ရီပတ်ဘလီကန်ပါတီဝင်အများစုက ဒေါ်နယ်ထရမ့်ကို သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်စေဖို့ ဆန္ဒရှိနေ

 608

ဂျန်ဇက် (NP News) - ဧပြီ ၃

ရီပတ်ဘလီကန်ပါတီဝင်အများစုဟာ သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို လာမယ့် ၂ဝ၂၄ ခုနှစ်မှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲကို ပါတီကိုယ်စားပြုယှဉ်ပြိုင်ဖို့ လိုလားနေကြောင်း မကြာသေးမီကပြုလုပ်ခဲ့တဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။

YahooNews နဲ့ YouGov စစ်တမ်းအဖွဲ့တို့ဟာ လာမယ့်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီကိုယ်စားပြုပြီး ဘယ်သူ့ကို ယှဉ်ပြိုင်စေလိုသလဲဆိုတဲ့အချက်ကို စစ်တမ်းကောက် ယူခဲ့ရာ ရီပတ်ဘလီကန်ပါတီဝင် (၅၇)ရာခိုင်နှုန်းက ဒေါ်နယ်ထရမ့်ကို ထောက်ခံခဲ့ကြောင်းသိရပါတယ်။ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ရွန်ဒီဆန်တစ်ကတော့ ဒုတိယရေပန်းအစားဆုံးဖြစ်နေပြီး ထောက်ခံမဲပေါင်း (၃၁)ရာခိုင်နှုန်းရရှိခဲ့ကြောင်းသိရပါတယ်။

ရွန်ဒီဆန်တစ်ဟာ သမ္မတရွေးကောက်ပွဲကို ရီပတ်ဘလီကန်ပါတီကိုယ်စားပြုယှဉ်ပြိုင်မယ်လို့ကြေညာထားမှုအချိန်က သီတင်းပတ်နှစ်ပတ်ကျော်သာရှိနေကြောင်းသိရပါတယ်။YahooNews နဲ့ YouGov စစ်တမ်းအဖွဲ့တို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်နှစ်ပတ်နီးပါးအတွင်း ရီပတ်ဘလီကန်ပါတီကိုယ်စားပြုပြီး ဘယ်သူကိုယှဉ်ပြိုင်စေလိုသလဲဆိုတဲ့အချက်ကို စစ်တမ်းကောက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ဒေါ်နယ်ထရမ့်ဟာ လက်ရှိအချိန်မှာ စွဲချက်ပေါင်း နှစ်ဒါဇင်ကျော်နဲ့ စွဲချက်တင်ခံထားရပြီး လာမယ့်ရက်ပိုင်းမှာ အမှုရင်ဆိုင်ရမယ့်သူလည်းဖြစ်ပါတယ်။ ဒါ့ပြင် အမေရိကန်နိုင်ငံအတွင်း ရှိ အရွယ်ရောက်ပြီးသူ ၁ဝ၈၉ ဦးကို (၂၄)နာရီအတွင်း စစ်တမ်းကောက်ယူခဲ့ချိန်မှာလည်း စစ်တမ်းဖြေဆိုသူအားလုံးထဲမှာ ဒေါ်နယ်ထရမ့်ကိုထောက်ခံသူ (၄၅)ရာခိုင်နှုန်းရှိနေပြီး မထောက်ခံသူက (၅၂)ရာခိုင်နှုန်းရှိနေကြောင်းသိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးကောက်ပွဲကိုယှဉ်ပြိုင်ဖို့ ကြေညာခဲ့ပြီးနောက်ပိုင်း ဒီမိုကရက်တစ်ပါတီဝင် သမ္မတဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရရဲ့ဖိအားပေးမှုများကိုရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့နှစ်က နေအိမ်ကို ထောက်လှမ်းရေးအဖွဲ့များ စီးနင်းရှာဖွေခံရသလိုဒီနှစ်မှာတော့ စွဲချက်ပေါင်းနှစ်ဒါဇင်ကျော်နဲ့ စွဲချက်တင်ခံထားရကြောင်းသိရပါတယ်။

ဒေါ်နယ်ထရမ့်က အမေရိကန်အစိုးရဟာ သူ့ကို ရွေးကောက်ပွဲ မယှဉ်ပြိုင်စေလိုတဲ့အတွက် တရားရေးကို လက်နက်သဖွယ်အသုံးချနေကြောင်း ဝေဖန်ခဲ့သလို တရားစွဲမှုများက နိုင်ငံ ရေးရည်ရွယ်ချက်နဲ့လုပ်ဆောင်ခြင်းမျိုးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

zawgyi version
ရီပတ္ဘလီကန္ပါတီဝင္အမ်ားစုက ေဒၚနယ္ထရမ့္ကို သမၼတေလာင္းအျဖစ္ ပါဝင္ယွဥ္ၿပိဳင္ေစဖို႔ ဆႏၵရွိေန
ဂ်န္ဇက္ (NP News) - ဧၿပီ ၃

