အမေရိကန်၊ ဗြိတိန်တို့ဦးဆောင်တဲ့ ဂျီ ၇ အဖွဲ့ရဲ့ ဂျီဒီပီနှုန်းထက် ရုရှားနဲ့တရုတ် ဦးဆောင်တဲ့ BRICS အဖွဲ့ရဲ့ဂျီဒီပီနှုန်းက ပိုမိုသာလွန်နေ

 1142

ဂျန်ဇက် (NP News) - ဧပြီ ၉

ရုရှား၊ တရုတ် နဲ့ အိန္ဒိယနိုင်ငံတို့ ဦးဆောင်ဖွဲ့စည်းထားတဲ့ BRICS အဖွဲ့ဟာ အမေရိကန်၊ ပြင်သစ်တို့ ဦးဆောင် ဖွဲ့စည်းထားတဲ့ G7 အဖွဲ့ထက်စီးပွားရေး ပိုမိုကောင်းမွန်ဖွယ်ရှိနေကြောင်း၊ မကြာသေးမီကပြုလုပ်ခဲ့တဲ့ စစ်တမ်း မှာ ဖော်ပြထားပါတယ်။

အဖွဲ့ဝင် ၅ နိုင်ငံ ပါဝင်တဲ့ BRICS အဖွဲ့ရဲ့ ကမ္ဘာ့ GDP နှုန်းဟာ G7 အဖွဲ့ရဲ့ ကမ္ဘာ့ GDP နှုန်းထက် ပိုမိုများပြားနေကြောင်း ဗြိတိန်အခြေစိုက် Acorn Macro Consulting သုတေသီအဖွဲ့ရဲ့ အချက်အလက်များအရ သိရပါတယ်။ BRICS အဖွဲ့မှာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဘရာဇီးနိုင်ငံတို့ ပါဝင်နေပြီး G7 အဖွဲ့ မှာ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဗြိတိန်၊ ဂျပန်တို့ ပါဝင်လျက်ရှိနေကြောင်း သိရပါတယ်။

BRICS အဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ဂျီဒီပီ စုစုပေါင်းဟာ ကမ္ဘာတဝန်း ဂျီဒီပီအားလုံးရဲ့ ၃၁ ဒသမ ၅ ရာခိုင်နှုန်း ရှိနေ ကြောင်း သိရပါတယ်။ G7 အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ဂျီဒီပီနှုန်းဟာ ကမ္ဘာတဝန်းရှိ နိုင်ငံအားလုံး ဂျီဒီပီရဲ့ ၃ဝ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ကြောင်း Acorn Macro Consulting သုတေသီအဖွဲ့က ဖော်ပြထားပါတယ်။ အနာဂတ်မှာ အဖွဲ့ နှစ်ဖွဲ့ကြား ကွာဟချက်များ ပိုမိုကြီးမားလာဖွယ်ရှိနေကြောင်း၊ ကမ္ဘာတဝန်းရှိ နိုင်ငံအများအပြားဟာ BRICS အဖွဲ့ကို ပူးပေါင်းပါဝင်ဖို့ စိတ်ဝင်စားနေကြောင်းသိရပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရောဗ့်က နိုင်ငံပေါင်း တစ်ဒါဇင်ချီကျော်ဟာ BRICS အဖွဲ့ကို ပူးပေါင်းပါဝင် ဖို့ စိတ်ဝင်စားနေတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ အင်ဒိုနီးရှား၊ အာဂျင်တီးနား၊ အယ်လ်ဂျီးရီးယား၊ အီရန်၊ တူရကီ၊ ယူအေအီး၊ နိုင်ဂျီးရီးယား၊ ဆူဒန်၊ ဆီးရီးယား၊ ဘင်္ဂလားဒေ့်ရှ်နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကျော်ဟာ BRICS အဖွဲ့ကို ပူးပေါင်းပါဝင်ဖို့ စိတ်ဝင်စားနေခြင်းဖြစ်ပါတယ်။

BRICS အဖွဲ့ဝင်နိုင်ငံတွေဟာ ပြီးခဲ့တဲ့နှစ်မှာ အဖွဲ့ဝင်နိုင်ငံများကြား အပြန်အလှန်ကုန်သွယ်မှုတွေမှာ အမေရိကန်ဒေါ်လာ အသုံးပြုမှုကို စွန့်လွှတ်ပြီး၊ ကိုယ်ပိုင်ငွေကြေး တည်ထောင်ဖို့ အဆိုပြုခဲ့ပါတယ်။ ရုရှားသမ္မတပူတင်က ရုရှားနိုင်ငံအနေနဲ့ BRICS အဖွဲ့ဝင်နိုင်ငံများ၊ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိက နိုင်ငံတွေနဲ့ အပြန်အလှန်ကုန်သွယ်မှုတွေမှာ တရုတ်နိုင်ငံသုံး ယွမ်ငွေကို အသုံးပြုမယ်လို့ ပြီးခဲ့တဲ့မတ်လက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

Zawgyi Version;
အေမရိကန္၊ ၿဗိတိန္တို႔ဦးေဆာင္တဲ့ ဂ်ီ ၇ အဖြဲ႕ရဲ႕ ဂ်ီဒီပီႏႈန္းထက္ ႐ုရွားနဲ႔ တ႐ုတ္ ဦးေဆာင္တဲ့ BRICS အဖြဲ႕ရဲ႕ ဂ်ီဒီပီႏႈန္းက ပိုမိုသာလြန္ေန
ဂ်န္ဇက္ (NP News) - ဧၿပီ ၉

