ချိုးဖောက်မှုများရှိနေသော်လည်း ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ဆက်ရှိနေလိမ့်မည်ဟု ကာတာ အစိုးရပြော

103

Pika (NP News) - နိုဝင်ဘာ ၂
ချိုးဖောက်မှုများရှိနေသော်လည်း အမေရိကန်ကြားဝင်စေ့စပ်ပေးထားသည့် ဂါဇာကမ်းမြောင်ဒေသ အပစ် အခတ်ရပ်စဲရေးသဘောတူညီချက်သည် ဆက်လက်တည်ရှိနေလိမ့်မည်ဟုယုံကြည်ကြောင်း ကာတာအစိုးရက ထုတ်ပြန် ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ အစ္စရေးတပ်ဖွဲ့များကို ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့မှုကိုတုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်မှု အသစ်များကို အစ္စရေးဘက်က ပြန်လည်စတင်ခဲ့ ပြီးနောက် ကာတာအစိုးရ၏ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ကာတာဝန်ကြီးချုပ် Sheikh Mohammed bin Abdulrahman Al Thani က ‘အပစ်အခတ်ရေးက ဆက် လက်တည်ရှိနေဖို့လိုအပ်ကြောင်းနဲ့ သဘောတူညီချက်ကိုလိုက်နာဖို့ နှစ်ဖက်စလုံးက အသိအမှတ်ပြုနေကြတယ်လို့ ကျွန်တော် ထင်ပါတယ်’ဟုပြောဆိုခဲ့သည်။ ဂါဇာရှိ အစ္စရေးတပ် ဖွဲ့များကို ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက် ခဲ့ခြင်းကြောင့် အစ္စရေးစစ်သားတစ်ဦးသေဆုံးခဲ့ပြီး နောက်တိုက်ခိုက်မှုအသစ်များကို အစ္စရေးဘက်က ပြန်လည် စတင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် အစ္စရေး၏ တိုက်ခိုက်မှုအသစ်များကြောင့် ကလေးငယ်(၃၅)ဦး အပါအဝင် လူပေါင်း(၁၀ဝ)ကျော်သေ ဆုံးခဲ့ကြောင်း ဂါဇာအရပ်ဘက်ကာကွယ်ရေးအေဂျင်စီ တစ်ခုက ထုတ်ပြန်ပြောကြားခဲ့သည်။
Sheikh Mohammed bin Abdulrahman Al Thani က “မနေ့ကဖြစ်ခဲ့တဲ့ကိစ္စတွေဟာ ကျွန်တော်တို့အတွက် တကယ်ကို စိတ်ပျက်စရာ ကောင်းတဲ့အရာတွေဖြစ်ပါတယ်။ ဒီကိစ္စတွေအားလုံး ကိုထိန်းချုပ်ဖို့ အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်ကလည်း သဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော် ဖို့ကတိပြုထားတာကြောင့် ဒီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က ဆက်လက်အသက်ဝင်နေဆဲ ပဲဖြစ်ပါတယ်” ဟုပြောဆိုခဲ့သည်။

Zawgyi Version:
ခ်ိဳးေဖာက္မႈမ်ားရွိေနေသာ္လည္း ဂါဇာအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္က ဆက္ရွိေနလိမ့္မည္ဟု ကာတာ အစိုးရေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂
ခ်ိဳးေဖာက္မႈမ်ားရွိေနေသာ္လည္း အေမရိကန္ၾကားဝင္ေစ့စပ္ေပးထားသည့္ ဂါဇာကမ္းေျမာင္ေဒသ အပစ္ အခတ္ရပ္စဲေရးသေဘာတူညီခ်က္သည္ ဆက္လက္တည္ရွိေနလိမ့္မည္ဟုယုံၾကည္ေၾကာင္း ကာတာအစိုးရက ထုတ္ျပန္ ေျပာၾကားခဲ့သည္။ ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းရွိ အစၥေရးတပ္ဖြဲ႕မ်ားကို ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕က တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့မႈကိုတုံ႔ျပန္သည့္အေနျဖင့္ တိုက္ခိုက္မႈ အသစ္မ်ားကို အစၥေရးဘက္က ျပန္လည္စတင္ခဲ့ ၿပီးေနာက္ ကာတာအစိုးရ၏ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ကာတာဝန္ႀကီးခ်ဳပ္ Sheikh Mohammed bin Abdulrahman Al Thani က ‘အပစ္အခတ္ေရးက ဆက္ လက္တည္ရွိေနဖို႔လိုအပ္ေၾကာင္းနဲ႔ သေဘာတူညီခ်က္ကိုလိုက္နာဖို႔ ႏွစ္ဖက္စလုံးက အသိအမွတ္ျပဳေနၾကတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္’ဟုေျပာဆိုခဲ့သည္။ ဂါဇာရွိ အစၥေရးတပ္ ဖြဲ႕မ်ားကို ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕က တိုက္ခိုက္ ခဲ့ျခင္းေၾကာင့္ အစၥေရးစစ္သားတစ္ဦးေသဆုံးခဲ့ၿပီး ေနာက္တိုက္ခိုက္မႈအသစ္မ်ားကို အစၥေရးဘက္က ျပန္လည္ စတင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ အစၥေရး၏ တိုက္ခိုက္မႈအသစ္မ်ားေၾကာင့္ ကေလးငယ္(၃၅)ဦး အပါအဝင္ လူေပါင္း(၁၀ဝ)ေက်ာ္ေသ ဆုံးခဲ့ေၾကာင္း ဂါဇာအရပ္ဘက္ကာကြယ္ေရးေအဂ်င္စီ တစ္ခုက ထုတ္ျပန္ေျပာၾကားခဲ့သည္။
Sheikh Mohammed bin Abdulrahman Al Thani က “မေန႔ကျဖစ္ခဲ့တဲ့ကိစၥေတြဟာ ကြၽန္ေတာ္တို႔အတြက္ တကယ္ကို စိတ္ပ်က္စရာ ေကာင္းတဲ့အရာေတြျဖစ္ပါတယ္။ ဒီကိစၥေတြအားလုံး ကိုထိန္းခ်ဳပ္ဖို႔ အေမရိကန္နဲ႔ ပူးေပါင္း ေဆာင္႐ြက္မႈေတြလုပ္ေဆာင္ခဲ့ပါတယ္။ အေမရိကန္ကလည္း သေဘာတူညီခ်က္ကို ဆက္လက္အေကာင္အထည္ေဖာ္ ဖို႔ကတိျပဳထားတာေၾကာင့္ ဒီအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္က ဆက္လက္အသက္ဝင္ေနဆဲ ပဲျဖစ္ပါတယ္” ဟုေျပာဆိုခဲ့သည္။