ရီပတ္ဘလီကန္ပါတီဝင္အမ်ားစုဟာ သမၼတေဟာင္းေဒၚနယ္ထရမ့္ကို လာမယ့္ ၂ဝ၂၄ ခုႏွစ္မွာက်င္းပမယ့္ သမၼတေ႐ြးေကာက္ပြဲကို ပါတီကိုယ္စားျပဳယွဥ္ၿပိဳင္ဖို႔ လိုလားေနေၾကာင္း မၾကာေသးမီကျပဳလုပ္ခဲ့တဲ့စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

YahooNews နဲ႔ YouGov စစ္တမ္းအဖြဲ႕တို႔ဟာ လာမယ့္သမၼတေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလီကန္ပါတီကိုယ္စားျပဳၿပီး ဘယ္သူ႔ကို ယွဥ္ၿပိဳင္ေစလိုသလဲဆိုတဲ့အခ်က္ကို စစ္တမ္းေကာက္ ယူခဲ့ရာ ရီပတ္ဘလီကန္ပါတီဝင္ (၅၇)ရာခိုင္ႏႈန္းက ေဒၚနယ္ထရမ့္ကို ေထာက္ခံခဲ့ေၾကာင္းသိရပါတယ္။ ဖေလာ္ရီဒါျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေဟာင္း ႐ြန္ဒီဆန္တစ္ကေတာ့ ဒုတိယေရပန္းအစားဆုံးျဖစ္ေနၿပီး ေထာက္ခံမဲေပါင္း (၃၁)ရာခိုင္ႏႈန္းရရွိခဲ့ေၾကာင္းသိရပါတယ္။

႐ြန္ဒီဆန္တစ္ဟာ သမၼတေ႐ြးေကာက္ပြဲကို ရီပတ္ဘလီကန္ပါတီကိုယ္စားျပဳယွဥ္ၿပိဳင္မယ္လို႔ေၾကညာထားမႈအခ်ိန္က သီတင္းပတ္ႏွစ္ပတ္ေက်ာ္သာရွိေနေၾကာင္းသိရပါတယ္။YahooNews နဲ႔ YouGov စစ္တမ္းအဖြဲ႕တို႔ဟာ ၿပီးခဲ့တဲ့သီတင္းပတ္ႏွစ္ပတ္နီးပါးအတြင္း ရီပတ္ဘလီကန္ပါတီကိုယ္စားျပဳၿပီး ဘယ္သူကိုယွဥ္ၿပိဳင္ေစလိုသလဲဆိုတဲ့အခ်က္ကို စစ္တမ္းေကာက္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

ေဒၚနယ္ထရမ့္ဟာ လက္ရွိအခ်ိန္မွာ စြဲခ်က္ေပါင္း ႏွစ္ဒါဇင္ေက်ာ္နဲ႔ စြဲခ်က္တင္ခံထားရၿပီး လာမယ့္ရက္ပိုင္းမွာ အမႈရင္ဆိုင္ရမယ့္သူလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အေမရိကန္ႏိုင္ငံအတြင္း ရွိ အ႐ြယ္ေရာက္ၿပီးသူ ၁ဝ၈၉ ဦးကို (၂၄)နာရီအတြင္း စစ္တမ္းေကာက္ယူခဲ့ခ်ိန္မွာလည္း စစ္တမ္းေျဖဆိုသူအားလုံးထဲမွာ ေဒၚနယ္ထရမ့္ကိုေထာက္ခံသူ (၄၅)ရာခိုင္ႏႈန္းရွိေနၿပီး မေထာက္ခံသူက (၅၂)ရာခိုင္ႏႈန္းရွိေနေၾကာင္းသိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ သမၼတေ႐ြးေကာက္ပြဲကိုယွဥ္ၿပိဳင္ဖို႔ ေၾကညာခဲ့ၿပီးေနာက္ပိုင္း ဒီမိုကရက္တစ္ပါတီဝင္ သမၼတဂ်ိဳးဘိုင္ဒန္ဦးေဆာင္တဲ့ အေမရိကန္အစိုးရရဲ႕ဖိအားေပးမႈမ်ားကိုရင္ဆိုင္ခဲ့ရၿပီး ၿပီးခဲ့တဲ့ႏွစ္က ေနအိမ္ကို ေထာက္လွမ္းေရးအဖြဲ႕မ်ား စီးနင္းရွာေဖြခံရသလိုဒီႏွစ္မွာေတာ့ စြဲခ်က္ေပါင္းႏွစ္ဒါဇင္ေက်ာ္နဲ႔ စြဲခ်က္တင္ခံထားရေၾကာင္းသိရပါတယ္။

ေဒၚနယ္ထရမ့္က အေမရိကန္အစိုးရဟာ သူ႔ကို ေ႐ြးေကာက္ပြဲ မယွဥ္ၿပိဳင္ေစလိုတဲ့အတြက္ တရားေရးကို လက္နက္သဖြယ္အသုံးခ်ေနေၾကာင္း ေဝဖန္ခဲ့သလို တရားစြဲမႈမ်ားက ႏိုင္ငံ ေရးရည္႐ြယ္ခ်က္နဲ႔လုပ္ေဆာင္ျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.