အီရန်နဲ့တင်းမာမှုတွေရှိနေချိန်မှာပဲ အမေရိကန်က အရှေ့အလယ်ပိုင်းဒေသကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ဖြန့်ကြတ်ချထား

 467

ဂျန်ဇက် (NP News) - ဧပြီ ၉

အီရန် နဲ့ အမေရိကန်နိုင်ငံကြားတင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ အမေရိကန်အစိုးရဟာ အရှေ့အလယ်ပိုင်း ဒေသကို နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘာများကို ဖြန့်ကြတ်ချထားလိုက်ကြောင်း သိရပါတယ်။

အဆိုပါ အမေရိကန်နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော Tomahawk အမျိုးအစား ဒုံးကျည် ၁၅၄ စင်း တင်ဆောင်ထားကြောင်း သိရပါတယ်။

အမေရိကန် အမှတ် ၅ ရေတပ်တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Timothy Hawkins က " ‌ရေငုပ် သင်္ဘာပေါ်မှာ ကုန်းမြေပေါ်က ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ Tomahawk အမျိုးအစား ဒုံးကျည် တွေတင်ဆောင်ထားတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေး ပိုမိုကောင်းမွန်စေအောင် အကူအညီပေးဖို့ အမှတ် ၅ ရေတပ်အဖွဲ့ကို လာရောက်ပူးပေါင်းမှာဖြစ်ပါတယ်" လို့ပြောပါတယ်။

အဆိုပါ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆူးအက်တူးမြောင်းကို ဖြတ်သန်းလာ ပြီဖြစ်ကြောင်းပြောဆိုထားပေမယ့်လည်း အရှေ့အလယ်ပိုင်းဒေသရှိ ဘယ်နေရာမှာ ရှိနေမလဲဆိုတာကို အတိအကျဖော်ပြခြင်းမျိုးမရှိပါဘူး။ အမေရိကန်ရေတပ်ဟာ ရေငုပ်သင်္ဘာများ ဖြန့်ကြတ်ချထားမှုနဲ့ တည်နေရာတွေကို အတိအကျသတင်းထုတ်ပြန်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

အမေရိကန် အမှတ် ၅ ရေတပ်တပ်ဖွဲ့ဟာ ပါရှန်ပင်လယ်ကွေ့၊ ပင်လယ်နီ၊ အာရပ်ပင်လယ် နဲ့ အိန္ဒိယသမုဒ္ဒရာအတွင်းနေရာများမှာ ဖြန့်ကြတ်လှုပ်ရှားလျက်ရှိနေကြောင်း သိရပါတယ်။ အမေရိကန်၊ ဗြိတိန် နဲ့ အခြားနိုင်ငံများက အီရန်ဟာ ဟော့မုဇ်ရေလက်ကြားမှာ ပြီးခဲ့တဲ့နှစ်များအတွင်း အခြားနိုင်ငံတွေရဲ့သင်္ဘောတွေကို တိုက်ခိုက်ခဲ့ခြင်းများရှိခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း အီရန်ဘက်ကတော့ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများရဲ့စွပ်စွဲမှုများကို ငြင်းဆန်ထားကြောင်း သိရပါတယ်။

Zawgyi Version;
အီရန္နဲ႔တင္းမာမႈေတြရွိေနခ်ိန္မွာပဲ အေမရိကန္က အေရွ႕အလယ္ပိုင္းေဒသကို န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာမ်ား ျဖန႔္ၾကတ္ခ်ထား
ဂ်န္ဇက္ (NP News) - ဧၿပီ ၉

အီရန္ နဲ႔ အေမရိကန္ႏိုင္ငံၾကားတင္းမာမႈေတြ ျမင့္တက္ေနခ်ိန္မွာပဲ အေမရိကန္အစိုးရဟာ အေရွ႕အလယ္ပိုင္း ေဒသကို န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သဘၤာမ်ားကို ျဖန႔္ၾကတ္ခ်ထားလိုက္ေၾကာင္း သိရပါတယ္။

အဆိုပါ အေမရိကန္န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာ Tomahawk အမ်ိဳးအစား ဒုံးက်ည္ ၁၅၄ စင္း တင္ေဆာင္ထားေၾကာင္း သိရပါတယ္။

အေမရိကန္ အမွတ္ ၅ ေရတပ္တပ္ဖြဲ႕ရဲ႕ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး Timothy Hawkins က " ‌ေရငုပ္ သဘၤာေပၚမွာ ကုန္းေျမေပၚက ပစ္မွတ္ေတြကို ပစ္ခတ္တိုက္ခိုက္ႏိုင္စြမ္းရွိတဲ့ Tomahawk အမ်ိဳးအစား ဒုံးက်ည္ ေတြတင္ေဆာင္ထားတယ္။ အေရွ႕အလယ္ပိုင္းေဒသမွာ လုံၿခဳံေရးနဲ႔ တည္ၿငိမ္ေရး ပိုမိုေကာင္းမြန္ေစေအာင္ အကူအညီေပးဖို႔ အမွတ္ ၅ ေရတပ္အဖြဲ႕ကို လာေရာက္ပူးေပါင္းမွာျဖစ္ပါတယ္" လို႔ေျပာပါတယ္။

အဆိုပါ န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သေဘၤာဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ဆူးအက္တူးေျမာင္းကို ျဖတ္သန္းလာ ၿပီျဖစ္ေၾကာင္းေျပာဆိုထားေပမယ့္လည္း အေရွ႕အလယ္ပိုင္းေဒသရွိ ဘယ္ေနရာမွာ ရွိေနမလဲဆိုတာကို အတိအက်ေဖာ္ျပျခင္းမ်ိဳးမရွိပါဘူး။ အေမရိကန္ေရတပ္ဟာ ေရငုပ္သဘၤာမ်ား ျဖန႔္ၾကတ္ခ်ထားမႈနဲ႔ တည္ေနရာေတြကို အတိအက်သတင္းထုတ္ျပန္ျခင္း မရွိခဲ့ေၾကာင္း သိရပါတယ္။

အေမရိကန္ အမွတ္ ၅ ေရတပ္တပ္ဖြဲ႕ဟာ ပါရွန္ပင္လယ္ေကြ႕၊ ပင္လယ္နီ၊ အာရပ္ပင္လယ္ နဲ႔ အိႏၵိယသမုဒၵရာအတြင္းေနရာမ်ားမွာ ျဖန႔္ၾကတ္လႈပ္ရွားလ်က္ရွိေနေၾကာင္း သိရပါတယ္။ အေမရိကန္၊ ၿဗိတိန္ နဲ႔ အျခားႏိုင္ငံမ်ားက အီရန္ဟာ ေဟာ့မုဇ္ေရလက္ၾကားမွာ ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္း အျခားႏိုင္ငံေတြရဲ႕သေဘၤာေတြကို တိုက္ခိုက္ခဲ့ျခင္းမ်ားရွိခဲ့ေၾကာင္း စြပ္စြဲခဲ့ပါတယ္။ ဒါေပမယ့္လည္း အီရန္ဘက္ကေတာ့ အေမရိကန္နဲ႔ မဟာမိတ္ႏိုင္ငံမ်ားရဲ႕စြပ္စြဲမႈမ်ားကို ျငင္းဆန္ထားေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.