ဟိန္ဒူအမျိုးသားရေးသတင်းဌာနများ၊ အိန္ဒိယ RAW ထောက်လှမ်းရေးနဲ့ ထားဝယ်ရေ နက်ဆိပ်ကမ်း (ဘာသာပြန်ဆောင်းပါး)

 3473

Htay Oung (NP News) - မေ ၂ဝ

လွန်ခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော့်အနေနဲ့ အိန္ဒိယ ဟိန္ဒူအမျိုးသားရေးဝါဒီမီဒီယာတို့က ဖော်ပြတဲ့သတင်းများမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ထားရှိရင် ရွေးချယ်ပြီး ဘာသာပြန်ဖော်ပြလေ့ရှိပါတယ်။
အဲဒီ မီဒီယာအချို့ဟာ အထင်မရှားဖြစ်ပေးမယ့် RAW အိန္ဒိယထောက်လှမ်းရေးနဲ့ နီးစပ်မှုရှိလို့ သတင်းရင်းမြစ် စိတ်ချရပါတယ်။ ဒါကို ပထဝီနိုင်ငံရေး စစ်ရေးလေ့လာသူအတော်များများ သိရှိကြပြီးဖြစ်ပါတယ်။

RAW ရဲ့ကမ္ဘာအဆင့်ဟာ ဘယ်လောက်ရှိလဲ သိချင်ရင် မကြာသေးခင်က ဗြိတိသျှကိုလံဘီယာပြည်နယ် ဆစ်ခ် ခွဲထွက်ရေး ခေါင်းဆောင်တစ်ဦး အသတ်ခံရမှုမှာ ကနေဒါက နယူးဒေလီအပေါ် စွပ်စွဲရတဲ့အဖြစ်ကိုပဲ မှန်းဆကြည့် နိုင်ပါတယ်။

ဟိန္ဒူအမျိုးသားရေးမီဒီယာများရဲ့ဖော်ပြချက်များဟာ အမှန်တကယ်လည်း လက်တွေ့အသုံးဝင်ကြောင်း အကြိမ်ကြိမ် သတိပြုမိပါတယ်။ ဥပမာ - ၂၀၁၆ ခုနှစ် အနောက်တံခါး၀ ARSA တို့က အကြမ်းဖက်စဉ် တစ်ဖက် နိုင်ငံကို ပြန်ပေးဆွဲ ခေါ်ဆောင်ခြင်းခံရတဲ့ ဟိန္ဒူ မိန်းမပျိုလေးများ၊ နှစ်နိုင်ငံနယ်ခြားစည်းရိုး တစ်ဖက်ခြမ်းနဲ့ ကပ်ပြီး မြန်မာနဲ့ သက်ဆိုင်တဲ့ နယ်မြေအတွင်း တဲထိုးနေထိုင်သူများမှာ ARSA များ ပါဝင်နေကြောင်း၊ တစ်ဖက် နိုင်ငံ အူခီယားဒုက္ခသည်စခန်းအတွင်း မူဟစ်ဘူလာရဲ့လူထုအစည်းအဝေးဖြစ်မြောက်အောင် စပွန်ဆာပေးသူဟာ ပါကစ္စတန်ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပြီး ပါကစ္စတန်ထောက်လှမ်းရေးက ချိတ်ဆက် ပေးကြောင်းတို့ ဖြစ်ပါတယ်။

အိန္ဒိယသတင်းစာများ ရေးသားချက်ကို ဘင်္ဂလားဒေ့ရှ်သတင်းစာများက ကူးယူဖော်ပြကြပြီး ရှိတ်ဟာစီနာ အစိုးရ ကလည်း လိုအပ်တဲ့အရေးယူမှုကို ဆောင်ရွက်ခဲ့ကြောင်း တွေ့ရပါတယ်။ ကျွန်တော်လည်း ဘာသာပြန်ဖော်ပြ ခဲ့ပြီးပါပြီ။ ဖတ်ဖူးသူများ သိရှိကြပါလိမ့်မယ်။
#Swarajya #ဆွာရာ့ချ်ယာဟာ လစဉ်ထုတ် ပုံနှိပ်မဂ္ဂဇင်းဖြစ်ပြီး ဒစ်ဂျစ်တယ်ဝဘ်ဆိုက်ကလည်း နေ့စဉ်သ တင်းများကို ဖော်ပြပေးနေပါတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းအကြောင်းသတင်းမှာ သူတို့ဟာ ဘယ်လိုဖြစ် ကြောင်း အလွယ်တကူ မှန်းဆနိုင်ဖို့ “အိန္ဒိယ “ဆွာရာ့ဂျ်ယာ” အမျိုးသားရေးဂျာနယ်က (မေလ ၁၅ ရက်) က ရေးသားပါတယ်” လို့ ကျွန်တော် တမင်ဖော်ပြခြင်းဖြစ်ပါတယ်။

