ယူကရိန်းစစ်ပွဲ ဖြစ်ပွားရခြင်းက နေတိုးမဟာမိတ်အုပ်စုနဲ့ အမေရိကန်နိုင်ငံတို့မှာ တာဝန်အရှိဆုံးဖြစ်ကြောင်း တရုတ်အစိုးရဝေဖန်

 1094

ဂျန်ဇက် (NP News) - ဧပြီ ၇

ယူကရိန်းစစ်ပွဲဖြစ်ပွားရခြင်းနဲ့ ပဋိပက္ခများနဲ့ပတ်သက်ပြီး နေတိုးမဟာမိတ်အုပ်စုမှာ တာဝန်အရှိဆုံးဖြစ်ပြီး တရုတ်နိုင်ငံမှာ တာဝန်မရှိကြောင်း တရုတ်အစိုးရ ဝေဖန်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင် က "ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး နေတိုးဟာ တရုတ်နိုင်ငံအပေါ် ဝေဖန်ပြစ်တင်မှုတွေက သိက္ခာမဲ့လွန်းအားကြီးပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန် နဲ့ နေတိုးအုပ်စုမှာ တာဝန်အရှိဆုံးဖြစ်ပါတယ်။ နေတိုးအုပ်စုဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို ဝေဖန်စရာအကြောင်းမရှိဘူး။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ရင် တရုတ်နိုင်ငံဟာ မှန်ကန်တဲ့ ပုံစံမျိုးနဲ့ ရပ်တည်နေတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ ရည်မှန်းချက်တွေကလည်း ရှင်းလင်းပါတယ်။ ယူကရိန်းပဋိပက္ခတွေ အဆုံးသတ်စေဖို့ နိုင်ငံရေးအဖြေရှာအောင် အကြံပေးမှုတွေ လုပ်ဆောင်နေတယ်။ ယူကရိန်းစစ်ပွဲအဆုံးသတ်စေဖို့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်ရမှာဖြစ်တယ်။ နေတိုးအုပ်စုဟာ ၎င်းတို့ ဘက်ကနေရပ်တည်ဖို့ တရုတ်နိုင်ငံကို ဖိအားပေးတာ၊ ဒါမှမဟုတ် ဝေဖန်ပြစ်တင်တာမျိုး မလုပ်ဆောင်သင့်ဘူး" လို့ ပြောပါတယ်။

နေတိုးအဖွဲ့အကြီးအကဲတစ်ဦးဖြစ်တဲ့ ဂျန်စတိုတန်ဘတ်ချ်ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တရုတ်အစိုးရ အပေါ် ဝေဖန်ပြစ်တင်ခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျန်စတိုတန်ဘတ်ချ်က တရုတ်နိုင်ငံဟာ ရုရှားရဲ့စီးပွားရေးပြိုလဲမသွားအောင် လုပ်ဆောင်ပေးနေသလို ရုရှားရဲ့ တိုက်ခိုက်မှုတွေကိုလည်း ဝေဖန်ပြစ်တင်ခြင်းမျိုး မလုပ်ဆောင်ခဲ့ကြောင်း ပြောပါတယ်။ တရုတ်နိုင်ငံဟာ ရုရှား ကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးမယ်ဆိုရင် သမိုင်းဝင်အမှားတစ်ခုကို လုပ်ဆောင်သလိုမျိုးဖြစ်မှာဖြစ်ကြောင်း ဂျန်စတိုတန်ဘတ်ချ်က ပြောပါတယ်။

တရုတ်နိုင်ငံက ၎င်းတို့ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေး ခြင်းမရှိကြောင်း ဆိုပါတယ်။ ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ပိုမိုနီးစပ်လာခဲ့သလို ပြီးခဲ့တဲ့ လက ရုရှားသမ္မတနဲ့ တရုတ်သမ္မတတို့ တွေ့ဆုံဆွေးနွေးပြီးနောက် နှစ်နိုင်ငံ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုများ ကို အပြန်အလှန်ယုံကြည်မှုအပြည့်နဲ့ လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

Zawgyi Version;
ယူကရိန္းစစ္ပြဲ ျဖစ္ပြားရျခင္းက ေနတိုးမဟာမိတ္အုပ္စုနဲ႔ အေမရိကန္ႏိုင္ငံတို႔မွာ တာဝန္အရွိဆုံးျဖစ္ေၾကာင္း တ႐ုတ္အစိုးရေဝဖန္
ဂ်န္ဇက္ (NP News) - ဧၿပီ ၇

