တောင်တရုတ်ပင်လယ်ပိုင်နက် အငြင်းပွားမှုတွေကို မလေးရှားနိုင်ငံအပြင် အခြားအာဆီယံနိုင်ငံများနဲ့ဆွေးနွေးဖို့ အဆင့်သင့်ရှိနေဟု တရုတ်အစိုးရပြော

 726

ဂျန်ဇက် (NP News) - ဧပြီ ၃

တရုတ်နိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်မှာ ပိုင်နက်နယ်မြေအငြင်းပွားမှုများနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံအပြင် အာဆီယံဒေသအတွင်းရှိ နိုင်ငံများနဲ့လည်း ဆွေးနွေးဖို့ အဆင့်သင့်ဖြစ်နေကြောင်း တရုတ်ဝန်ကြီးချုပ် လီကျန်ကပြောပါတယ်။

တရုတ်နိုင်ငံဟာ အာဆီယံဒေသနိုင်ငံများနဲ့ တောင်တရုတ်ပင်လယ်မှာ ပိုင်နက်နယ်မြေအငြင်းပွားလျက်ရှိနေကြောင်း သိရပါတယ်။ တရုတ်ဝန်ကြီးချုပ်ဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း အခုလိုမျိုး ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ဒေသတွင်းတည်ငြိမ်၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ အာဆီယံဒေသနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာကြောင်း ဝန်ကြီးချုပ်လီကျန်က ပြောပါတယ်။တရုတ်နိုင်ငံဟာ အာဆီယံဒေသအတွင်းရှိ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နိုင်ငံ တို့ နဲ့ တောင်တရုတ်ပင်လယ်မှာ ပိုင်နက်အငြင်းပွားလျက်ရှိနေကြောင်းသိရပါတယ်။ တရုတ်နဲ့ အာဆီယံနိုင်ငံများဟာ ရေပိုင်နက်အငြင်းပွားမှုများကို ဖြေရှင်းနိုင်ဖို့ code of conduct တည်ထောင်နိုင်ဖို့ နှစ်ပေါင်း ၂ဝ နီးပါးကြာလုပ်ဆောင်နေခဲ့ပေမယ့်လည်း အကောင်အထည် ဖော်နိုင်ခြင်းမရှိသေးပါဘူး။

တရုတ်က ၎င်းတို့ဟာ ၁၉၄၇ ခုနှစ်က ရေးဆွဲခဲ့တဲ့မြေပုံအရ တောင်တရုတ်ပင်လယ်ရဲ့ ပိုင်နက် ၈ဝ ရာခိုင်းနှုန်းကို ပိုင်ဆိုင်တယ်လို့ပြောနေပါတယ်။ တရုတ်ဟာ အဆိုပါ အာဆီယံဒေသ ၅ နိုင်ငံနဲ့ပိုင်နက်နယ်မြေ အငြင်းပွားမှုများကြောင့်တင်းမာမှုတွေလည်းရှိနေခဲ့ပြီး တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်းမှာ ကျွန်းများ၊ ဆိပ်ကမ်းများ၊ လေယာဉ်ပြေးလမ်းများ၊ အခြားအဆောက်အဦးများတည်ဆောက်လျက်ရှိနေကြောင်းသိရပါတယ်။ တရုတ်ဟာ တောင်တရုတ်ပင်လယ်ပိုင်နက် အရေးကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လတွေမှာ ဖိလစ်ပိုင် နိုင်ငံ နဲ့ တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပြီး ဖိလစ်ပိုင်အစိုးရက ၎င်းတို့နိုင်ငံအတွင်းမှာ အမေရိကန်ကို စစ်အခြေစိုက်စခန်းများတိုးချဲ့တည်ဆောက်ခွင့်ပေးခဲ့ကြောင်းသိရပါတယ်။

zawgyi version
ေတာင္တ႐ုတ္ပင္လယ္ပိုင္နက္ အျငင္းပြားမႈေတြကို မေလးရွားႏိုင္ငံအျပင္ အျခားအာဆီယံႏိုင္ငံမ်ားနဲ႔ေဆြးေႏြးဖို႔ အဆင့္သင့္ရွိေနဟု တ႐ုတ္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၃