အိန္ဒိယသမုဒ္ဒရာနဲ့ တောင်တရုတ်ပင်လယ်ကို ဆက်သွယ်ပေးမယ့် ထိုင်းနိုင်ငံရဲ့ကရားတူးမြောင်းဟာ နိဂုံးချုပ်ခဲ့ပြီ ဖြစ်ကြောင်း ပရာယွတ်ချန်အိုချာ ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခြင်းမတိုင်မီ ကြေညာခဲ့ပါတယ်။
ဒါပေမယ့် တူးမြောင်းအစား ဟိုဘက် ဒီဘက် ပင်လယ်ဆိပ်ကမ်းနှစ်ခုအကြား ‌မော်တော်ကား၊ မီးရတားလမ်းနဲ့ ချိတ်ဆက်မယ့် ကုန်းတွင်းဆက်လမ်းကြောင်း Land Bridge ကို အဆိုပြုသူက လက်ရှိဝန်ကြီးချုပ် ဆက်ထာ သာဗီဆင်ဖြစ်ပါတယ်။
အဲဒီအတိုင်မီ သာဗီဆင်ရဲ့ကုန်းတွင်းဆက်လမ်းကြောင်းနဲ့ ပတ်သက်လို့ ချန်နယ်နယူးအေးရှားရဲ့သတင်းကို ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်မှာ ကျွန်တော်အသေးစိတ်ဘာသာပြန်ဆိုဖော်ပြခဲ့ပါတယ်။ အဲဒီလမ်းဟာ မြန်မာနိုင်ငံ ကော့သောင်းမြို့နယ်နဲ့ မျက်နှာချင်းဆိုင် ရနောင်းမြို့နဲ့ ထိုင်းပင်လယ်ကွေ့ရှိ ချန်ဖုန်ခရိုင်ကို ချိတ်ဆက်ပေးပါလိမ့် မယ်။ အမေရိကန်ဒေါ်လာ ၃၅.၆ ဘီလျံခန့်ကုန်ကျမယ့်စီမံကိန်းဟာ တရုတ်နဲ့ပူးပေါင်းအကောင်အထည်ဖော်ရန် ဖြစ်ပါတယ်။

ဒီစီမံကိန်းတစ်ခုလုံးဟာ ထိုင်းနယ်မြေအတွင်းမှာ တည်ရှိပေမယ့် ပါကစ္စတန်နဲ့ သိရိလင်္ကာနည်းတူ တရုတ်က လက်ဝါးကြီးအုပ်သွားမှာကို စိုးရိမ်မှုများ ရှိနေပါတယ်။ ဒီထက်ပိုပိုပြီး အရေးကြီးတာက ကုန်းတွင်းဆက်လမ်း ကြောင်းကို တည်ဆောက်ပေးမယ့်သူဟာ ပေကျင်းဖြစ်နေခြင်းကြောင့် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့လို့ အာရှအရှေ့ ပိုင်း နိုင်ငံအများအပြားတို့နဲ့ တောင်တရုတ်ပင်လယ်ရေပိုင်နက် အငြင်းပွားမှုများမှာ ထိုင်းနိုင်ငံကို ဆွဲသွင်းသလို ဖြစ်လာတာကိုလည်း ထည့်တွက်နေကြပါတယ်။

