အီးယူက ပါကစ္စတန်ကို အန္တရာယ်များသော နိုင်ငံစာရင်းမှ ဖယ်ရှား

 395

ရောင်နီ (NP News) - မတ် ၃ဝ

ဥရောပသမဂ္ဂဟာ ပါကစ္စတန်ကို ၎င်းရဲ့ "အန္တရာယ်များသော တတိယနိုင်ငံစာရင်း" မှ ဖယ်ရှားခဲ့ပြီ ဖြစ်ပါတယ်။

ဒါဟာ စီးပွားရေးလုပ်ငန်းများအတွက် အခြေအနေ ပိုမိုကောင်းမွန်လာနိုင်မယ့် လှုပ်ရှားမှုတစ်ခုပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ (မတ်လ ၂၉ ရက်)က ကြေညာချက်မှာ ပါကစ္စတန် စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ၂ဝ၁၈ ခုနှစ်က ပါကစ္စတန်ကို အန္တရာယ်များသောနိုင်ငံအဖြစ် စာရင်းသွင်းမှုဟာ အဖွဲ့ဝင် ၂၇ ဦးပါ အစုအဖွဲ့ နဲ့ စီးပွားရေး လုပ်ကိုင်နေတဲ့ ပါကစ္စတန် ကုမ္ပဏီတွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ ဆိုပါတယ်။ ယခု တိုးတက်မှု သစ်ဟာ ဥရောပ စီးပွားရေးအော်ပရေတာများကို သက်တောင့်သက်သာ ရှိစေမှာဖြစ်ပြီး အီးယူရှိ ပါကစ္စတန် အဖွဲ့အစည်းများနဲ့ လူတစ်ဦးချင်းစီရဲ့ တရားဝင် ငွေကြေးလွှဲပြောင်းမှုများအတွက် ကုန်ကျ စရိတ်နဲ့ အချိန်ကို သက်သာစေနိုင်ဖွယ်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဘီလာဝဲလ်ဘူတိုဇာဒါရီက ပါကစ္စတန် စီးပွားရေးလုပ်ငန်းများကို Customer Due Diligence အောက်မှာ ထားရှိတော့မည်မဟုတ်ကြောင်း Twitter မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အန္တရာယ်များသော နိုင်ငံများ စာရင်းမှာ ဘဏ္ဍာရေး ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများအတွက် တားဆီးဖို့ ခိုင်မာလုံလောက်သော စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေစနစ် မရှိသော နိုင်ငံများလည်း ပါဝင်ပါတယ်။ နိုင်ငံတစ်နိုင်ငံကို စာရင်းမှာ ထည့်သွင်းတဲ့အခါ စီးပွားရေးလုပ်ငန်း ကုန်ကျစရိတ်ကို တိုးမြင့်စေတဲ့ အထူးကြပ်မတ်စစ်ဆေးမှုများနဲ့ ထပ်ဆောင်းအစီအမံများကို ခံယူရမှာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့နှစ်ရဲ့ FATF ဆုံးဖြတ်ချက်နဲ့အညီ အီးယူဟာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနဲ့ ငွေ ကြေးထောက်ပံ့မှုနဲ့ပတ်သက်ပြီး အန္တရာယ်များတဲ့ နိုင်ငံများထဲမှ ပါကစ္စတန်နိုင်ငံကို စာရင်းကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှုနဲ့ ငွေကြေးထောက်ပံ့မှု စောင့်ကြည့်ရေးအဖွဲ့က ဖော်ပြခဲ့ပါတယ်။

ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီးဌာန အကြံပေးဟောင်း ခါကျန်နာဂျက်က အန္တရာယ်များသော နိုင်ငံများစာရင်းမှ ဖယ်ရှားလိုက်တဲ့ အီးယူရဲ့ ဆုံးဖြတ်ချက်ကို ပါကစ္စတန်ရဲ့ အောင်မြင်မှု အထောက်အထားအဖြစ် ချီးကျူးခဲ့ပြီး "ဒီကြေငြာချက်ဟာ ပါကစ္စတန်က ငွေကြေးရာဇဝတ် မှုတွေနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတွေကို တားဆီးနိုင်တယ်ဆိုတာကို ပြသနေပါတယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

zawgyi version
အီးယူက ပါကစၥတန္ကို အႏၲရာယ္မ်ားေသာ ႏိုင္ငံစာရင္းမွ ဖယ္ရွား
ေရာင္နီ (NP News) - မတ္ ၃ဝ

ဥေရာပသမဂၢဟာ ပါကစၥတန္ကို ၎ရဲ႕ "အႏၲရာယ္မ်ားေသာ တတိယႏိုင္ငံစာရင္း" မွ ဖယ္ရွားခဲ့ၿပီ ျဖစ္ပါတယ္။

