တင်းမာမှုများမြင့်တက်နေချိန်တွင် မြောက်ကိုရီးယားက နျူကလီးယားလက်နက်ပစ္စည်းများ တပ်ဆင်နိုင်သော ရေအောက်သုံး တိုက်ခိုက်ရေးဒရုန်း စမ်းသပ်မှု နှစ်ကြိမ်ပြုလုပ်

 493

Pika (NP News) – ဧပြီ ၈

မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို အင်အားပြသသည့်အနေဖြင့် ဧပြီလ (၈) ရက် တွင် နျူကလီးယားလက်နက်ပစ္စည်းများ တပ်ဆင်နိုင်သော ရေအောက်သုံး တိုက်ခိုက်ရေးဒရုန်းစမ်းသပ်မှုကို နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ရန်သူ့ရေပိုင်နက်အတွင်း တိုက်ခိုက်ရန် ဒီဇိုင်းထုတ်ထားသော Haeil-1 အမည်ရှိ ရေအောက်သုံး တိုက်ခိုက်ရေးဒရုန်းစနစ်အသစ်ကို ထုတ်ဖော်ပြသခဲ့ပြီးနောက် တစ်ပတ်အကြာတွင် Haeil-2 အမည်ရှိ နျူကလီးယားလက်နက်ပစ္စည်းများ တပ်ဆင်နိုင်သော ရေအောက်သုံးတိုက်ခိုက်ရေးဒရုန်း အခြား အမျိုးအစားကို စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို လက်တုံ့ပြန်ရန်အတွက် ၎င်း၏ အမျိုးမျိုးသော နျူကလီးယားစွမ်းရည်များကို ထုတ်ဖော်ပြသနေသော်လည်း အဆိုပါ ရေအောက်သုံး တိုက်ခိုက်ရေးဒရုန်းများကို ဖြန့်ကျက်ရန် အဆင်သင့်ဖြစ်/မဖြစ် ဆိုသည့်အချက်ကို သံသယရှိကြောင်း လေ့လာ သုံးသပ်သူများက ပြောခဲ့သည်။

အဆိုပါ ဒရုန်းသည် ရေအောက် ကီလိုမီတာ(၁ဝဝဝ) ကို (၇၁)နာရီနှင့် (၆)မိနစ်ကြာ သွားလာနိုင်ပြီး ပစ်မှတ်တု ကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြခဲ့သည်၊၊ KCNA သတင်းဌာနက "ဒီစမ်းသပ်မှုဟာ ရေအောက်သုံးတိုက်ခိုက်ရေးဒရုန်းရဲ့ယုံကြည်စိတ်ချရမှုကို အပြည့်အဝ သက်သေပြနိုင်ခဲ့ပါ တယ်" ဟု ဖော်ပြခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လက်တုံ့ပြန်မှုအဖြစ် မြောက်ကိုရီးယား သည် မကြာသေးမီ သီတင်းပတ်များအတွင်း ၎င်း၏စစ်ရေးလှုပ်ရှားမှုများကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာခဲ့ ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်စွမ်းရှိသော ဒုံးကျည်အသစ်များကို ထုတ်ဖော်ပြသခဲ့ပြီး အမေရိကန်နိုင်ငံရှိ မည်သည့်နေရာကိုမဆို ပစ်ခတ်တိုက်ခိုက်နိုင်သည့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
တင္းမာမႈမ်ားျမင့္တက္ေနခ်ိန္တြင္ ေျမာက္ကိုရီးယားက န်ဴကလီးယားလက္နက္ပစၥည္းမ်ား တပ္ဆင္ႏိုင္ေသာ ေရေအာက္သုံး တိုက္ခိုက္ေရးဒ႐ုန္း စမ္းသပ္မႈ ႏွစ္ႀကိမ္ျပဳလုပ္
Pika (NP News) – ဧၿပီ ၈