လောလောဆယ်မှာလည်း လက်တွေ့အကောင်အထည်ဖော်နေရပေမယ့် စီမံကိန်းပါ ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်း ကို ချဉ်းကပ်ရေးဟာ ရေစူးများတဲ့ ပင်လယ်ကူးသင်္ဘောများအတွက် အကန့်အသတ်ရှိနေပါတယ်။
ထားဝယ်ဟာ ဘန်ကောက်မြို့ရဲ့အနောက်စူးစူးမှာ တည်ရှိပြီး တစ်ဖက်နိုင်ငံကို ကူးသွားနိုင်တဲ့ မော်တော်ကား လမ်း ကျဉ်းလေးရှိနှင့်ပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ ထားဝယ်မှ အရှေ့ဘက် ဟိန္ဒာ-ကျောက်မဲတောင်-မေတ္တာ-ထီးခီးလမ်းလေးဟာ ထိုင်းတောင်ပိုင်းသွား အဝေးပြေးကားလမ်းမကြီးများနဲ့လည်းနီးကပ်ပါတယ်။ ထိုင်း မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိနေပြီး အများတောင်ကြားလမ်းမှတဆင့် ကန်ချနာဘူရီခရိုင်နဲ့ ဆက်သွယ် ထားပါတယ်။ တောင်ကြားလမ်း နယ်စပ်ဂိတ်ဟာ ဘန်ကောက်မြို့မှ တိုက်ရိုက် မော်တော်ကားခရီး သုံးနာရီကျော် ကျော်သာ ဝေးပါတယ်။
ထားဝယ်စီမံကိန်းအတွက် ထိုင်းမြန်မာကားလမ်းကို ၂ဝ၂ဝ ပြည့်နှစ် ဘတ်ငွေ ၄.၅ ဘီလျံအကုန်အကျခံပြီး အဆင့်မြှင့်ဖောက်လုပ်ဖို့ ထိုင်းနိုင်ငံက စီစဉ်ခဲ့ဖူးတယ်။ ကျွန်တော်အမှတ်မမှားလျှင် နစကဥက္ကဋ္ဌ မိန့်ခွန်းမှာ တနင်္သာရီကမ်းရိုးတန်းဘက်မှ ကုန်သွယ်ရေးလမ်းကြောင်း အကြောင်း ပါဝင်တယ်လို့ ထင်ပါတယ်။ လက်ရှိ ရနောင်းဆိပ်ကမ်းကပဲ တင်ပို့နေသလား ထားဝယ်ရေနက်ဆိပ်ကမ်းကို အသက်သွင်းဖို့လား၊ လက်ရှိ ထီးခီး လမ်းကြောင်းလား မှန်းဆနိုင်ခြင်း မရှိပါ။
၁ဝ နှစ်စီမံကိန်းအရ ထားဝယ်ရေနက်ဆိပ်ကမ်းကို ပင်လယ်ကူးသင်္ဘောကြီးအများအပြား တစ်ပြိုင်နက်တည်း ဆိုက်ကပ်နိုင်ဖို့၊ ထားဝယ်မှ ကန်ချနာဘူရီ ၁၀၅-မိုင် ရှည်လျားတဲ့ ၈ လမ်းသွား အဝေးပြေးကားလမ်း၊ မီးရထား လမ်း၊ ရေနံ ဓါတ်ငွေ့ပိုက်လိုင်း၊ နယ်စပ်ဂိတ် ဆောက်လုပ်တဲ့အထိဆို မြန်မာဘက်တင် ဒေါ်လာ ၈.၆ ဘီလျံရှိနေလို့ ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာဖို့သာ လိုနေပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ဆင်းရဲရုံမက ကာလကြာရှည် လက်နက်ကိုင်ပဋိပက္ခများကြောင့် အတိဒုက္ခရောက်နေကြ သူ အတော်များပါတယ်။ ကျွန်တော်တို့တွေ ဆင်းရဲဒုက္ခ လျော့ပါးသက်သာစေဖို့ ဘယ်လိုပွင့်လင်းမြင်သာပြီး ဖြောင့်မတ်မှန်တဲ့လုပ်ရပ်မျိုးမဆို ထောက်ခံရပါလိမ့်မယ်။ အဲဒီလို အမှီအခိုကင်း မှန်ကန်ဖြောင့်မတ်ပြီး နိုင်ငံနဲ့ လူ့အဖွဲ့အစည်းကို ကာကွယ်စောင့်ရှောက်သူမှန်သမျှ အောင်မြင်စေဖို့ ဆန္ဒပြုပါတယ်။
လောလောဆယ် ကျွန်တော်မြန်မာနိုင်ငံအတွင်း မြို့ကြီးငယ် ၅၀ ကျော်ခန့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု ဆုံးရှုံးနေကြောင်း ကျွန်တော် ဝန်ခံပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးဟာ ဘယ်နိုင်ငံရဲ့ ကျွန်သဘောက် လက်ပါးစေများ မဟုတ်ကြပါ။ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ တိုင်းတစ်ပါးရဲ့သြဇာခံဖြစ်လာစေဖို့ လုပ်ဆောင်လာသမျှကိုလည်း ခါးခါး သီးသီး ဆန့်ကျင်ရပါလိမ့်မယ်။
အဲဒီလိုလူတွေဟာ #ခွေးချီးတွေ ဖြစ်ပြီး သခင် အားရ ကျွန်ပါး၀ #ကျားချီးတွေကိုလည်း ဒဲ့ရွံပါတယ်။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine

Zawgyi Version;
ဟိႏၵဴအမ်ိဳးသားေရးသတင္းဌာနမ်ား၊ အိႏၵိယ RAW ေထာက္လွမ္းေရးနဲ႔ ထားဝယ္ေရ နက္ဆိပ္ကမ္း (ဘာသာျပန္ေဆာင္းပါး)

Htay Oung (NP News) - ေမ ၂ဝ

လြန္ခဲ့တဲ့ႏွစ္ေတြအတြင္း ကြၽန္ေတာ့္အေနနဲ႔ အိႏၵိယ ဟိႏၵဴအမ်ိဳးသားေရးဝါဒီမီဒီယာတို႔က ေဖာ္ျပတဲ့သတင္းမ်ားမွာ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ထားရွိရင္ ေ႐ြးခ်ယ္ၿပီး ဘာသာျပန္ေဖာ္ျပေလ့ရွိပါတယ္။
အဲဒီ မီဒီယာအခ်ိဳ႕ဟာ အထင္မရွားျဖစ္ေပးမယ့္ RAW အိႏၵိယေထာက္လွမ္းေရးနဲ႔ နီးစပ္မႈရွိလို႔ သတင္းရင္းျမစ္ စိတ္ခ်ရပါတယ္။ ဒါကို ပထဝီႏိုင္ငံေရး စစ္ေရးေလ့လာသူအေတာ္မ်ားမ်ား သိရွိၾကၿပီးျဖစ္ပါတယ္။

RAW ရဲ႕ကမာၻအဆင့္ဟာ ဘယ္ေလာက္ရွိလဲ သိခ်င္ရင္ မၾကာေသးခင္က ၿဗိတိသွ်ကိုလံဘီယာျပည္နယ္ ဆစ္ခ္ ခြဲထြက္ေရး ေခါင္းေဆာင္တစ္ဦး အသတ္ခံရမႈမွာ ကေနဒါက နယူးေဒလီအေပၚ စြပ္စြဲရတဲ့အျဖစ္ကိုပဲ မွန္းဆၾကည့္ ႏိုင္ပါတယ္။

ဟိႏၵဴအမ်ိဳးသားေရးမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္မ်ားဟာ အမွန္တကယ္လည္း လက္ေတြ႕အသုံးဝင္ေၾကာင္း အႀကိမ္ႀကိမ္ သတိျပဳမိပါတယ္။ ဥပမာ - ၂၀၁၆ ခုႏွစ္ အေနာက္တံခါး၀ ARSA တို႔က အၾကမ္းဖက္စဥ္ တစ္ဖက္ ႏိုင္ငံကို ျပန္ေပးဆြဲ ေခၚေဆာင္ျခင္းခံရတဲ့ ဟိႏၵဴ မိန္းမပ်ိဳေလးမ်ား၊ ႏွစ္ႏိုင္ငံနယ္ျခားစည္း႐ိုး တစ္ဖက္ျခမ္းနဲ႔ ကပ္ၿပီး ျမန္မာနဲ႔ သက္ဆိုင္တဲ့ နယ္ေျမအတြင္း တဲထိုးေနထိုင္သူမ်ားမွာ ARSA မ်ား ပါဝင္ေနေၾကာင္း၊ တစ္ဖက္ ႏိုင္ငံ အူခီယားဒုကၡသည္စခန္းအတြင္း မူဟစ္ဘူလာရဲ႕လူထုအစည္းအေဝးျဖစ္ေျမာက္ေအာင္ စပြန္ဆာေပးသူဟာ ပါကစၥတန္ဘာသာေရးအစြန္းေရာက္ အၾကမ္းဖက္အဖြဲ႕အစည္းျဖစ္ၿပီး ပါကစၥတန္ေထာက္လွမ္းေရးက ခ်ိတ္ဆက္ ေပးေၾကာင္းတို႔ ျဖစ္ပါတယ္။

