နယူးယောက်မြို့မှာ လေးထပ် ကားပါကင် အဆောက်အဦးပြိုကျပြီး အနည်းဆုံး လူတစ်ဦး သေဆုံး

581

ရောင်နီ (NP News) - ဧပြီ ၁၉
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အင်္ဂါနေ့က လေးထပ်ကားပါကင်တစ်ခု ပြိုကျခဲ့ရာ အနည်းဆုံး အလုပ်သမား တစ်ဦး သေဆုံးပြီး အခြားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
အဆောက်အဦး အခြေအနေ မတည်မငြိမ်သေးတာကြောင့် မီးသတ်သမားများဟာ ပြိုကျနေတဲ့ အဆောက်အဦးမှ အသက်ရှင်ကျန်ရစ်သူများကို ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေးစက်ရုပ်ပစ္စည်းများ ဖြန့်ကျက်ချထားခဲ့ပါတယ်။
အဆိုပါ စက်ရုပ်များဟာ နောက်ထပ် အသေအပျောက် ရှိ၊မရှိ ကို ဆက်လက်စစ်ဆေးနေပြီး ယခုထိတော့ သေဆုံးသူ ၁ ဦးသာ တွေ့ရသေးတယ်လို့ သိရပါတယ်။ CBS နဲ့ ABC TV သတင်းအဖွဲ့များမှ ကိုးကားဖော်ပြတဲ့ အခင်းဖြစ်ပွားရာ နေရာမှ ဗီဒီယိုမှတ်တမ်းများအရ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေတာ တွေ့ရပြီး ကွန်ကရစ်တုံးများ ပြိုကျနေတဲ့ကြားမှ ပျက်စီးနေတဲ့ မော်တော်ကား အများအပြားကို တွေ့ရပါတယ်။
လူတစ်ဦး အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို နယ်မြေဆေးရုံများသို့ ပို့ဆောင်ခဲ့ ကြောင်း နယူးယောက်မြို့ မီးသတ်ဌာနမှ မီးသတ်ဌာနအကြီးအကဲ ဂျွန်အက်စ်ပိုစစ်တိုက ပြောကြားခဲ့ပါတယ်။ “ဒါက ကျွန်တော်တို့ မီးသတ်သမားတွေအတွက်လည်း အလွန်အန္တရာယ်များတဲ့ အခြေအနေပါပဲ” လို့ ၎င်းက မွန်းလွဲ ပိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အဆောက်အဦးအနီးနားရှိ Pace University ဟာလည်း ကျောင်းသားများ၊ ဆရာများနဲ့ ဝန်ထမ်းများရဲ့ ကားပါကင် တွေကို ကြိုတင်ကာကွယ်မှုအဖြစ် ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
နယူးေယာက္ၿမိဳ႕မွာ ေလးထပ္ ကားပါကင္ အေဆာက္အဦးၿပိဳက်ၿပီး အနည္းဆုံး လူတစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ဧၿပီ ၁၉
အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕မွာ အဂၤါေန႔က ေလးထပ္ကားပါကင္တစ္ခု ၿပိဳက်ခဲ့ရာ အနည္းဆုံး အလုပ္သမား တစ္ဦး ေသဆုံးၿပီး အျခားငါးဦး ဒဏ္ရာရရွိခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့ပါတယ္။
အေဆာက္အဦး အေျခအေန မတည္မၿငိမ္ေသးတာေၾကာင့္ မီးသတ္သမားမ်ားဟာ ၿပိဳက်ေနတဲ့ အေဆာက္အဦးမွ အသက္ရွင္က်န္ရစ္သူမ်ားကို ကယ္ထုတ္ႏိုင္ဖို႔ ကယ္ဆယ္ေရးစက္႐ုပ္ပစၥည္းမ်ား ျဖန႔္က်က္ခ်ထားခဲ့ပါတယ္။
အဆိုပါ စက္႐ုပ္မ်ားဟာ ေနာက္ထပ္ အေသအေပ်ာက္ ရွိ၊မရွိ ကို ဆက္လက္စစ္ေဆးေနၿပီး ယခုထိေတာ့ ေသဆုံးသူ ၁ ဦးသာ ေတြ႕ရေသးတယ္လို႔ သိရပါတယ္။ CBS နဲ႔ ABC TV သတင္းအဖြဲ႕မ်ားမွ ကိုးကားေဖာ္ျပတဲ့ အခင္းျဖစ္ပြားရာ ေနရာမွ ဗီဒီယိုမွတ္တမ္းမ်ားအရ ကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနတာ ေတြ႕ရၿပီး ကြန္ကရစ္တုံးမ်ား ၿပိဳက်ေနတဲ့ၾကားမွ ပ်က္စီးေနတဲ့ ေမာ္ေတာ္ကား အမ်ားအျပားကို ေတြ႕ရပါတယ္။
လူတစ္ဦး အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးခဲ့ေၾကာင္း၊ ဒဏ္ရာရရွိသူမ်ားကို နယ္ေျမေဆး႐ုံမ်ားသို႔ ပို႔ေဆာင္ခဲ့ ေၾကာင္း နယူးေယာက္ၿမိဳ႕ မီးသတ္ဌာနမွ မီးသတ္ဌာနအႀကီးအကဲ ဂြၽန္အက္စ္ပိုစစ္တိုက ေျပာၾကားခဲ့ပါတယ္။ “ဒါက ကြၽန္ေတာ္တို႔ မီးသတ္သမားေတြအတြက္လည္း အလြန္အႏၲရာယ္မ်ားတဲ့ အေျခအေနပါပဲ” လို႔ ၎က မြန္းလြဲ ပိုင္းသတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။
အေဆာက္အဦးအနီးနားရွိ Pace University ဟာလည္း ေက်ာင္းသားမ်ား၊ ဆရာမ်ားနဲ႔ ဝန္ထမ္းမ်ားရဲ႕ ကားပါကင္ ေတြကို ႀကိဳတင္ကာကြယ္မႈအျဖစ္ ေဘးလြတ္ရာသို႔ေ႐ႊ႕ေျပာင္းခဲ့ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့ပါတယ္။