တရုတ်အစိုးရရဲ့ခြိမ်းခြောက်မှုများကို ထိုင်ဝမ်သမ္မတက ငြင်းဆန်ပယ်ချလိုက်ပြီး တင်းမာမှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေ

 520

ဂျန်ဇက် (NP News) - မတ် ၃ဝ

ထိုင်ဝမ် သမ္မတ ဆိုင်အမ်ဝမ်ဟာ အမေရိကန် နဲ့ လက်တင်အမေရိကနိုင်ငံများထံ (၁ဝ)ရက် ကြာသွားရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ ခြိမ်းခြောက်မှုများကို ငြင်းဆန်ပယ်ချလိုက်ကြောင်းသိရပါတယ်။

တရုတ်အစိုးရက ဆိုင်အမ်ဝမ်ဟာ ခရီးစဉ်အတွင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နဲ့တွေ့ဆုံဆွေးနွေးခဲ့မယ်ဆိုရင် လက်တုံ့ပြန်မှာဖြစ်ကြောင်း မကြာသေးမီက သတိပေးခဲ့ပါတယ်။ ထိုင်ဝမ်သမ္မတက ၎င်းတို့ဟာ ကမ္ဘာတဝှမ်းရှိနိုင်ငံများနဲ့ စေ့စပ်ဆွေးနွေးမှုများ ဆက် လက်လုပ်ဆောင်သွားမှာဖြစ်သလို တရုတ်ရဲ့ခြိမ်းခြောက်မှုတွေကို စိုးရိမ်မှုရှိမှာမဟုတ်ကြောင်း ပြောပါတယ်။

ထိုင်ဝမ်သမ္မတက "ပြင်ပဖိအားတွေဟာ ကမ္ဘာ့နိုင်ငံများနဲ့စေ့စပ်ဆွေးနွေးမယ့် ကျွန်မတို့ရဲ့စိတ်ပိုင်းဖြတ်ထားမှုတွေကို တားဆီးနိုင်မှာမဟုတ်ဘူး။ ကျွန်မတို့ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ယုံကြည်ချက်အပြည့်ရှိစွာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ ရန်စရန်လိုတာမျိုးလုပ်မှာမဟုတ်ဘူး" လို့ပြောပါတယ်။

တရုတ်အစိုးရရဲ့ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ Zhu Fenglian က ဆိုင်အမ်ဝမ်ဟာ လက်တင်အမေရိကကို သွားရောက်မယ့် ခရီးစဉ်အတွင်း အမေရိကန် အစိုးတာဝန်ရှိသူများ၊အောက်လွှတ်တော် ဥက္ကဋ္ဌတို့နဲ့တွေ့ဆုံဆွေးနွေးခဲ့မယ်ဆိုရင်တော့ တရုတ်နဲ့ ထိုင်ဝမ်ကြားတင်းမာမှုအရှိန် ပိုမိုမြင့်တက်လာပြီး လက်တုံ့ပြန်ခံရမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက သတိပေးခဲ့ပါတယ်။ ထိုင်ဝမ်သမ္မတဟာ ဂွာတီမာလာ နဲ့ ဘီလီဇီ ကျွန်းနိုင်ငံတို့ကို ချစ်ကြည် ရေးခရီးသွားရောက်မှာဖြစ်ပြီး ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံမှာ ခရီးတစ်ထောက်နားမှာဖြစ်ကြောင်း သိရပါတယ်။

ထိုင်ဝမ် အရာရှိများက သမ္မတဆိုင်အမ်ဝမ်ဟာ အမေရိကန်နိုင်ငံမှာ ခရီးတစ်ထောက်နားချိန်အတွင်း အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအသစ် မက်ကာသီ နဲ့တွေ့ဆုံဆွေးနွေးဖွယ်ရှိနေကြောင်းဆိုပါတယ်။ မက်ကာသီဟာ အမေရိကန်အစိုးရနဲ့လွှတ်တော်အဖွဲ့အစည်းအတွင်း ရာထူး တတိယအမြင့်ဆုံးရှိသူတစ်ဦးဖြစ်ပါတယ်။ ထိုင်ဝမ်သမ္မတက "ထိုင်ဝမ်ဟာ လွတ် လပ်ခွင့် နဲ့ ဒီမိုကရေစီလမ်းကြောင်းကို အခိုင်အမာလျှောက်လှမ်းနေပြီး ကမ္ဘာ့နိုင်ငံများနဲ့ ထိတွေ့ဆက်ဆံမှာဖြစ်တယ်။ ဒီလမ်းကြောင်းက ခက်ခဲကြမ်းတမ်းပေမယ့်လည်း ထိုင်ဝမ် တစ်နိုင်ငံတည်းမဟုတ်ပါဘူး"လို့ပြောပါတယ်။

zawgyi version
တ႐ုတ္အစိုးရရဲ႕ၿခိမ္းေျခာက္မႈမ်ားကို ထိုင္ဝမ္သမၼတက ျငင္းဆန္ပယ္ခ်လိုက္ၿပီး တင္းမာမႈေတြ ပိုမိုျဖစ္လာဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - မတ္ ၃ဝ

