ထောင်ဒဏ် (၂)နှစ်ပြစ်ဒဏ်ပေးခံရမှုအပေါ် အိန္ဒိယအတိုက်ခံပါတီခေါင်းဆောင် ရာဟူးဂန္ဒီ အယူခံဝင်

 244

ဂျန်ဇက် (NP News) - ဧပြီ ၃

အိန္ဒိယဝန်ကြီးချုပ် နေရူးရဲ့မျိုးဆက်တွေဖြစ်တဲ့ ရာဟူးဂန္ဒီဟာ အသရေဖျက်မှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် (၂)နှစ်ပြစ်ဒဏ်ချမှတ်ခံရခြင်းအပေါ် ဧပြီလ ၃ ရက်မှာအယူခံဝင်လိုက်ကြောင်း သိရပါတယ်။

ရာဟူးဂန္ဒီဟာ အိန္ဒိယဝန်ကြီးချုပ်ဖြစ်သလို (BJP) ပါတီခေါင်းဆောင်ဖြစ်တဲ့ မိုဒီကို ဝေဖန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် တရားစွဲခံရပြီး ထောင်ဒဏ် (၂)နှစ် ပြစ်ဒဏ်ပေးခံရခြင်းဖြစ်ကြောင်းသိရပါတယ်။ ဂူဂျာရက်ပြည်နယ် တရားရုံးက ရာဟူးဂန္ဒီဟာ ၂ဝ၁၉ ခုနှစ်ကပြုလုပ်တဲ့ မဲဆွယ်ပွဲအတွင်းအသရေဖျက်မှုကျူးလွန်ခဲ့တယ်လို့သတ်မှတ်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ရာဟူးဂန္ဒီဟာ ထောင်ဒဏ်ချမှတ်ခံရပြီးနောက်မကြာမီ လွှတ်တော်ကလည်း လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းပျက်ယွင်းတယ်လို့ မဲခွဲဆုံးဖြတ်ခံထားရသူဖြစ်ပါတယ်။ အိန္ဒိယအတိုက်ခံပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီဟာ ရာဟူးဂန္ဒီကို ထောင်ဒဏ်ချမှတ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းပျက်ယွင်းခြင်း သတ်မှတ်ခံရခြင်းအပေါ် ဆန္ဒပြမှုတွေလည်းလုပ်ဆောင်နေကြောင်းသိရပါတယ်။ အိန္ဒိယ ကွန်ဂရက်ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးက ရာဟူးဂန္ဒီရဲ့အမှုကို အယူခံဝင်ခဲ့ပြီး ဧပြီလ ၃ ရက်မှာ စတင်စစ်ဆေးသွားဖွယ်ရှိနေတယ်လို့ ပြောပါတယ်။

ရာဟူးဂန္ဒီရဲ့ရှေ့နေတွေကတော့ အဆိုပါအယူခံနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပြုခြင်းမရှိကြောင်းသိရပါတယ်။ ဂန္ဒီဟာ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်မှာ ဂူဂျာရက်ပြည်နယ်အောက်တရားရုံးရဲ့ထောင်ဒဏ် (၂)နှစ် ပြစ်ဒဏ်ပေးခံခဲ့ရကြောင်းသိရပါတယ်။ ဂန္ဒီဟာ အဆိုပါအမှုအတွက် တစ်လအတွင်းအယူခံဝင်ခွင့်ရှိနေခြင်းကြောင့် အမှုကို အယူခံဝင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ရာဟူးဂန္ဒီဟာ အိန္ဒိယဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီ နဲ့ ဆိုနီယာဂန္ဒီတို့ရဲ့သားဖြစ်သလို အိန္ဒိယနိုင်ငံရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်တဲ့ နေရူးရဲ့မြေးဖြစ်ပါတယ်။

zawgyi version
ေထာင္ဒဏ္ (၂)ႏွစ္ျပစ္ဒဏ္ေပးခံရမႈအေပၚ အိႏၵိယအတိုက္ခံပါတီေခါင္းေဆာင္ ရာဟူးဂႏၵီ အယူခံဝင္
ဂ်န္ဇက္ (NP News) - ဧၿပီ ၃

