ဂျပန်စစ်ဘက်သုံးရဟတ်ယာဉ်ပျက်ကျမှုကြောင့် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး အပါအဝင် လူ ၁ဝ ဦး ပျောက်ဆုံးနေ

 2149

ဂျန်ဇက် (NP News) - ဧပြီ ၇

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး အပါအဝင် လူ ၁ဝ ဦး လိုက်ပါသွားတဲ့ ဂျပန် စစ်ဘက်သုံးရဟတ်ယာဉ်တစ်စီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အိုကီနာဝါဒေသ တောင်ပိုင်းရှိ ကျွန်းအနီးက ပင်လယ် ထဲကို ပျက်ကျသွားခဲ့ပြီး၊ ပျောက်ဆုံးနေသူများကို အရှိန်မြင့် ရှာဖွေလျက်ရှိနေကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ဗိုလ်ချုပ် ယာဆူနိုရီ မိရီရှီတာ က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရဟတ်ယာဉ်အပျက်အစီး အပိုင်းအစများကို ပယ်လယ်မှာ ပြန်လည်တွေ့ရှိထားပေမယ့်လည်း ပျောက်ဆုံးသူ ၁ဝ ဦးကို တွေ့ရှိခြင်းမရှိသေးကြောင်း Black Hawk အမျိုးစား ရဟတ်ယာဉ်ဟာ ပျံသန်းချိန်အတွင်း စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များကြောင့် ပျက်ကျသွားခြင်းဖြစ်ဖွယ်ရှိကြောင်း ဂျပန်စစ်ဘက်က ပြောပါတယ်။

ရဟတ်ယာဉ်ဟာ ဧပြီ ၆ ရက်က မီယာကို ကျွန်းစုအနီးရောက်ရှိချိန်မှာ ရေဒါက ပျောက်ကွယ်သွားခဲ့ကြောင်း၊ ရဟတ်ယာဉ်ပျက်ကျသွားခဲ့ပြီးနောက်ပိုင်းကတည်းက ပျောက်ဆုံးနေသူများကို ရှာဖွေနေကြောင်း ဂျပန်စစ်ဘက် က ပြောပါတယ်။

ရဟတ်ယာဉ်ပေါ်မှာ ဂျပန်စစ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူ Yuichi Sakamoto ယူချီ ဆကာမိုတို၊ အပြင် လေယာဉ်မှူးနှစ်ဦး၊ ခရီးသည်အရပ်သား ၆ ဦးနဲ့ ဂျပန်စစ်ဘက်တာဝန်ရှိသူတစ်ဦးတို့ လိုက်ပါသွားခဲ့ ကြောင်း ပြောပါတယ်။

လေယာဉ်ပျက်ကျသွားပြီးနောက်ပိုင်းကတည်းက ပင်လယ်ထဲမှာ ရဟတ်ယာဉ်အပိုင်းအစများ၊ လေယာဉ်ဆီများ၊ အခြားပစ္စည်းများ တွေ့ရှိခဲ့ပေမယ့်လည်း လေယာဉ်ပေါ်လိုက်ပါသွားသူ ၁ဝ ဦးကို တွေ့ရှိခြင်းမရှိဘဲ ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန က ဆိုပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့တဲ့ မီယာကိုကျွန်းဟာ ထိုင်ဝမ်ကျွန်းကနေ အကွာအဝေး မိုင် ၂၅ဝ အကွာမှာ တည်ရှိနေကြောင်း သိရပါတယ်။ ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသူအားလုံး ပြန်မတွေ့ဘူးဆိုရင် အဆိုပါ ရဟတ်ယာဉ် ပျက်ကျမှုက ၁၉၉၅ ခုနှစ်နောက်ပိုင်း ပျက်ကျခဲ့တဲ့ ဂျပန်စစ်ဘက်သုံး လေယာဉ်၊ ရဟတ်ယာဉ် ပျက်ကျမှုထဲမှာ အဆိုးရွားဆုံးဖြစ်ဖွယ်ရှိနေပါတယ်။

Zawgyi Version;
ဂ်ပန္စစ္ဘက္သုံးရဟတ္ယာဥ္ပ်က္က်မႈေၾကာင့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးတစ္ဦး အပါအဝင္ လူ ၁ဝ ဦး ေပ်ာက္ဆုံးေန
ဂ်န္ဇက္ (NP News) - ဧၿပီ ၇

ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနက ဒုတိယဗိုလ္ခ်ဳပ္ႀကီးတစ္ဦး အပါအဝင္ လူ ၁ဝ ဦး လိုက္ပါသြားတဲ့ ဂ်ပန္ စစ္ဘက္သုံးရဟတ္ယာဥ္တစ္စီးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက အိုကီနာဝါေဒသ ေတာင္ပိုင္းရွိ ကြၽန္းအနီးက ပင္လယ္ ထဲကို ပ်က္က်သြားခဲ့ၿပီး၊ ေပ်ာက္ဆုံးေနသူမ်ားကို အရွိန္ျမင့္ ရွာေဖြလ်က္ရွိေနေၾကာင္း ဂ်ပန္ကာကြယ္ေရး ဝန္ႀကီးဌာနက ဗိုလ္ခ်ဳပ္ ယာဆူႏိုရီ မိရီရွီတာ က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ရဟတ္ယာဥ္အပ်က္အစီး အပိုင္းအစမ်ားကို ပယ္လယ္မွာ ျပန္လည္ေတြ႕ရွိထားေပမယ့္လည္း ေပ်ာက္ဆုံးသူ ၁ဝ ဦးကို ေတြ႕ရွိျခင္းမရွိေသးေၾကာင္း Black Hawk အမ်ိဳးစား ရဟတ္ယာဥ္ဟာ ပ်ံသန္းခ်ိန္အတြင္း စက္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္မ်ားေၾကာင့္ ပ်က္က်သြားျခင္းျဖစ္ဖြယ္ရွိေၾကာင္း ဂ်ပန္စစ္ဘက္က ေျပာပါတယ္။

ရဟတ္ယာဥ္ဟာ ဧၿပီ ၆ ရက္က မီယာကို ကြၽန္းစုအနီးေရာက္ရွိခ်ိန္မွာ ေရဒါက ေပ်ာက္ကြယ္သြားခဲ့ေၾကာင္း၊ ရဟတ္ယာဥ္ပ်က္က်သြားခဲ့ၿပီးေနာက္ပိုင္းကတည္းက ေပ်ာက္ဆုံးေနသူမ်ားကို ရွာေဖြေနေၾကာင္း ဂ်ပန္စစ္ဘက္ က ေျပာပါတယ္။

ရဟတ္ယာဥ္ေပၚမွာ ဂ်ပန္စစ္ဘက္က ဒုတိယဗိုလ္ခ်ဳပ္ႀကီးအဆင့္ရွိသူ Yuichi Sakamoto ယူခ်ီ ဆကာမိုတို၊ အျပင္ ေလယာဥ္မႉးႏွစ္ဦး၊ ခရီးသည္အရပ္သား ၆ ဦးနဲ႔ ဂ်ပန္စစ္ဘက္တာဝန္ရွိသူတစ္ဦးတို႔ လိုက္ပါသြားခဲ့ ေၾကာင္း ေျပာပါတယ္။

ေလယာဥ္ပ်က္က်သြားၿပီးေနာက္ပိုင္းကတည္းက ပင္လယ္ထဲမွာ ရဟတ္ယာဥ္အပိုင္းအစမ်ား၊ ေလယာဥ္ဆီမ်ား၊ အျခားပစၥည္းမ်ား ေတြ႕ရွိခဲ့ေပမယ့္လည္း ေလယာဥ္ေပၚလိုက္ပါသြားသူ ၁ဝ ဦးကို ေတြ႕ရွိျခင္းမရွိဘဲ ရွာေဖြမႈမ်ား ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာန က ဆိုပါတယ္။

ရဟတ္ယာဥ္ပ်က္က်မႈျဖစ္ပြားခဲ့တဲ့ မီယာကိုကြၽန္းဟာ ထိုင္ဝမ္ကြၽန္းကေန အကြာအေဝး မိုင္ ၂၅ဝ အကြာမွာ တည္ရွိေနေၾကာင္း သိရပါတယ္။ ရဟတ္ယာဥ္ေပၚလိုက္ပါသြားသူအားလုံး ျပန္မေတြ႕ဘူးဆိုရင္ အဆိုပါ ရဟတ္ယာဥ္ ပ်က္က်မႈက ၁၉၉၅ ခုႏွစ္ေနာက္ပိုင္း ပ်က္က်ခဲ့တဲ့ ဂ်ပန္စစ္ဘက္သုံး ေလယာဥ္၊ ရဟတ္ယာဥ္ ပ်က္က်မႈထဲမွာ အဆိုး႐ြားဆုံးျဖစ္ဖြယ္ရွိေနပါတယ္။

Picture

L Mone

07/04/2023 23:48

ရေငုပ် သ ဘော်

Related news

© 2021. All rights reserved.