႐ုရွား၊ တ႐ုတ္ နဲ႔ အိႏၵိယႏိုင္ငံတို႔ ဦးေဆာင္ဖြဲ႕စည္းထားတဲ့ BRICS အဖြဲ႕ဟာ အေမရိကန္၊ ျပင္သစ္တို႔ ဦးေဆာင္ ဖြဲ႕စည္းထားတဲ့ G7 အဖြဲ႕ထက္စီးပြားေရး ပိုမိုေကာင္းမြန္ဖြယ္ရွိေနေၾကာင္း၊ မၾကာေသးမီကျပဳလုပ္ခဲ့တဲ့ စစ္တမ္း မွာ ေဖာ္ျပထားပါတယ္။

အဖြဲ႕ဝင္ ၅ ႏိုင္ငံ ပါဝင္တဲ့ BRICS အဖြဲ႕ရဲ႕ ကမာၻ႔ GDP ႏႈန္းဟာ G7 အဖြဲ႕ရဲ႕ ကမာၻ႔ GDP ႏႈန္းထက္ ပိုမိုမ်ားျပားေနေၾကာင္း ၿဗိတိန္အေျခစိုက္ Acorn Macro Consulting သုေတသီအဖြဲ႕ရဲ႕ အခ်က္အလက္မ်ားအရ သိရပါတယ္။ BRICS အဖြဲ႕မွာ တ႐ုတ္၊ ႐ုရွား၊ အိႏၵိယ၊ ေတာင္အာဖရိက၊ ဘရာဇီးႏိုင္ငံတို႔ ပါဝင္ေနၿပီး G7 အဖြဲ႕ မွာ အေမရိကန္၊ ကေနဒါ၊ ျပင္သစ္၊ ဂ်ာမနီ၊ အီတလီ၊ ၿဗိတိန္၊ ဂ်ပန္တို႔ ပါဝင္လ်က္ရွိေနေၾကာင္း သိရပါတယ္။

BRICS အဖြဲ႕ဝင္ ႏိုင္ငံအားလုံးရဲ႕ဂ်ီဒီပီ စုစုေပါင္းဟာ ကမာၻတဝန္း ဂ်ီဒီပီအားလုံးရဲ႕ ၃၁ ဒသမ ၅ ရာခိုင္ႏႈန္း ရွိေန ေၾကာင္း သိရပါတယ္။ G7 အဖြဲ႕ဝင္ႏိုင္ငံအားလုံးရဲ႕ဂ်ီဒီပီႏႈန္းဟာ ကမာၻတဝန္းရွိ ႏိုင္ငံအားလုံး ဂ်ီဒီပီရဲ႕ ၃ဝ ဒသမ ၇ ရာခိုင္ႏႈန္းျဖစ္ေၾကာင္း Acorn Macro Consulting သုေတသီအဖြဲ႕က ေဖာ္ျပထားပါတယ္။ အနာဂတ္မွာ အဖြဲ႕ ႏွစ္ဖြဲ႕ၾကား ကြာဟခ်က္မ်ား ပိုမိုႀကီးမားလာဖြယ္ရွိေနေၾကာင္း၊ ကမာၻတဝန္းရွိ ႏိုင္ငံအမ်ားအျပားဟာ BRICS အဖြဲ႕ကို ပူးေပါင္းပါဝင္ဖို႔ စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာဗ့္က ႏိုင္ငံေပါင္း တစ္ဒါဇင္ခ်ီေက်ာ္ဟာ BRICS အဖြဲ႕ကို ပူးေပါင္းပါဝင္ ဖို႔ စိတ္ဝင္စားေနတယ္လို႔ ေျပာဆိုခဲ့ဖူးပါတယ္။ အင္ဒိုနီးရွား၊ အာဂ်င္တီးနား၊ အယ္လ္ဂ်ီးရီးယား၊ အီရန္၊ တူရကီ၊ ယူေအအီး၊ ႏိုင္ဂ်ီးရီးယား၊ ဆူဒန္၊ ဆီးရီးယား၊ ဘဂၤလားေဒ့္ရွ္ႏိုင္ငံေတြ အပါအဝင္ ႏိုင္ငံေပါင္း ၁၂ ႏိုင္ငံေက်ာ္ဟာ BRICS အဖြဲ႕ကို ပူးေပါင္းပါဝင္ဖို႔ စိတ္ဝင္စားေနျခင္းျဖစ္ပါတယ္။

BRICS အဖြဲ႕ဝင္ႏိုင္ငံေတြဟာ ၿပီးခဲ့တဲ့ႏွစ္မွာ အဖြဲ႕ဝင္ႏိုင္ငံမ်ားၾကား အျပန္အလွန္ကုန္သြယ္မႈေတြမွာ အေမရိကန္ေဒၚလာ အသုံးျပဳမႈကို စြန႔္လႊတ္ၿပီး၊ ကိုယ္ပိုင္ေငြေၾကး တည္ေထာင္ဖို႔ အဆိုျပဳခဲ့ပါတယ္။ ႐ုရွားသမၼတပူတင္က ႐ုရွားႏိုင္ငံအေနနဲ႔ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ား၊ အာရွ၊ အာဖရိကနဲ႔ လက္တင္အေမရိက ႏိုင္ငံေတြနဲ႔ အျပန္အလွန္ကုန္သြယ္မႈေတြမွာ တ႐ုတ္ႏိုင္ငံသုံး ယြမ္ေငြကို အသုံးျပဳမယ္လို႔ ၿပီးခဲ့တဲ့မတ္လက ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.