တ႐ုတ္ႏိုင္ငံအေနနဲ႔ ေတာင္တ႐ုတ္ပင္လယ္မွာ ပိုင္နက္နယ္ေျမအျငင္းပြားမႈမ်ားနဲ႔ပတ္သက္ၿပီး မေလးရွားႏိုင္ငံအျပင္ အာဆီယံေဒသအတြင္းရွိ ႏိုင္ငံမ်ားနဲ႔လည္း ေဆြးေႏြးဖို႔ အဆင့္သင့္ျဖစ္ေနေၾကာင္း တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီက်န္ကေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဟာ အာဆီယံေဒသႏိုင္ငံမ်ားနဲ႔ ေတာင္တ႐ုတ္ပင္လယ္မွာ ပိုင္နက္နယ္ေျမအျငင္းပြားလ်က္ရွိေနေၾကာင္း သိရပါတယ္။ တ႐ုတ္ဝန္ႀကီးခ်ဳပ္ဟာ မေလးရွားဝန္ႀကီးခ်ဳပ္ အန္ဝါအီဘရာဟင္နဲ႔ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း အခုလိုမ်ိဳး ေျပာဆိုခဲ့ျခင္းျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံအေနနဲ႔ ေဒသတြင္းတည္ၿငိမ္၊ ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္းဖို႔ အာဆီယံေဒသႏိုင္ငံမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမွာေၾကာင္း ဝန္ႀကီးခ်ဳပ္လီက်န္က ေျပာပါတယ္။တ႐ုတ္ႏိုင္ငံဟာ အာဆီယံေဒသအတြင္းရွိ မေလးရွား၊ အင္ဒိုနီးရွား၊ ဗီယက္နမ္၊ ဘ႐ူႏိုင္း၊ ဖိလစ္ပိုင္ႏိုင္ငံ တို႔ နဲ႔ ေတာင္တ႐ုတ္ပင္လယ္မွာ ပိုင္နက္အျငင္းပြားလ်က္ရွိေနေၾကာင္းသိရပါတယ္။ တ႐ုတ္နဲ႔ အာဆီယံႏိုင္ငံမ်ားဟာ ေရပိုင္နက္အျငင္းပြားမႈမ်ားကို ေျဖရွင္းႏိုင္ဖို႔ code of conduct တည္ေထာင္ႏိုင္ဖို႔ ႏွစ္ေပါင္း ၂ဝ နီးပါးၾကာလုပ္ေဆာင္ေနခဲ့ေပမယ့္လည္း အေကာင္အထည္ ေဖာ္ႏိုင္ျခင္းမရွိေသးပါဘူး။

တ႐ုတ္က ၎တို႔ဟာ ၁၉၄၇ ခုႏွစ္က ေရးဆြဲခဲ့တဲ့ေျမပုံအရ ေတာင္တ႐ုတ္ပင္လယ္ရဲ႕ ပိုင္နက္ ၈ဝ ရာခိုင္းႏႈန္းကို ပိုင္ဆိုင္တယ္လို႔ေျပာေနပါတယ္။ တ႐ုတ္ဟာ အဆိုပါ အာဆီယံေဒသ ၅ ႏိုင္ငံနဲ႔ပိုင္နက္နယ္ေျမ အျငင္းပြားမႈမ်ားေၾကာင့္တင္းမာမႈေတြလည္းရွိေနခဲ့ၿပီး တ႐ုတ္ႏိုင္ငံက ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ကြၽန္းမ်ား၊ ဆိပ္ကမ္းမ်ား၊ ေလယာဥ္ေျပးလမ္းမ်ား၊ အျခားအေဆာက္အဦးမ်ားတည္ေဆာက္လ်က္ရွိေနေၾကာင္းသိရပါတယ္။ တ႐ုတ္ဟာ ေတာင္တ႐ုတ္ပင္လယ္ပိုင္နက္ အေရးကိစၥနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့လေတြမွာ ဖိလစ္ပိုင္ ႏိုင္ငံ နဲ႔ တင္းမာမႈအရွိန္ျမင့္တက္လာခဲ့ၿပီး ဖိလစ္ပိုင္အစိုးရက ၎တို႔ႏိုင္ငံအတြင္းမွာ အေမရိကန္ကို စစ္အေျခစိုက္စခန္းမ်ားတိုးခ်ဲ႕တည္ေဆာက္ခြင့္ေပးခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.