အိႏၵိယဝန္ႀကီးခ်ဳပ္ ေန႐ူးရဲ႕မ်ိဳးဆက္ေတြျဖစ္တဲ့ ရာဟူးဂႏၵီဟာ အသေရဖ်က္မႈနဲ႔ပတ္သက္ၿပီး ေထာင္ဒဏ္ (၂)ႏွစ္ျပစ္ဒဏ္ခ်မွတ္ခံရျခင္းအေပၚ ဧၿပီလ ၃ ရက္မွာအယူခံဝင္လိုက္ေၾကာင္း သိရပါတယ္။

ရာဟူးဂႏၵီဟာ အိႏၵိယဝန္ႀကီးခ်ဳပ္ျဖစ္သလို (BJP) ပါတီေခါင္းေဆာင္ျဖစ္တဲ့ မိုဒီကို ေဝဖန္တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ျခင္းေၾကာင့္ တရားစြဲခံရၿပီး ေထာင္ဒဏ္ (၂)ႏွစ္ ျပစ္ဒဏ္ေပးခံရျခင္းျဖစ္ေၾကာင္းသိရပါတယ္။ ဂူဂ်ာရက္ျပည္နယ္ တရား႐ုံးက ရာဟူးဂႏၵီဟာ ၂ဝ၁၉ ခုႏွစ္ကျပဳလုပ္တဲ့ မဲဆြယ္ပြဲအတြင္းအသေရဖ်က္မႈက်ဴးလြန္ခဲ့တယ္လို႔သတ္မွတ္ၿပီး ျပစ္ဒဏ္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

ရာဟူးဂႏၵီဟာ ေထာင္ဒဏ္ခ်မွတ္ခံရၿပီးေနာက္မၾကာမီ လႊတ္ေတာ္ကလည္း လႊတ္ေတာ္ကိုယ္စားလွယ္ အရည္အခ်င္းပ်က္ယြင္းတယ္လို႔ မဲခြဲဆုံးျဖတ္ခံထားရသူျဖစ္ပါတယ္။ အိႏၵိယအတိုက္ခံပါတီျဖစ္တဲ့ ကြန္ဂရက္ပါတီဟာ ရာဟူးဂႏၵီကို ေထာင္ဒဏ္ခ်မွတ္ျခင္း၊ လႊတ္ေတာ္ကိုယ္စားလွယ္အရည္အခ်င္းပ်က္ယြင္းျခင္း သတ္မွတ္ခံရျခင္းအေပၚ ဆႏၵျပမႈေတြလည္းလုပ္ေဆာင္ေနေၾကာင္းသိရပါတယ္။ အိႏၵိယ ကြန္ဂရက္ပါတီ ထိပ္တန္းေခါင္းေဆာင္တစ္ဦးက ရာဟူးဂႏၵီရဲ႕အမႈကို အယူခံဝင္ခဲ့ၿပီး ဧၿပီလ ၃ ရက္မွာ စတင္စစ္ေဆးသြားဖြယ္ရွိေနတယ္လို႔ ေျပာပါတယ္။

ရာဟူးဂႏၵီရဲ႕ေရွ႕ေနေတြကေတာ့ အဆိုပါအယူခံနဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာ မွတ္ခ်က္ျပဳျခင္းမရွိေၾကာင္းသိရပါတယ္။ ဂႏၵီဟာ ၿပီးခဲ့တဲ့ မတ္လ ၂၃ ရက္မွာ ဂူဂ်ာရက္ျပည္နယ္ေအာက္တရား႐ုံးရဲ႕ေထာင္ဒဏ္ (၂)ႏွစ္ ျပစ္ဒဏ္ေပးခံခဲ့ရေၾကာင္းသိရပါတယ္။ ဂႏၵီဟာ အဆိုပါအမႈအတြက္ တစ္လအတြင္းအယူခံဝင္ခြင့္ရွိေနျခင္းေၾကာင့္ အမႈကို အယူခံဝင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ ရာဟူးဂႏၵီဟာ အိႏၵိယဝန္ႀကီးခ်ဳပ္ေဟာင္း ရာဂ်စ္ဂႏၵီ နဲ႔ ဆိုနီယာဂႏၵီတို႔ရဲ႕သားျဖစ္သလို အိႏၵိယႏိုင္ငံရဲ႕ပထမဆုံးဝန္ႀကီးခ်ဳပ္ျဖစ္တဲ့ ေန႐ူးရဲ႕ေျမးျဖစ္ပါတယ္။

Related news

© 2021. All rights reserved.