ဗင်နီဇွဲလားနိုင်ငံအတွင်းကို တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့အတွက် စဉ်းစားနေတာမျိုးမရှိဘူးလို့ ဒေါ်နယ်ထရမ့်ပြော

 104

Pika (NP News) - နိုဝင်ဘာ ၂

ဗင်နီဇွဲလားနိုင်ငံတွင်းကို တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့အတွက် စဉ်းစားနေတာမျိုးမရှိဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ဆက်စပ်တဲ့စစ်ဆင်ရေးတွေကို အမေရိကန်က အရှိန်မြှင့်လုပ်ဆောင်လာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်တွေ မြင့်တက်နေချိန်မှာပဲ ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း အမေရိကန်ဟာ တိုက်လေယာဉ်တွေ၊စစ်သင်္ဘောတွေနဲ့ တပ်ဖွဲ့ဝင်ထောင်ချီတို့နဲ့အတူ ကာရေဘီယံပင်လယ်ပြင်မှာ ၎င်းရဲ့စစ်ရေးတည်ဆောက်မှုတွေကို အရှိန်မြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် မကြာခင်အချိန်အတွင်း ကာရေဘီယံပင်လယ်ပြင်ကို Gerald Ford လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အဖွဲ့ ရောက်ရှိလာမှာဖြစ်တဲ့အတွက် လာမယ့်သီတင်းပတ်တွေအတွင်း အမေရိကန်ရဲ့စစ်အင်အားဟာ သိသိသာသာ တိုးမြင့်လာတာကို တွေ့မြင်ရတော့မှာလည်းဖြစ်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံတွင်းကို တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေက မှန်သလားဆိုတဲ့ သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “ဗင်နီဇွဲလားနိုင်ငံတွင်းကိုတိုက်ခိုက်ဖို့ စဉ်းစားနေတာမျိုး မရှိပါဘူး” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း လာမယ့်အနာဂတ်မှာ ဗင်နီဇွဲလားနိုင်ငံတွင်းကို တိုက်ခိုက်ဖို့ ဒေါ်နယ်ထရမ့်က အမိန့်ပေးထား သလား ဒါမှမဟုတ် နောက်ဆုံးဆုံးဖြတ်ချက်တွေကို မချမှတ်ရသေးတာလားဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
ဗင္နီဇြဲလားႏိုင္ငံအတြင္းကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔အတြက္ စဥ္းစားေနတာမ်ိဳးမရွိဘူးလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂
ဗင္နီဇြဲလားႏိုင္ငံတြင္းကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔အတြက္ စဥ္းစားေနတာမ်ိဳးမရွိဘူးလို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးနဲ႔ ဆက္စပ္တဲ့စစ္ဆင္ေရးေတြကို အေမရိကန္က အရွိန္ျမႇင့္လုပ္ေဆာင္လာႏိုင္တယ္ဆိုတဲ့ေမွ်ာ္လင့္ခ်က္ေတြ ျမင့္တက္ေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့လေတြအတြင္း အေမရိကန္ဟာ တိုက္ေလယာဥ္ေတြ၊စစ္သေဘၤာေတြနဲ႔ တပ္ဖြဲ႕ဝင္ေထာင္ခ်ီတို႔နဲ႔အတူ ကာေရဘီယံပင္လယ္ျပင္မွာ ၎ရဲ႕စစ္ေရးတည္ေဆာက္မႈေတြကို အရွိန္ျမႇင့္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ မၾကာခင္အခ်ိန္အတြင္း ကာေရဘီယံပင္လယ္ျပင္ကို Gerald Ford ေလယာဥ္တင္သေဘၤာ တိုက္ခိုက္ေရး အဖြဲ႕ ေရာက္ရွိလာမွာျဖစ္တဲ့အတြက္ လာမယ့္သီတင္းပတ္ေတြအတြင္း အေမရိကန္ရဲ႕စစ္အင္အားဟာ သိသိသာသာ တိုးျမင့္လာတာကို ေတြ႕ျမင္ရေတာ့မွာလည္းျဖစ္ပါတယ္။
ဗင္နီဇြဲလားႏိုင္ငံတြင္းကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔ စဥ္းစားေနတယ္ဆိုတဲ့သတင္းေတြက မွန္သလားဆိုတဲ့ သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “ဗင္နီဇြဲလားႏိုင္ငံတြင္းကိုတိုက္ခိုက္ဖို႔ စဥ္းစားေနတာမ်ိဳး မရွိပါဘူး” လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း လာမယ့္အနာဂတ္မွာ ဗင္နီဇြဲလားႏိုင္ငံတြင္းကို တိုက္ခိုက္ဖို႔ ေဒၚနယ္ထရမ့္က အမိန႔္ေပးထား သလား ဒါမွမဟုတ္ ေနာက္ဆုံးဆုံးျဖတ္ခ်က္ေတြကို မခ်မွတ္ရေသးတာလားဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.