုရှားရဲ့ကျူးကျော်မှုနဲ့ပတ်သက်ပြီး ရှုတ်ချဖို့ ငြင်းဆိုထားတာကြောင့် ယင်းအဆိုပြုချက်ကို အမေရိကန်က ပယ်ချခဲ့ပါတယ်။

ယူကရိန်းဟာ တရုတ်နိုင်ငံနဲ့ သံတမန်ရေးအရ ပါဝင်ပတ်သက်မှုကို ကြိုဆိုပြီး ရုရှားတပ်များ ယူကရိန်းပိုင်နက်မှ ထွက်ခွာပြီးရင်တော့ ငြိမ်းချမ်းရေးဖြေရှင်းမှုတွေကို စဉ်းစားမှာဖြစ်ကြောင်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ယူကရိန္းသမၼတဇီလန္စကီး က တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကို ယူကရိန္းသို႔ လာေရာက္လည္ပတ္ဖို႔ ဖိတ္ေခၚ
ေရာင္နီ (NP News) - မတ္ ၂၉

ယူကရိန္းသမၼတ ဗိုလိုဒီမာဇီလန္စကီးဟာ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကို ယူကရိန္းႏိုင္ငံသို႔ လာေရာက္လည္ပတ္ဖို႔ ဖိတ္ၾကားထားေၾကာင္း ဗုဒၶဟူးေန႔ (မတ္ ၂၉ ရက္) သတင္းအရ သိရပါတယ္။

"ရွီကို ဒီမွာေတြ႕ဖို႔ ကြၽန္ေတာ္တို႔ အဆင္သင့္ျဖစ္ေနပါၿပီ" လို႔ ဇီလန္စကီးက ဆိုပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက ယူကရိန္းႏိုင္ငံကို ႐ုရွားက်ဴးေက်ာ္လာခ်ိန္မွစ ဇီလန္စကီး နဲ႔ စကားေျပာဆိုျခင္းမရွိဘဲ တ႐ုတ္က ယူကရိန္း အက်ပ္အတည္းရဲ႕ ႏိုင္ငံေရးေျဖရွင္းခ်က္အတြက္ အခ်က္ ၁၂ ခ်က္ပါအစီအစဥ္ကို ၿပီးခဲ့တဲ့လက ထုတ္ျပန္ခဲ့ပါတယ္။

ရွီဟာ ၿပီးခဲ့တဲ့သီတင္းပတ္က ႐ုရွားႏိုင္ငံ ေမာ္စကိုသို႔ ႏိုင္ငံေတာ္ အလည္အပတ္သြားေရာက္ၿပီး ပဋိပကၡမ်ားကို ေဆြးေႏြးခဲ့ေပမယ့္ စစ္ပြဲကို အဆုံးသတ္ဖို႔ ေဆြးေႏြးခဲ့တဲ့အရိပ္အေယာင္ မရွိခဲ့ပါဘူး။ တ႐ုတ္ႏိုင္ငံရဲ႕ အဆိုျပဳခ်က္မွာ ေတာ့ ယူကရိန္းမွာ အပစ္အခတ္အရွိန္ေလွ်ာ့ဖို႔ နဲ႔ ေနာက္ဆုံး အပစ္အခတ္ရပ္စဲေရး ေတာင္းဆိုဖို႔ ပါဝင္ ေဆြးေႏြးခဲ့ တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ တ႐ုတ္က ႐ုရွားရဲ႕က်ဴးေက်ာ္မႈနဲ႔ပတ္သက္ၿပီး ရႈတ္ခ်ဖို႔ ျငင္းဆိုထားတာေၾကာင့္ ယင္းအဆိုျပဳခ်က္ကို အေမရိကန္က ပယ္ခ်ခဲ့ပါတယ္။

ယူကရိန္းဟာ တ႐ုတ္ႏိုင္ငံနဲ႔ သံတမန္ေရးအရ ပါဝင္ပတ္သက္မႈကို ႀကိဳဆိုၿပီး ႐ုရွားတပ္မ်ား ယူကရိန္းပိုင္နက္မွ ထြက္ခြာၿပီးရင္ေတာ့ ၿငိမ္းခ်မ္းေရးေျဖရွင္းမႈေတြကို စဥ္းစားမွာျဖစ္ေၾကာင္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.