အင်ဒိုနီးရှား Pertamina ရေနံချက်စက်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ (၉)ဦး ဒဏ်ရာရ

 540

ရောင်နီ ( NP News) - ဧပြီ ၂

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းရှိ Pertamina PT ရေနံချက်စက်ရုံမှာ ပေါက်ကွဲမှုကြောင့် လူကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်စွမ်းအင် ကုမ္ပဏီက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လကလည်း ရေနံလောင်စာဆိုင်နဲ့ ရေနံတင်ပို့တဲ့ သင်္ဘောမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူနှစ်ဒါဇင်ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

စနေနေ့နှောင်းပိုင်းက ဓာတ်ငွေ့ကွန်ပရက်ဆာတစ်ခုမှ ပေါက်ကွဲမှုကြောင့် ဆူမားတြားကျွန်း၊ ဒူမိုင်မြို့ရှိ နေအိမ်အများအပြားပျက်စီးခဲ့ကြောင်း PT Kilang Pertamina Internasional (KPI) က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပါတယ်။ နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံးနဲ့ အကြီးဆုံးဖြစ်တဲ့ ဂျာကာတာရှိ Pertamina ရဲ့ Plumpang လောင်စာဆီဆိုင်မှာ မတ်လ ၃ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၂ဝ ကျော် သေဆုံးခဲ့ပါတယ်။ မတ်လ ၂၆ ရက်ကလည်း ဘာလီနဲ့ လွမ်ဘော့ကျွန်းများသို့ Pertamina ရေနံတင်ဆောင်လာတဲ့ ရေနံတင်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးခဲ့ပါတယ်။ KPI ဟာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု အဖြစ်အပျက်အတွက် တောင်းပန်ခဲ့ပြီး မီးငြိမ်းသတ်ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်နေကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ပေါက်ကွဲမှုနဲ့ မီးလောင်မှုကြောင့် ယူနစ်အများအပြား ထိခိုက်ခဲ့ပေမယ့် ကျန်အချို့မှာတော့ ပုံမှန်အတိုင်း လည်ပတ်နေကြောင်း၊ လောင်စာဆီ သိုလှောင်မှု ဘေးကင်းကြောင်း ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

zawgyi version
အင္ဒိုနီးရွား Pertamina ေရနံခ်က္စက္႐ုံမွာ ေပါက္ကြဲမႈျဖစ္ပြားၿပီး လူ (၉)ဦး ဒဏ္ရာရ
ေရာင္နီ ( NP News) - ဧၿပီ ၂

အင္ဒိုနီးရွားႏိုင္ငံ အေနာက္ပိုင္းရွိ Pertamina PT ေရနံခ်က္စက္႐ုံမွာ ေပါက္ကြဲမႈေၾကာင့္ လူကိုးဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ႏိုင္ငံပိုင္စြမ္းအင္ ကုမၸဏီက တနဂၤေႏြေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ လကလည္း ေရနံေလာင္စာဆိုင္နဲ႔ ေရနံတင္ပို႔တဲ့ သေဘၤာမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ လူႏွစ္ဒါဇင္ေက်ာ္ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

စေနေန႔ေႏွာင္းပိုင္းက ဓာတ္ေငြ႕ကြန္ပရက္ဆာတစ္ခုမွ ေပါက္ကြဲမႈေၾကာင့္ ဆူမားၾတားကြၽန္း၊ ဒူမိုင္ၿမိဳ႕ရွိ ေနအိမ္အမ်ားအျပားပ်က္စီးခဲ့ေၾကာင္း PT Kilang Pertamina Internasional (KPI) က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ ေပါက္ကြဲမႈ ျဖစ္ရတဲ့ အေၾကာင္းရင္းကို စုံစမ္းေနဆဲျဖစ္ပါတယ္။ ႏိုင္ငံရဲ႕ သက္တမ္းအရင့္ဆုံးနဲ႔ အႀကီးဆုံးျဖစ္တဲ့ ဂ်ာကာတာရွိ Pertamina ရဲ႕ Plumpang ေလာင္စာဆီဆိုင္မွာ မတ္လ ၃ ရက္က မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး လူ ၂ဝ ေက်ာ္ ေသဆုံးခဲ့ပါတယ္။ မတ္လ ၂၆ ရက္ကလည္း ဘာလီနဲ႔ လြမ္ေဘာ့ကြၽန္းမ်ားသို႔ Pertamina ေရနံတင္ေဆာင္လာတဲ့ ေရနံတင္သေဘၤာတစ္စီး မီးေလာင္မႈျဖစ္ပြားခဲ့ရာ လူသုံးဦး ေသဆုံးခဲ့ပါတယ္။ KPI ဟာ စေနေန႔က ျဖစ္ပြားခဲ့တဲ့ ေပါက္ကြဲမႈ အျဖစ္အပ်က္အတြက္ ေတာင္းပန္ခဲ့ၿပီး မီးၿငိမ္းသတ္ၿပီးေနာက္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္ကို လုပ္ေဆာင္ေနေၾကာင္း ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ေပါက္ကြဲမႈနဲ႔ မီးေလာင္မႈေၾကာင့္ ယူနစ္အမ်ားအျပား ထိခိုက္ခဲ့ေပမယ့္ က်န္အခ်ိဳ႕မွာေတာ့ ပုံမွန္အတိုင္း လည္ပတ္ေနေၾကာင္း၊ ေလာင္စာဆီ သိုေလွာင္မႈ ေဘးကင္းေၾကာင္း ေျပာေရး ဆိုခြင့္ရွိသူက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.