ကနေဒါမှ အမေရိကန်သို့ ဝင်ရောက်ရန် ကြိုးပမ်းရင်း သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို ရဲတပ်ဖွဲ့မှတွေ့ရှိ

 492

ရောင်နီ (NP News) - ဧပြီ ၃

ကနေဒါနိုင်ငံ ရဲတပ်ဖွဲ့က ကနေဒါနိုင်ငံ ၊ စိန့်လောရန့်မြစ်ကို လှေနဲ့ကူးကာ အမေရိကန်ပြည်ထောင်စုသို့ ဝင်လာဖို့ ကြိုးစားနေတဲ့ မိသားစုနှစ်စုရဲ့ အလောင်း (၈)လောင်းကို ဆယ်ယူရရှိထားကြောင်း စနေနေ့(ဧပြီလ ၁ ရက်)က ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။

အက်ကွေဆန်ဆွစ် မိုဟာဝိတ် ရဲဌာနက အသက် ၂၈ နှစ်အရွယ် သေဆုံးသူတစ်ဦးရဲ့လက်ဝယ်ကနေဒါနိုင်ငံကူးလက်မှတ် နှစ်ခုတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဆိုးရွားတဲ့ရာသီဥတု အခြေအနေဖြစ်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ယင်းကဲ့သို့ သေဆုံးခဲ့ခြင်း ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။ သေဆုံးသူတွေဟာ အမေရိကန် ပြည်ထောင်စုကို ကနေဒါနိုင်ငံမှ ဖြတ်ကျော်ကာ တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ အိန္ဒိယနဲ့ ရိုမေးနီးယား မိသားစုနှစ်စုက ဖြစ်ပုံရပါတယ်လို့ ဒုတိယအကြီးအကဲ လီအန်းအိုဘရင်းက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒို တို့က ကနေဒါနိုင်ငံကို တရားဝင်မဟုတ်တဲ့ နည်းလမ်းတွေနဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို ခိုလှုံခွင့်ပေးခြင်း ရပ်တန့်ဖို့ ပြီးခဲ့တဲ့အပတ်က သဘောတူညီခဲ့ခြင်းကြောင့် ရွှေ့ပြောင်း ဒုက္ခသည်တွေအတွက် အန္တရာယ်ပိုဖြစ်စေနိုင်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ကနေဒါနိုင်ငံ ၊ မနီတိုဘာပြည်နယ်မှာ အိန္ဒိယမိသားစု (၄) ဦး အမေရိကန်သို့ ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းနေစဉ် သေဆုံးသွားခဲ့ပါတယ်။

ယခုနှစ်အတွင်း ကနေဒါကို ကြားဖြတ်ကာ အမေရိကန်ကို ဝင်ရောက်တဲ့ ရွှေ့ပြောင်းနေထိုင်သူများဟာ အာကွေဆန်ဆွစ်နယ်မြေကို လူများ ပိုမိုအသုံးပြုလာကြပြီး ရွှေ့ပြောင်းနေထိုင်သူ အများစုမှာ အိန္ဒိယလူမျိုးများ သို့မဟုတ် ရိုမေးနီးယားများဖြစ်ကြတယ်လို့ သိရပါတယ်။

zawgyi version
ကေနဒါမွ အေမရိကန္သို႔ ဝင္ေရာက္ရန္ ႀကိဳးပမ္းရင္း ေသဆုံးခဲ့သူေတြရဲ႕ ႐ုပ္အေလာင္းေတြကို ရဲတပ္ဖြဲ႕မွေတြ႕ရွိ
ေရာင္နီ (NP News) - ဧၿပီ ၃

ကေနဒါႏိုင္ငံ ရဲတပ္ဖြဲ႕က ကေနဒါႏိုင္ငံ ၊ စိန႔္ေလာရန႔္ျမစ္ကို ေလွနဲ႔ကူးကာ အေမရိကန္ျပည္ေထာင္စုသို႔ ဝင္လာဖို႔ ႀကိဳးစားေနတဲ့ မိသားစုႏွစ္စုရဲ႕ အေလာင္း (၈)ေလာင္းကို ဆယ္ယူရရွိထားေၾကာင္း စေနေန႔(ဧၿပီလ ၁ ရက္)က ေဖာ္ထုတ္ေျပာဆိုခဲ့ပါတယ္။

အက္ေကြဆန္ဆြစ္ မိုဟာဝိတ္ ရဲဌာနက အသက္ ၂၈ ႏွစ္အ႐ြယ္ ေသဆုံးသူတစ္ဦးရဲ႕လက္ဝယ္ကေနဒါႏိုင္ငံကူးလက္မွတ္ ႏွစ္ခုေတြ႕ရွိခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဆိုး႐ြားတဲ့ရာသီဥတု အေျခအေနျဖစ္ခဲ့တဲ့ ဗုဒၶဟူးေန႔ညက ယင္းကဲ့သို႔ ေသဆုံးခဲ့ျခင္း ျဖစ္ႏိုင္တယ္လို႔ ရဲတပ္ဖြဲ႕က ယုံၾကည္ထားပါတယ္။ ေသဆုံးသူေတြဟာ အေမရိကန္ ျပည္ေထာင္စုကို ကေနဒါႏိုင္ငံမွ ျဖတ္ေက်ာ္ကာ တရားမဝင္ ဝင္ေရာက္ဖို႔ ႀကိဳးပမ္းေနတဲ့ အိႏၵိယနဲ႔ ႐ိုေမးနီးယား မိသားစုႏွစ္စုက ျဖစ္ပုံရပါတယ္လို႔ ဒုတိယအႀကီးအကဲ လီအန္းအိုဘရင္းက ေသာၾကာေန႔မွာ ေျပာၾကားခဲ့ပါတယ္။

သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ ကေနဒါဝန္ႀကီးခ်ဳပ္ ဂ်က္စတင္ထ႐ူဒို တို႔က ကေနဒါႏိုင္ငံကို တရားဝင္မဟုတ္တဲ့ နည္းလမ္းေတြနဲ႔ နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္လာတဲ့ ခိုလႈံခြင့္ေတာင္းခံသူေတြကို ခိုလႈံခြင့္ေပးျခင္း ရပ္တန႔္ဖို႔ ၿပီးခဲ့တဲ့အပတ္က သေဘာတူညီခဲ့ျခင္းေၾကာင့္ ေ႐ႊ႕ေျပာင္း ဒုကၡသည္ေတြအတြက္ အႏၲရာယ္ပိုျဖစ္ေစႏိုင္တယ္လို႔ ေဝဖန္သူေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ကေနဒါႏိုင္ငံ ၊ မနီတိုဘာျပည္နယ္မွာ အိႏၵိယမိသားစု (၄) ဦး အေမရိကန္သို႔ ျဖတ္ေက်ာ္ဝင္ေရာက္ရန္ ႀကိဳးပမ္းေနစဥ္ ေသဆုံးသြားခဲ့ပါတယ္။

ယခုႏွစ္အတြင္း ကေနဒါကို ၾကားျဖတ္ကာ အေမရိကန္ကို ဝင္ေရာက္တဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားဟာ အာေကြဆန္ဆြစ္နယ္ေျမကို လူမ်ား ပိုမိုအသုံးျပဳလာၾကၿပီး ေ႐ႊ႕ေျပာင္းေနထိုင္သူ အမ်ားစုမွာ အိႏၵိယလူမ်ိဳးမ်ား သို႔မဟုတ္ ႐ိုေမးနီးယားမ်ားျဖစ္ၾကတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.