အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့၏ စစ်ရေးအစီအစဥ်လျှို့ဝှက်ချက်များ ပေါက်ကြားမှုနှင့်ပတ်သက်ပြီး ရုရှားအစိုးရ တုံ့ပြန်

 616

Pika (NP News) – ဧပြီ ၉

ယူကရိန်းပဋိပက္ခတွင် အမေရိကန်နှင့် နေတိုးအဖွဲ့တို့ ပါဝင်ပတ်သက်နေသည်ကို ရုရှားဖက်က အစောပိုင်း ကတည်းက သတိပြုမိကြောင်း ရုရှားသမ္မတပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြား ခဲ့သည်၊၊

ထို့အပြင် ဒီမစ်ထရီပက်စကော့ဗ်သည် အွန်လိုင်းတွင် ထွက်ပေါ်နေခဲ့သော အမေရိကန်၏ စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများနှင့်ပတ်သက်သည့် မေးခွန်းများကို တုံ့ပြန်‌ဖြေဆိုခဲ့ကြောင်းလည်း သိရသည်။

ဒီမစ်ထရီပက်စကော့ဗ် က "ရုရှားနဲ့ ယူကရိန်းပဋိပက္ခကြားမှာ အမေရိကန်နဲ့ နေတိုးအဖွဲ့တို့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်ပြီး ပါဝင်ပတ်သက်နေတယ်ဆိုတဲ့အချက်တွေကို သံသယမရှိပါဘူး။ စစ်ပွဲမှာ နေတိုးနဲ့ အမေရိကန်တို့ ပါဝင်ပတ်သက်မှုတွေက တဖြည်းဖြည်း ပိုပြီးမြင့်တက်လာနေတယ်။ ဒီဖြစ်စဥ်တွေကို ကျွန်တော် တို့ဖက်က စောင့်ကြည့်နေပါတယ်။ ဒီလိုပါဝင်ပတ်သက်မှုတွေက စစ်ပွဲအခြေအနေတွေကို ပိုပြီးရှုပ်ထွေးစေပါ တယ်။ ဒါပေမယ့်လည်း နောက်ဆုံးထွက်လာမယ့် စစ်ပွဲရလဒ်ကိုတော့ ပြောင်းလဲလို့ရမှာ မဟုတ်ပါဘူး" ဟု ပြောဆိုခဲ့သည်။

ဒီမစ်ထရီပက်စကော့ဗ်သည် ယခုသီတင်းပတ်အစောပိုင်းက ထွက်ပေါ်လာသော အမေရိကန်စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများနှင့်ပတ်သက်ပြီး မေးခွန်းများကို တိုက်ရိုက်ဖြေဆိုခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် အခြားစာတမ်းတစ်ခုတွင် အမေရိကန်နှင့် နေတိုးအဖွဲ့တို့သည် ယူကရိန်း၏ တပ်မ (၁၂)ခုအနက်မှ (၉)ခုကို လေ့ကျင့်ပေးနေပြီး မတ်လကုန်တွင် တပ်မ(၆)ခုက တိုက်ခိုက်ရန် အဆင်သင့်ဖြစ်မည်ဟု ခန့်မှန်းထားသလို ကျန်(၃)ခုမှ ဧပြီလကုန်တွင် အဆင်သင့်ဖြစ်မည်ဟု ဖော်ပြထားကြောင်း သိရသည်။

အမေရိကန်၏ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်စာရွက်စာတမ်းများကို စစ်မှန်ကြောင်း အတည်မပြုနိုင်သေးသော် လည်း လျှို့ဝှက်ချက်များ ပေါက်ကြားမှုနှင့်ပတ်သက်ပြီး ဖြစ်နိုင်ချေများကိုစုံစမ်းစစ်ဆေးနေသလို စစ်ရေးဆိုင်ရာ လျှို့ဝှက်စာရွက်စာတမ်းများကို အင်တာနက်မှ ဖယ်ရှားရန် ကြိုးပမ်းနေသည်ဟု အမေရိကန်စစ်ဌာနချုပ် က ပြောကြားခဲ့သည်။

Zawgyi Version;
အေမရိကန္ဦးေဆာင္ေသာ ေနတိုးအဖြဲ႕၏ စစ္ေရးအစီအစဥ္လွ်ိဳ႕ဝွက္ခ်က္မ်ား ေပါက္ၾကားမႈႏွင့္ပတ္သက္ၿပီး ႐ုရွားအစိုးရ တုံ႔ျပန္
Pika (NP News) – ဧၿပီ ၉

