မြောက်ကိုရီးယားနိုင်ငံက မူးယစ်ဆေးဝါးနဲ့ဆက်နွယ်သူများကို သေဒဏ်ပေးကွပ်မျက်နေကြောင်း တောင်ကိုရီးယားအစိုးရ ဝေဖန်ထောက်ပြ

 351

ဂျန်ဇက် (NP News) - မတ် ၃ဝ

မြောက်ကိုရီးယားနိုင်ငံဟာ မူးယစ်ဆေးဝါးနဲ့ဆက်နွယ်သူများကို ကွပ်မျက်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း တောင်ကိုရီးယားရဲ့ပေါင်းစည်းရေးဝန်ကြီးဌာနက ဆိုပါတယ်။

တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဌာနဟာ ၂ဝ၁၇ ခုနှစ်ကနေ ၂ဝ၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ပတ်သက်တဲ့ အချက်အလက်များကို ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ စာရွက်ပေါင်း ၄၅ဝ ပါတဲ့ ထုတ်ပြန်ချက်ထဲမှာ မြောက်ကိုရီးယားနိုင်ငံသား ၅ဝဝ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်းဆိုပါတယ်။

တောင်ကိုရီးယားပေါင်းစည်းရေးဝန်ကြီးဌာနက "မြောက်ကိုရီးယားရဲ့ဘဝနေထိုင်ခွင့် အခွင့်အရေးတွေဟာ ခြိမ်းခြောက်ခံနေရတယ်။ လူ့အခွင့်အရေးနဲ့လွတ်လပ်မှုတွေ ချိုးဖောက်ခံနေရတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ရုပ်သံဖိုင်တွေဖြန့်ဝေသူတွေ၊ ဘာသာရေး နဲ့ အယူဝါဒပြင်းထန်တဲ့လှုပ်ရှားသူတွေ၊ မူးယစ်ဆေးဝါးနဲ့ဆက်နွယ်သူတွေကို သေဒဏ်ပေးနေတယ်" လို့ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးပမ်းမှုတွေကြောင့် အဖမ်းခံရသူတွေဟာလည်း ကွပ်မျက်ခံရတာတွေ၊ ထိန်းသိမ်းရေးစခန်းမှာ ညှင်းပန်းနှိပ်စက်ခံရတာတွေ၊ သတ်ဖြတ်ခံရတာမျိုးတွေရှိနေကြောင်း တောင်ကိုရီးယားအစိုးရရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ ဒုံးကျည်တီထွင်ထုတ်လုပ်ရေး ပြိုင်ဆိုင်မှုတွေကို ဦးစားပေးလုပ် ကိုင်နေခြင်းကြောင့် ပြည်သူတွေရဲ့ဘဝတွေဟာ အိမ်နီးချင်းနိုင်ငံများထဲ အနိမ့်ဆုံးဖြစ်နေပြီး အထီးကျန်သလိုမျိုးဖြစ်နေကြောင်း ဆိုပါတယ်။

တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယား ရည်မှန်းချက်များကို စွန့်လွှတ်မယ်ဆိုရင် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် စီးပွားရေးအကူညီများပေးမှာဖြစ်ကြောင်း ဆိုပါတယ်။

zawgyi version
ေျမာက္ကိုရီးယားႏိုင္ငံက မူးယစ္ေဆးဝါးနဲ႔ဆက္ႏြယ္သူမ်ားကို ေသဒဏ္ေပးကြပ္မ်က္ေနေၾကာင္း ေတာင္ကိုရီးယားအစိုးရ ေဝဖန္ေထာက္ျပ
ဂ်န္ဇက္ (NP News) - မတ္ ၃ဝ

ေျမာက္ကိုရီးယားႏိုင္ငံဟာ မူးယစ္ေဆးဝါးနဲ႔ဆက္ႏြယ္သူမ်ားကို ကြပ္မ်က္မႈမ်ား လုပ္ေဆာင္လ်က္ရွိေနေၾကာင္း ေတာင္ကိုရီးယားရဲ႕ေပါင္းစည္းေရးဝန္ႀကီးဌာနက ဆိုပါတယ္။

ေတာင္ကိုရီးယား ေပါင္းစည္းေရးဝန္ႀကီးဌာနဟာ ၂ဝ၁၇ ခုႏွစ္ကေန ၂ဝ၂၂ ခုႏွစ္အတြင္းျဖစ္ပြားခဲ့တဲ့ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ပတ္သက္တဲ့ အခ်က္အလက္မ်ားကို ၿပီးခဲ့တဲ့ရက္ပိုင္းက ထုတ္ျပန္ခဲ့ပါတယ္။ စာ႐ြက္ေပါင္း ၄၅ဝ ပါတဲ့ ထုတ္ျပန္ခ်က္ထဲမွာ ေျမာက္ကိုရီးယားႏိုင္ငံသား ၅ဝဝ ေက်ာ္ဟာ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ရေၾကာင္းဆိုပါတယ္။

ေတာင္ကိုရီးယားေပါင္းစည္းေရးဝန္ႀကီးဌာနက "ေျမာက္ကိုရီးယားရဲ႕ဘဝေနထိုင္ခြင့္ အခြင့္အေရးေတြဟာ ၿခိမ္းေျခာက္ခံေနရတယ္။ လူ႔အခြင့္အေရးနဲ႔လြတ္လပ္မႈေတြ ခ်ိဳးေဖာက္ခံေနရတယ္။ ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ႐ုပ္သံဖိုင္ေတြျဖန႔္ေဝသူေတြ၊ ဘာသာေရး နဲ႔ အယူဝါဒျပင္းထန္တဲ့လႈပ္ရွားသူေတြ၊ မူးယစ္ေဆးဝါးနဲ႔ဆက္ႏြယ္သူေတြကို ေသဒဏ္ေပးေနတယ္" လို႔ေျပာပါတယ္။

နယ္စပ္ျဖတ္ေက်ာ္ဖို႔ ႀကိဳးပမ္းမႈေတြေၾကာင့္ အဖမ္းခံရသူေတြဟာလည္း ကြပ္မ်က္ခံရတာေတြ၊ ထိန္းသိမ္းေရးစခန္းမွာ ညႇင္းပန္းႏွိပ္စက္ခံရတာေတြ၊ သတ္ျဖတ္ခံရတာမ်ိဳးေတြရွိေနေၾကာင္း ေတာင္ကိုရီးယားအစိုးရရဲ႕ထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။ ေျမာက္ကိုရီးယားဟာ န်ဴကလီးယားနဲ႔ ဒုံးက်ည္တီထြင္ထုတ္လုပ္ေရး ၿပိဳင္ဆိုင္မႈေတြကို ဦးစားေပးလုပ္ ကိုင္ေနျခင္းေၾကာင့္ ျပည္သူေတြရဲ႕ဘဝေတြဟာ အိမ္နီးခ်င္းႏိုင္ငံမ်ားထဲ အနိမ့္ဆုံးျဖစ္ေနၿပီး အထီးက်န္သလိုမ်ိဳးျဖစ္ေနေၾကာင္း ဆိုပါတယ္။

ေတာင္ကိုရီးယားသမၼတက ေျမာက္ကိုရီးယားႏိုင္ငံအေနနဲ႔ န်ဴကလီးယား ရည္မွန္းခ်က္မ်ားကို စြန႔္လႊတ္မယ္ဆိုရင္ ႏိုင္ငံစီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေအာင္ စီးပြားေရးအကူညီမ်ားေပးမွာျဖစ္ေၾကာင္း ဆိုပါတယ္။

Related news

© 2021. All rights reserved.