အိႏၵိယသတင္းစာမ်ား ေရးသားခ်က္ကို ဘဂၤလားေဒ့ရွ္သတင္းစာမ်ားက ကူးယူေဖာ္ျပၾကၿပီး ရွိတ္ဟာစီနာ အစိုးရ ကလည္း လိုအပ္တဲ့အေရးယူမႈကို ေဆာင္႐ြက္ခဲ့ေၾကာင္း ေတြ႕ရပါတယ္။ ကြၽန္ေတာ္လည္း ဘာသာျပန္ေဖာ္ျပ ခဲ့ၿပီးပါၿပီ။ ဖတ္ဖူးသူမ်ား သိရွိၾကပါလိမ့္မယ္။
#Swarajya #ဆြာရာ့ခ်္ယာဟာ လစဥ္ထုတ္ ပုံႏွိပ္မဂၢဇင္းျဖစ္ၿပီး ဒစ္ဂ်စ္တယ္ဝဘ္ဆိုက္ကလည္း ေန႔စဥ္သ တင္းမ်ားကို ေဖာ္ျပေပးေနပါတယ္။ ထားဝယ္ေရနက္ဆိပ္ကမ္းအေၾကာင္းသတင္းမွာ သူတို႔ဟာ ဘယ္လိုျဖစ္ ေၾကာင္း အလြယ္တကူ မွန္းဆႏိုင္ဖို႔ “အိႏၵိယ “ဆြာရာ့ဂ်္ယာ” အမ်ိဳးသားေရးဂ်ာနယ္က (ေမလ ၁၅ ရက္) က ေရးသားပါတယ္” လို႔ ကြၽန္ေတာ္ တမင္ေဖာ္ျပျခင္းျဖစ္ပါတယ္။

အိႏၵိယသမုဒၵရာနဲ႔ ေတာင္တ႐ုတ္ပင္လယ္ကို ဆက္သြယ္ေပးမယ့္ ထိုင္းႏိုင္ငံရဲ႕ကရားတူးေျမာင္းဟာ နိဂုံးခ်ဳပ္ခဲ့ၿပီ ျဖစ္ေၾကာင္း ပရာယြတ္ခ်န္အိုခ်ာ ဝန္ႀကီးခ်ဳပ္ရာထူးမွ ႏႈတ္ထြက္ျခင္းမတိုင္မီ ေၾကညာခဲ့ပါတယ္။
ဒါေပမယ့္ တူးေျမာင္းအစား ဟိုဘက္ ဒီဘက္ ပင္လယ္ဆိပ္ကမ္းႏွစ္ခုအၾကား ‌ေမာ္ေတာ္ကား၊ မီးရတားလမ္းနဲ႔ ခ်ိတ္ဆက္မယ့္ ကုန္းတြင္းဆက္လမ္းေၾကာင္း Land Bridge ကို အဆိုျပဳသူက လက္ရွိဝန္ႀကီးခ်ဳပ္ ဆက္ထာ သာဗီဆင္ျဖစ္ပါတယ္။
အဲဒီအတိုင္မီ သာဗီဆင္ရဲ႕ကုန္းတြင္းဆက္လမ္းေၾကာင္းနဲ႔ ပတ္သက္လို႔ ခ်န္နယ္နယူးေအးရွားရဲ႕သတင္းကို ၂ဝ၂၃ ခုႏွစ္ ဒီဇင္ဘာလ ၁၂ ရက္မွာ ကြၽန္ေတာ္အေသးစိတ္ဘာသာျပန္ဆိုေဖာ္ျပခဲ့ပါတယ္။ အဲဒီလမ္းဟာ ျမန္မာႏိုင္ငံ ေကာ့ေသာင္းၿမိဳ႕နယ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ရေနာင္းၿမိဳ႕နဲ႔ ထိုင္းပင္လယ္ေကြ႕ရွိ ခ်န္ဖုန္ခ႐ိုင္ကို ခ်ိတ္ဆက္ေပးပါလိမ့္ မယ္။ အေမရိကန္ေဒၚလာ ၃၅.၆ ဘီလ်ံခန႔္ကုန္က်မယ့္စီမံကိန္းဟာ တ႐ုတ္နဲ႔ပူးေပါင္းအေကာင္အထည္ေဖာ္ရန္ ျဖစ္ပါတယ္။