ဒါဟာ စီးပြားေရးလုပ္ငန္းမ်ားအတြက္ အေျခအေန ပိုမိုေကာင္းမြန္လာႏိုင္မယ့္ လႈပ္ရွားမႈတစ္ခုပဲ ျဖစ္ပါတယ္။

ဗုဒၶဟူးေန႔ (မတ္လ ၂၉ ရက္)က ေၾကညာခ်က္မွာ ပါကစၥတန္ စီးပြားေရးနဲ႔ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာနက ၂ဝ၁၈ ခုႏွစ္က ပါကစၥတန္ကို အႏၲရာယ္မ်ားေသာႏိုင္ငံအျဖစ္ စာရင္းသြင္းမႈဟာ အဖြဲ႕ဝင္ ၂၇ ဦးပါ အစုအဖြဲ႕ နဲ႔ စီးပြားေရး လုပ္ကိုင္ေနတဲ့ ပါကစၥတန္ ကုမၸဏီေတြကို ဝန္ထုပ္ဝန္ပိုး ျဖစ္ေစတယ္လို႔ ဆိုပါတယ္။ ယခု တိုးတက္မႈ သစ္ဟာ ဥေရာပ စီးပြားေရးေအာ္ပေရတာမ်ားကို သက္ေတာင့္သက္သာ ရွိေစမွာျဖစ္ၿပီး အီးယူရွိ ပါကစၥတန္ အဖြဲ႕အစည္းမ်ားနဲ႔ လူတစ္ဦးခ်င္းစီရဲ႕ တရားဝင္ ေငြေၾကးလႊဲေျပာင္းမႈမ်ားအတြက္ ကုန္က် စရိတ္နဲ႔ အခ်ိန္ကို သက္သာေစႏိုင္ဖြယ္ရွိတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီး ဘီလာဝဲလ္ဘူတိုဇာဒါရီက ပါကစၥတန္ စီးပြားေရးလုပ္ငန္းမ်ားကို Customer Due Diligence ေအာက္မွာ ထားရွိေတာ့မည္မဟုတ္ေၾကာင္း Twitter မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

အႏၲရာယ္မ်ားေသာ ႏိုင္ငံမ်ား စာရင္းမွာ ဘ႑ာေရး ရာဇဝတ္မႈမ်ားနဲ႔ အၾကမ္းဖက္မႈမ်ားအတြက္ တားဆီးဖို႔ ခိုင္မာလုံေလာက္ေသာ စည္းမ်ဥ္းစည္းကမ္းနဲ႔ ဥပေဒစနစ္ မရွိေသာ ႏိုင္ငံမ်ားလည္း ပါဝင္ပါတယ္။ ႏိုင္ငံတစ္ႏိုင္ငံကို စာရင္းမွာ ထည့္သြင္းတဲ့အခါ စီးပြားေရးလုပ္ငန္း ကုန္က်စရိတ္ကို တိုးျမင့္ေစတဲ့ အထူးၾကပ္မတ္စစ္ေဆးမႈမ်ားနဲ႔ ထပ္ေဆာင္းအစီအမံမ်ားကို ခံယူရမွာျဖစ္ပါတယ္။

“ၿပီးခဲ့တဲ့ႏွစ္ရဲ႕ FATF ဆုံးျဖတ္ခ်က္နဲ႔အညီ အီးယူဟာ ေငြေၾကးခဝါခ်မႈ၊ အၾကမ္းဖက္မႈနဲ႔ ေငြ ေၾကးေထာက္ပံ့မႈနဲ႔ပတ္သက္ၿပီး အႏၲရာယ္မ်ားတဲ့ ႏိုင္ငံမ်ားထဲမွ ပါကစၥတန္ႏိုင္ငံကို စာရင္းကေန ဖယ္ရွားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္” လို႔ ကမာၻလုံးဆိုင္ရာ ေငြေၾကးခဝါခ်မႈနဲ႔ ေငြေၾကးေထာက္ပံ့မႈ ေစာင့္ၾကည့္ေရးအဖြဲ႕က ေဖာ္ျပခဲ့ပါတယ္။

ပါကစၥတန္ဘ႑ာေရးဝန္ႀကီးဌာန အႀကံေပးေဟာင္း ခါက်န္နာဂ်က္က အႏၲရာယ္မ်ားေသာ ႏိုင္ငံမ်ားစာရင္းမွ ဖယ္ရွားလိုက္တဲ့ အီးယူရဲ႕ ဆုံးျဖတ္ခ်က္ကို ပါကစၥတန္ရဲ႕ ေအာင္ျမင္မႈ အေထာက္အထားအျဖစ္ ခ်ီးက်ဴးခဲ့ၿပီး "ဒီေၾကျငာခ်က္ဟာ ပါကစၥတန္က ေငြေၾကးရာဇဝတ္ မႈေတြနဲ႔ အၾကမ္းဖက္ေငြေၾကးေထာက္ပံ့မႈေတြကို တားဆီးႏိုင္တယ္ဆိုတာကို ျပသေနပါတယ္” လို႔ ၎က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.