ေျမာက္ကိုရီးယားသည္ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔ကို အင္အားျပသသည့္အေနျဖင့္ ဧၿပီလ (၈) ရက္ တြင္ န်ဴကလီးယားလက္နက္ပစၥည္းမ်ား တပ္ဆင္ႏိုင္ေသာ ေရေအာက္သုံး တိုက္ခိုက္ေရးဒ႐ုန္းစမ္းသပ္မႈကို ႏွစ္ႀကိမ္ျပဳလုပ္ခဲ့ေၾကာင္း ႏိုင္ငံပိုင္မီဒီယာ KCNA က ေဖာ္ျပခဲ့သည္။

ေျမာက္ကိုရီးယားသည္ ရန္သူ႔ေရပိုင္နက္အတြင္း တိုက္ခိုက္ရန္ ဒီဇိုင္းထုတ္ထားေသာ Haeil-1 အမည္ရွိ ေရေအာက္သုံး တိုက္ခိုက္ေရးဒ႐ုန္းစနစ္အသစ္ကို ထုတ္ေဖာ္ျပသခဲ့ၿပီးေနာက္ တစ္ပတ္အၾကာတြင္ Haeil-2 အမည္ရွိ န်ဴကလီးယားလက္နက္ပစၥည္းမ်ား တပ္ဆင္ႏိုင္ေသာ ေရေအာက္သုံးတိုက္ခိုက္ေရးဒ႐ုန္း အျခား အမ်ိဳးအစားကို စမ္းသပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေျမာက္ကိုရီးယားသည္ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔ကို လက္တုံ႔ျပန္ရန္အတြက္ ၎၏ အမ်ိဳးမ်ိဳးေသာ န်ဴကလီးယားစြမ္းရည္မ်ားကို ထုတ္ေဖာ္ျပသေနေသာ္လည္း အဆိုပါ ေရေအာက္သုံး တိုက္ခိုက္ေရးဒ႐ုန္းမ်ားကို ျဖန႔္က်က္ရန္ အဆင္သင့္ျဖစ္/မျဖစ္ ဆိုသည့္အခ်က္ကို သံသယရွိေၾကာင္း ေလ့လာ သုံးသပ္သူမ်ားက ေျပာခဲ့သည္။

အဆိုပါ ဒ႐ုန္းသည္ ေရေအာက္ ကီလိုမီတာ(၁ဝဝဝ) ကို (၇၁)နာရီႏွင့္ (၆)မိနစ္ၾကာ သြားလာႏိုင္ၿပီး ပစ္မွတ္တု ကို ေအာင္ျမင္စြာပစ္ခတ္ႏိုင္ခဲ့ေၾကာင္း ႏိုင္ငံပိုင္မီဒီယာ KCNA က ေဖာ္ျပခဲ့သည္၊၊ KCNA သတင္းဌာနက "ဒီစမ္းသပ္မႈဟာ ေရေအာက္သုံးတိုက္ခိုက္ေရးဒ႐ုန္းရဲ႕ယုံၾကည္စိတ္ခ်ရမႈကို အျပည့္အဝ သက္ေသျပႏိုင္ခဲ့ပါ တယ္" ဟု ေဖာ္ျပခဲ့သည္။

အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔၏ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကို လက္တုံ႔ျပန္မႈအျဖစ္ ေျမာက္ကိုရီးယား သည္ မၾကာေသးမီ သီတင္းပတ္မ်ားအတြင္း ၎၏စစ္ေရးလႈပ္ရွားမႈမ်ားကို ပိုမိုအရွိန္ျမႇင့္ လုပ္ေဆာင္လာခဲ့ ေၾကာင္း သိရသည္။

ေျမာက္ကိုရီးယားသည္ န်ဴကလီးယားထိပ္ဖူးတပ္ဆင္ႏိုင္စြမ္းရွိေသာ ဒုံးက်ည္အသစ္မ်ားကို ထုတ္ေဖာ္ျပသခဲ့ၿပီး အေမရိကန္ႏိုင္ငံရွိ မည္သည့္ေနရာကိုမဆို ပစ္ခတ္တိုက္ခိုက္ႏိုင္သည့္ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္မ်ားကို စမ္းသပ္ပစ္လႊတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.