ယူကရိန္းစစ္ပြဲျဖစ္ပြားရျခင္းနဲ႔ ပဋိပကၡမ်ားနဲ႔ပတ္သက္ၿပီး ေနတိုးမဟာမိတ္အုပ္စုမွာ တာဝန္အရွိဆုံးျဖစ္ၿပီး တ႐ုတ္ႏိုင္ငံမွာ တာဝန္မရွိေၾကာင္း တ႐ုတ္အစိုးရ ေဝဖန္ေျပာဆိုလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ မာအိုနင္ က "ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ေနတိုးဟာ တ႐ုတ္ႏိုင္ငံအေပၚ ေဝဖန္ျပစ္တင္မႈေတြက သိကၡာမဲ့လြန္းအားႀကီးပါတယ္။ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အေမရိကန္ နဲ႔ ေနတိုးအုပ္စုမွာ တာဝန္အရွိဆုံးျဖစ္ပါတယ္။ ေနတိုးအုပ္စုဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံကို ေဝဖန္စရာအေၾကာင္းမရွိဘူး။ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ရင္ တ႐ုတ္ႏိုင္ငံဟာ မွန္ကန္တဲ့ ပုံစံမ်ိဳးနဲ႔ ရပ္တည္ေနတယ္။ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္တဲ့ ရည္မွန္းခ်က္ေတြကလည္း ရွင္းလင္းပါတယ္။ ယူကရိန္းပဋိပကၡေတြ အဆုံးသတ္ေစဖို႔ ႏိုင္ငံေရးအေျဖရွာေအာင္ အႀကံေပးမႈေတြ လုပ္ေဆာင္ေနတယ္။ ယူကရိန္းစစ္ပြဲအဆုံးသတ္ေစဖို႔ ေစ့စပ္ေဆြးေႏြးမႈေတြ လုပ္ေဆာင္ရမွာျဖစ္တယ္။ ေနတိုးအုပ္စုဟာ ၎တို႔ ဘက္ကေနရပ္တည္ဖို႔ တ႐ုတ္ႏိုင္ငံကို ဖိအားေပးတာ၊ ဒါမွမဟုတ္ ေဝဖန္ျပစ္တင္တာမ်ိဳး မလုပ္ေဆာင္သင့္ဘူး" လို႔ ေျပာပါတယ္။

ေနတိုးအဖြဲ႕အႀကီးအကဲတစ္ဦးျဖစ္တဲ့ ဂ်န္စတိုတန္ဘတ္ခ်္ဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး တ႐ုတ္အစိုးရ အေပၚ ေဝဖန္ျပစ္တင္ခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပန္တုံ႔ျပန္ခဲ့တာလည္းျဖစ္ပါတယ္။

ဂ်န္စတိုတန္ဘတ္ခ်္က တ႐ုတ္ႏိုင္ငံဟာ ႐ုရွားရဲ႕စီးပြားေရးၿပိဳလဲမသြားေအာင္ လုပ္ေဆာင္ေပးေနသလို ႐ုရွားရဲ႕ တိုက္ခိုက္မႈေတြကိုလည္း ေဝဖန္ျပစ္တင္ျခင္းမ်ိဳး မလုပ္ေဆာင္ခဲ့ေၾကာင္း ေျပာပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ႐ုရွား ကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးမယ္ဆိုရင္ သမိုင္းဝင္အမွားတစ္ခုကို လုပ္ေဆာင္သလိုမ်ိဳးျဖစ္မွာျဖစ္ေၾကာင္း ဂ်န္စတိုတန္ဘတ္ခ်္က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံက ၎တို႔ဟာ ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပး ျခင္းမရွိေၾကာင္း ဆိုပါတယ္။ ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္း ပိုမိုနီးစပ္လာခဲ့သလို ၿပီးခဲ့တဲ့ လက ႐ုရွားသမၼတနဲ႔ တ႐ုတ္သမၼတတို႔ ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ ႏွစ္ႏိုင္ငံ စစ္ဘက္ပူးေပါင္းေဆာင္႐ြက္မႈမ်ား ကို အျပန္အလွန္ယုံၾကည္မႈအျပည့္နဲ႔ လုပ္ေဆာင္သြားမယ္လို႔ ကတိျပဳခဲ့ပါတယ္။

Related news

© 2021. All rights reserved.