ယူကရိန္းပဋိပကၡတြင္ အေမရိကန္ႏွင့္ ေနတိုးအဖြဲ႕တို႔ ပါဝင္ပတ္သက္ေနသည္ကို ႐ုရွားဖက္က အေစာပိုင္း ကတည္းက သတိျပဳမိေၾကာင္း ႐ုရွားသမၼတပူတင္၏ ေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကား ခဲ့သည္၊၊

ထို႔အျပင္ ဒီမစ္ထရီပက္စေကာ့ဗ္သည္ အြန္လိုင္းတြင္ ထြက္ေပၚေနခဲ့ေသာ အေမရိကန္၏ စစ္ဘက္ဆိုင္ရာ စာ႐ြက္စာတမ္းမ်ားႏွင့္ပတ္သက္သည့္ ေမးခြန္းမ်ားကို တုံ႔ျပန္‌ေျဖဆိုခဲ့ေၾကာင္းလည္း သိရသည္။

ဒီမစ္ထရီပက္စေကာ့ဗ္ က "႐ုရွားနဲ႔ ယူကရိန္းပဋိပကၡၾကားမွာ အေမရိကန္နဲ႔ ေနတိုးအဖြဲ႕တို႔ တိုက္႐ိုက္ (သို႔မဟုတ္) သြယ္ဝိုက္ၿပီး ပါဝင္ပတ္သက္ေနတယ္ဆိုတဲ့အခ်က္ေတြကို သံသယမရွိပါဘူး။ စစ္ပြဲမွာ ေနတိုးနဲ႔ အေမရိကန္တို႔ ပါဝင္ပတ္သက္မႈေတြက တျဖည္းျဖည္း ပိုၿပီးျမင့္တက္လာေနတယ္။ ဒီျဖစ္စဥ္ေတြကို ကြၽန္ေတာ္ တို႔ဖက္က ေစာင့္ၾကည့္ေနပါတယ္။ ဒီလိုပါဝင္ပတ္သက္မႈေတြက စစ္ပြဲအေျခအေနေတြကို ပိုၿပီးရႈပ္ေထြးေစပါ တယ္။ ဒါေပမယ့္လည္း ေနာက္ဆုံးထြက္လာမယ့္ စစ္ပြဲရလဒ္ကိုေတာ့ ေျပာင္းလဲလို႔ရမွာ မဟုတ္ပါဘူး" ဟု ေျပာဆိုခဲ့သည္။

ဒီမစ္ထရီပက္စေကာ့ဗ္သည္ ယခုသီတင္းပတ္အေစာပိုင္းက ထြက္ေပၚလာေသာ အေမရိကန္စစ္ဘက္ဆိုင္ရာ စာ႐ြက္စာတမ္းမ်ားႏွင့္ပတ္သက္ၿပီး ေမးခြန္းမ်ားကို တိုက္႐ိုက္ေျဖဆိုျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။ ထို႔အျပင္ အျခားစာတမ္းတစ္ခုတြင္ အေမရိကန္ႏွင့္ ေနတိုးအဖြဲ႕တို႔သည္ ယူကရိန္း၏ တပ္မ (၁၂)ခုအနက္မွ (၉)ခုကို ေလ့က်င့္ေပးေနၿပီး မတ္လကုန္တြင္ တပ္မ(၆)ခုက တိုက္ခိုက္ရန္ အဆင္သင့္ျဖစ္မည္ဟု ခန႔္မွန္းထားသလို က်န္(၃)ခုမွ ဧၿပီလကုန္တြင္ အဆင္သင့္ျဖစ္မည္ဟု ေဖာ္ျပထားေၾကာင္း သိရသည္။

အေမရိကန္၏ စစ္ဘက္ဆိုင္ရာ လွ်ိဳ႕ဝွက္စာ႐ြက္စာတမ္းမ်ားကို စစ္မွန္ေၾကာင္း အတည္မျပဳႏိုင္ေသးေသာ္ လည္း လွ်ိဳ႕ဝွက္ခ်က္မ်ား ေပါက္ၾကားမႈႏွင့္ပတ္သက္ၿပီး ျဖစ္ႏိုင္ေခ်မ်ားကိုစုံစမ္းစစ္ေဆးေနသလို စစ္ေရးဆိုင္ရာ လွ်ိဳ႕ဝွက္စာ႐ြက္စာတမ္းမ်ားကို အင္တာနက္မွ ဖယ္ရွားရန္ ႀကိဳးပမ္းေနသည္ဟု အေမရိကန္စစ္ဌာနခ်ဳပ္ က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.