အမေရိကန်အနေနဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့တိုက်ရိုက် စစ်ဖြစ်ဖို့ အဆင်သင့်ရှိနေကြောင်း အမေရိကန်လွှတ်တော်ကော်မတီဥက္ကဋ္ဌ ပြော

 892

ဂျန်ဇက် (NP News) - ဧပြီ ၉

ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံက စစ်ရေးအရ တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်လွှတ်တော်ကလည်း အမေရိကန်တပ်ဖွဲ့တွေကို တရုတ်နဲ့ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံဖို့ ခွင့်ပြုပေးသွားမှာဖြစ်ကြောင်း၊ အမေရိကန် လွှတ်တော်ရဲ့နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ မိုက်ကယ် မက်ကောလ် က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ထိုင်ဝမ်ကျွန်းကို တရုတ်တပ်ဖွဲ့တွေ တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်လွှတ်တော်ကလည်း အမေရိကန် တပ်ဖွဲ့တွေကို ထိုင်ဝမ်ကျွန်းထံ စေလွှတ်ဖြန့်ကြတ်ချထားဖို့ခွင့်ပြုသွားမှာ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ တရုတ်နဲ့တိုက်ခိုက်ဖို့ အမေရိကန်ပြည်သူများရဲ့ကူညီထောက်ပံ့ပေးမှုများ ရမယ်ဆိုရင် အမေရိကန်ဟာ တရုတ်နဲ့စစ်ဖြစ်ဖို့ အဆင့်သင့်ရှိနေမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

ဒါပေမယ့်လည်း မက်ကောလ်ဟာ အသေးစိတ်အခြေအနေများကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။ ၎င်းက "တရုတ်တပ်ဖွဲ့တွေဟာ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန် လွှတ်တော်နဲ့ ပြည်သူတွေကြား ဆွေးနွေးစရာကိစ္စတွေရှိလာမှာဖြစ်တယ်။ အမေရိကန်ပြည်သူတွေ က ခွင့်ပြုပေး မယ်ဆိုရင် လွှတ်တော်ကလည်း အမေရိကန်တပ်ဖွဲ့တွေကို တရုတ်နဲ့ တိုက်ရိုက်စစ်ဖြစ်ဖို့ ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်" လို့ပြောပါတယ်။

ပဋိပက္ခဖြစ်ပွားမှုတွေက နောက်ဆုံးရွေးချယ်ရမယ့်ကိစ္စများဖြစ်ကြောင်း၊ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ခြင်း မျိုး မရှိအောင် တရုတ်နိုင်ငံထံ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်တာမျိုးတွေလည်း ရှိလာနိုင်ကြောင်း ၎င်းက ပြောပါတယ်။

ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်ခဲ့ခြင်းနဲ့ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်နိုင်ငံကြား ဆက်ဆံရေးတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တင်းမာမှုတွေ ဖြစ်ပွားလာခဲ့ကြောင်း သိရပါတယ်။ တရုတ်က ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်အစိတ်အပိုင်းဖြစ်တယ်လို့ ပြောဆိုထားပြီး ထိုင်ဝမ်က တရုတ်လက်အောက်က ခွဲထွက်လိုနေပါတယ်။

အင်ဒို-ပစိဖိတ်ဒေသကို အမေရိကန်တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖြန့်ကြတ်ချထားခြင်းတွေဟာ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ တရုတ်အစိုးရဘက်ကတော့ ထိုင်ဝမ် နဲ့ အမေရိကန်နိုင်ငံကြား အပြန်လှန်ဆက်ဆံနေခြင်းများ၊ ထိုင်ဝမ်တာဝန်ရှိသူများနဲ့ အမေရိကန်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခြင်း များကို အမြဲတမ်းကန့်ကွက်ပြောဆိုနေကြောင်း သိရပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်ကို ကာကွယ်ရေးပစ္စည်းများ ရောင်းချပေးလျက်ရှိနေပြီး ထိုင်ဝမ်နဲ့ပတ်သက်ပြီး ကာကွယ်ပေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကတိပြုထားပါတယ်။

Zawgyi Version;
အေမရိကန္အေနနဲ႔ ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္နဲ႔တိုက္႐ိုက္ စစ္ျဖစ္ဖို႔ အဆင္သင့္ရွိေနေၾကာင္း အေမရိကန္လႊတ္ေတာ္ေကာ္မတီဥကၠ႒ ေျပာ
ဂ်န္ဇက္ (NP News) - ဧၿပီ ၉