ဒီစီမံကိန္းတစ္ခုလုံးဟာ ထိုင္းနယ္ေျမအတြင္းမွာ တည္ရွိေပမယ့္ ပါကစၥတန္နဲ႔ သိရိလကၤာနည္းတူ တ႐ုတ္က လက္ဝါးႀကီးအုပ္သြားမွာကို စိုးရိမ္မႈမ်ား ရွိေနပါတယ္။ ဒီထက္ပိုပိုၿပီး အေရးႀကီးတာက ကုန္းတြင္းဆက္လမ္း ေၾကာင္းကို တည္ေဆာက္ေပးမယ့္သူဟာ ေပက်င္းျဖစ္ေနျခင္းေၾကာင့္ ဗီယက္နမ္နဲ႔ ဖိလစ္ပိုင္တို႔လို႔ အာရွအေရွ႕ ပိုင္း ႏိုင္ငံအမ်ားအျပားတို႔နဲ႔ ေတာင္တ႐ုတ္ပင္လယ္ေရပိုင္နက္ အျငင္းပြားမႈမ်ားမွာ ထိုင္းႏိုင္ငံကို ဆြဲသြင္းသလို ျဖစ္လာတာကိုလည္း ထည့္တြက္ေနၾကပါတယ္။

ေလာေလာဆယ္မွာလည္း လက္ေတြ႕အေကာင္အထည္ေဖာ္ေနရေပမယ့္ စီမံကိန္းပါ ထိုင္းႏိုင္ငံ ရေနာင္းဆိပ္ကမ္း ကို ခ်ဥ္းကပ္ေရးဟာ ေရစူးမ်ားတဲ့ ပင္လယ္ကူးသေဘၤာမ်ားအတြက္ အကန႔္အသတ္ရွိေနပါတယ္။
ထားဝယ္ဟာ ဘန္ေကာက္ၿမိဳ႕ရဲ႕အေနာက္စူးစူးမွာ တည္ရွိၿပီး တစ္ဖက္ႏိုင္ငံကို ကူးသြားႏိုင္တဲ့ ေမာ္ေတာ္ကား လမ္း က်ဥ္းေလးရွိႏွင့္ၿပီးျဖစ္တယ္လို႔ သိရပါတယ္။ အဲဒီ ထားဝယ္မွ အေရွ႕ဘက္ ဟိႏၵာ-ေက်ာက္မဲေတာင္-ေမတၱာ-ထီးခီးလမ္းေလးဟာ ထိုင္းေတာင္ပိုင္းသြား အေဝးေျပးကားလမ္းမႀကီးမ်ားနဲ႔လည္းနီးကပ္ပါတယ္။ ထိုင္း ျမန္မာ နယ္စပ္ကုန္သြယ္ေရးဂိတ္ရွိေနၿပီး အမ်ားေတာင္ၾကားလမ္းမွတဆင့္ ကန္ခ်နာဘူရီခ႐ိုင္နဲ႔ ဆက္သြယ္ ထားပါတယ္။ ေတာင္ၾကားလမ္း နယ္စပ္ဂိတ္ဟာ ဘန္ေကာက္ၿမိဳ႕မွ တိုက္႐ိုက္ ေမာ္ေတာ္ကားခရီး သုံးနာရီေက်ာ္ ေက်ာ္သာ ေဝးပါတယ္။
ထားဝယ္စီမံကိန္းအတြက္ ထိုင္းျမန္မာကားလမ္းကို ၂ဝ၂ဝ ျပည့္ႏွစ္ ဘတ္ေငြ ၄.၅ ဘီလ်ံအကုန္အက်ခံၿပီး အဆင့္ျမႇင့္ေဖာက္လုပ္ဖို႔ ထိုင္းႏိုင္ငံက စီစဥ္ခဲ့ဖူးတယ္။ ကြၽန္ေတာ္အမွတ္မမွားလွ်င္ နစကဥကၠ႒ မိန႔္ခြန္းမွာ တနသၤာရီကမ္း႐ိုးတန္းဘက္မွ ကုန္သြယ္ေရးလမ္းေၾကာင္း အေၾကာင္း ပါဝင္တယ္လို႔ ထင္ပါတယ္။ လက္ရွိ ရေနာင္းဆိပ္ကမ္းကပဲ တင္ပို႔ေနသလား ထားဝယ္ေရနက္ဆိပ္ကမ္းကို အသက္သြင္းဖို႔လား၊ လက္ရွိ ထီးခီး လမ္းေၾကာင္းလား မွန္းဆႏိုင္ျခင္း မရွိပါ။