ထိုင္ဝမ္ သမၼတ ဆိုင္အမ္ဝမ္ဟာ အေမရိကန္ နဲ႔ လက္တင္အေမရိကႏိုင္ငံမ်ားထံ (၁ဝ)ရက္ ၾကာသြားေရာက္မယ့္ ခရီးစဥ္နဲ႔ပတ္သက္ၿပီး တ႐ုတ္အစိုးရရဲ႕ ၿခိမ္းေျခာက္မႈမ်ားကို ျငင္းဆန္ပယ္ခ်လိုက္ေၾကာင္းသိရပါတယ္။

တ႐ုတ္အစိုးရက ဆိုင္အမ္ဝမ္ဟာ ခရီးစဥ္အတြင္း အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့မယ္ဆိုရင္ လက္တုံ႔ျပန္မွာျဖစ္ေၾကာင္း မၾကာေသးမီက သတိေပးခဲ့ပါတယ္။ ထိုင္ဝမ္သမၼတက ၎တို႔ဟာ ကမာၻတဝွမ္းရွိႏိုင္ငံမ်ားနဲ႔ ေစ့စပ္ေဆြးေႏြးမႈမ်ား ဆက္ လက္လုပ္ေဆာင္သြားမွာျဖစ္သလို တ႐ုတ္ရဲ႕ၿခိမ္းေျခာက္မႈေတြကို စိုးရိမ္မႈရွိမွာမဟုတ္ေၾကာင္း ေျပာပါတယ္။

ထိုင္ဝမ္သမၼတက "ျပင္ပဖိအားေတြဟာ ကမာၻ႔ႏိုင္ငံမ်ားနဲ႔ေစ့စပ္ေဆြးေႏြးမယ့္ ကြၽန္မတို႔ရဲ႕စိတ္ပိုင္းျဖတ္ထားမႈေတြကို တားဆီးႏိုင္မွာမဟုတ္ဘူး။ ကြၽန္မတို႔ဟာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ယုံၾကည္ခ်က္အျပည့္ရွိစြာ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ ဘယ္သူ႔ကိုမွ ရန္စရန္လိုတာမ်ိဳးလုပ္မွာမဟုတ္ဘူး" လို႔ေျပာပါတယ္။

တ႐ုတ္အစိုးရရဲ႕ထိုင္ဝမ္ေရးရာ႐ုံး ေျပာေရးဆိုခြင့္ရွိသူ Zhu Fenglian က ဆိုင္အမ္ဝမ္ဟာ လက္တင္အေမရိကကို သြားေရာက္မယ့္ ခရီးစဥ္အတြင္း အေမရိကန္ အစိုးတာဝန္ရွိသူမ်ား၊ေအာက္လႊတ္ေတာ္ ဥကၠ႒တို႔နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့မယ္ဆိုရင္ေတာ့ တ႐ုတ္နဲ႔ ထိုင္ဝမ္ၾကားတင္းမာမႈအရွိန္ ပိုမိုျမင့္တက္လာၿပီး လက္တုံ႔ျပန္ခံရမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ရက္ပိုင္းက သတိေပးခဲ့ပါတယ္။ ထိုင္ဝမ္သမၼတဟာ ဂြာတီမာလာ နဲ႔ ဘီလီဇီ ကြၽန္းႏိုင္ငံတို႔ကို ခ်စ္ၾကည္ ေရးခရီးသြားေရာက္မွာျဖစ္ၿပီး ခရီးစဥ္အတြင္း အေမရိကန္ႏိုင္ငံမွာ ခရီးတစ္ေထာက္နားမွာျဖစ္ေၾကာင္း သိရပါတယ္။

ထိုင္ဝမ္ အရာရွိမ်ားက သမၼတဆိုင္အမ္ဝမ္ဟာ အေမရိကန္ႏိုင္ငံမွာ ခရီးတစ္ေထာက္နားခ်ိန္အတြင္း အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒အသစ္ မက္ကာသီ နဲ႔ေတြ႕ဆုံေဆြးေႏြးဖြယ္ရွိေနေၾကာင္းဆိုပါတယ္။ မက္ကာသီဟာ အေမရိကန္အစိုးရနဲ႔လႊတ္ေတာ္အဖြဲ႕အစည္းအတြင္း ရာထူး တတိယအျမင့္ဆုံးရွိသူတစ္ဦးျဖစ္ပါတယ္။ ထိုင္ဝမ္သမၼတက "ထိုင္ဝမ္ဟာ လြတ္ လပ္ခြင့္ နဲ႔ ဒီမိုကေရစီလမ္းေၾကာင္းကို အခိုင္အမာေလွ်ာက္လွမ္းေနၿပီး ကမာၻ႔ႏိုင္ငံမ်ားနဲ႔ ထိေတြ႕ဆက္ဆံမွာျဖစ္တယ္။ ဒီလမ္းေၾကာင္းက ခက္ခဲၾကမ္းတမ္းေပမယ့္လည္း ထိုင္ဝမ္ တစ္ႏိုင္ငံတည္းမဟုတ္ပါဘူး"လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.