ထိုင္ဝမ္အေပၚ တ႐ုတ္ႏိုင္ငံက စစ္ေရးအရ တိုက္ခိုက္လာမယ္ဆိုရင္ အေမရိကန္လႊတ္ေတာ္ကလည္း အေမရိကန္တပ္ဖြဲ႕ေတြကို တ႐ုတ္နဲ႔ စစ္ေရးအရ ထိပ္တိုက္ေတြ႕ဆုံဖို႔ ခြင့္ျပဳေပးသြားမွာျဖစ္ေၾကာင္း၊ အေမရိကန္ လႊတ္ေတာ္ရဲ႕ႏိုင္ငံျခားေရးရာေကာ္မတီဥကၠ႒ မိုက္ကယ္ မက္ေကာလ္ က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ထိုင္ဝမ္ကြၽန္းကို တ႐ုတ္တပ္ဖြဲ႕ေတြ တိုက္ခိုက္လာမယ္ဆိုရင္ အေမရိကန္လႊတ္ေတာ္ကလည္း အေမရိကန္ တပ္ဖြဲ႕ေတြကို ထိုင္ဝမ္ကြၽန္းထံ ေစလႊတ္ျဖန႔္ၾကတ္ခ်ထားဖို႔ခြင့္ျပဳသြားမွာ ျဖစ္ေၾကာင္း ၎က ေျပာပါတယ္။ တ႐ုတ္နဲ႔တိုက္ခိုက္ဖို႔ အေမရိကန္ျပည္သူမ်ားရဲ႕ကူညီေထာက္ပံ့ေပးမႈမ်ား ရမယ္ဆိုရင္ အေမရိကန္ဟာ တ႐ုတ္နဲ႔စစ္ျဖစ္ဖို႔ အဆင့္သင့္ရွိေနမွာျဖစ္ေၾကာင္း ၎က ေျပာပါတယ္။

ဒါေပမယ့္လည္း မက္ေကာလ္ဟာ အေသးစိတ္အေျခအေနမ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္း မရွိခဲ့ေၾကာင္း သိရပါတယ္။ ၎က "တ႐ုတ္တပ္ဖြဲ႕ေတြဟာ ထိုင္ဝမ္ကို က်ဴးေက်ာ္တိုက္ခိုက္လာမယ္ဆိုရင္ အေမရိကန္ လႊတ္ေတာ္နဲ႔ ျပည္သူေတြၾကား ေဆြးေႏြးစရာကိစၥေတြရွိလာမွာျဖစ္တယ္။ အေမရိကန္ျပည္သူေတြ က ခြင့္ျပဳေပး မယ္ဆိုရင္ လႊတ္ေတာ္ကလည္း အေမရိကန္တပ္ဖြဲ႕ေတြကို တ႐ုတ္နဲ႔ တိုက္႐ိုက္စစ္ျဖစ္ဖို႔ ခြင့္ျပဳေပးသြားမွာ ျဖစ္ပါတယ္" လို႔ေျပာပါတယ္။

ပဋိပကၡျဖစ္ပြားမႈေတြက ေနာက္ဆုံးေ႐ြးခ်ယ္ရမယ့္ကိစၥမ်ားျဖစ္ေၾကာင္း၊ ထိုင္ဝမ္ကို က်ဴးေက်ာ္တိုက္ခိုက္ျခင္း မ်ိဳး မရွိေအာင္ တ႐ုတ္ႏိုင္ငံထံ အေမရိကန္ကိုယ္စားလွယ္အဖြဲ႕ ေစလႊတ္တာမ်ိဳးေတြလည္း ရွိလာႏိုင္ေၾကာင္း ၎က ေျပာပါတယ္။

ထိုင္ဝမ္ကို အေမရိကန္ေအာက္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား သြားေရာက္ခဲ့ျခင္းနဲ႔ပတ္သက္ၿပီး တ႐ုတ္နဲ႔ အေမရိကန္ႏိုင္ငံၾကား ဆက္ဆံေရးေတြဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ တင္းမာမႈေတြ ျဖစ္ပြားလာခဲ့ေၾကာင္း သိရပါတယ္။ တ႐ုတ္က ထိုင္ဝမ္ဟာ ၎တို႔ပိုင္နက္အစိတ္အပိုင္းျဖစ္တယ္လို႔ ေျပာဆိုထားၿပီး ထိုင္ဝမ္က တ႐ုတ္လက္ေအာက္က ခြဲထြက္လိုေနပါတယ္။

အင္ဒို-ပစိဖိတ္ေဒသကို အေမရိကန္တပ္ဖြဲ႕ဝင္ေတြ ေစလႊတ္ျဖန႔္ၾကတ္ခ်ထားျခင္းေတြဟာ ၿငိမ္းခ်မ္းေရးအတြက္ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း ၎က ေျပာပါတယ္။ တ႐ုတ္အစိုးရဘက္ကေတာ့ ထိုင္ဝမ္ နဲ႔ အေမရိကန္ႏိုင္ငံၾကား အျပန္လွန္ဆက္ဆံေနျခင္းမ်ား၊ ထိုင္ဝမ္တာဝန္ရွိသူမ်ားနဲ႔ အေမရိကန္တာဝန္ရွိသူမ်ား ေတြ႕ဆုံေဆြးေႏြးျခင္း မ်ားကို အၿမဲတမ္းကန႔္ကြက္ေျပာဆိုေနေၾကာင္း သိရပါတယ္။

အေမရိကန္ဟာ ထိုင္ဝမ္ကို ကာကြယ္ေရးပစၥည္းမ်ား ေရာင္းခ်ေပးလ်က္ရွိေနၿပီး ထိုင္ဝမ္နဲ႔ပတ္သက္ၿပီး ကာကြယ္ေပးမႈေတြ လုပ္ေဆာင္သြားမယ္လို႔ ကတိျပဳထားပါတယ္။

Picture

Ven Pannajota

09/04/2023 15:12

စစ်ဖြစ်ဖို့ပဲ စည်းစားလုပ်ဆောင်နေကြတယ် ငြိမ်းချမ်းဖို့ အေးချမ်းဖို့ကိုတော့ မစည်းစား မလုပ်ဆောင်ကြဘူး ဘယ်မှာလဲ ငြိမ်းချမ်းရေး

Related news

© 2021. All rights reserved.