၁ဝ ႏွစ္စီမံကိန္းအရ ထားဝယ္ေရနက္ဆိပ္ကမ္းကို ပင္လယ္ကူးသေဘၤာႀကီးအမ်ားအျပား တစ္ၿပိဳင္နက္တည္း ဆိုက္ကပ္ႏိုင္ဖို႔၊ ထားဝယ္မွ ကန္ခ်နာဘူရီ ၁၀၅-မိုင္ ရွည္လ်ားတဲ့ ၈ လမ္းသြား အေဝးေျပးကားလမ္း၊ မီးရထား လမ္း၊ ေရနံ ဓါတ္ေငြ႕ပိုက္လိုင္း၊ နယ္စပ္ဂိတ္ ေဆာက္လုပ္တဲ့အထိဆို ျမန္မာဘက္တင္ ေဒၚလာ ၈.၆ ဘီလ်ံရွိေနလို႔ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား ဝင္ေရာက္လာဖို႔သာ လိုေနပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ဆင္းရဲ႐ုံမက ကာလၾကာရွည္ လက္နက္ကိုင္ပဋိပကၡမ်ားေၾကာင့္ အတိဒုကၡေရာက္ေနၾက သူ အေတာ္မ်ားပါတယ္။ ကြၽန္ေတာ္တို႔ေတြ ဆင္းရဲဒုကၡ ေလ်ာ့ပါးသက္သာေစဖို႔ ဘယ္လိုပြင့္လင္းျမင္သာၿပီး ေျဖာင့္မတ္မွန္တဲ့လုပ္ရပ္မ်ိဳးမဆို ေထာက္ခံရပါလိမ့္မယ္။ အဲဒီလို အမွီအခိုကင္း မွန္ကန္ေျဖာင့္မတ္ၿပီး ႏိုင္ငံနဲ႔ လူ႔အဖြဲ႕အစည္းကို ကာကြယ္ေစာင့္ေရွာက္သူမွန္သမွ် ေအာင္ျမင္ေစဖို႔ ဆႏၵျပဳပါတယ္။
ေလာေလာဆယ္ ကြၽန္ေတာ္ျမန္မာႏိုင္ငံအတြင္း ၿမိဳ႕ႀကီးငယ္ ၅၀ ေက်ာ္ခန႔္ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈ ဆုံးရႈံးေနေၾကာင္း ကြၽန္ေတာ္ ဝန္ခံပါတယ္။

ဒါေပမယ့္ ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕အစည္းႀကီးဟာ ဘယ္ႏိုင္ငံရဲ႕ ကြၽန္သေဘာက္ လက္ပါးေစမ်ား မဟုတ္ၾကပါ။ လြတ္လပ္စြာ ဆုံးျဖတ္ပိုင္ခြင့္ ရွိပါတယ္။ တိုင္းတစ္ပါးရဲ႕ၾသဇာခံျဖစ္လာေစဖို႔ လုပ္ေဆာင္လာသမွ်ကိုလည္း ခါးခါး သီးသီး ဆန႔္က်င္ရပါလိမ့္မယ္။
အဲဒီလိုလူေတြဟာ #ေခြးခ်ီးေတြ ျဖစ္ၿပီး သခင္ အားရ ကြၽန္ပါး၀ #က်ားခ်ီးေတြကိုလည္း ဒဲ့႐ြံပါတယ္။
အစဥ္ေလးစားစြာျဖင့္
#HtayOung, #OungMarine

Related news

© 2021. All rights reserved.