လက်ဖက်ရည်သောက်ရန် ဆိုင်ကယ်ဖြင့်သွားသော ဘုန်းကြီးကျောင်းသား(၂)ဦးအား ဓားဖြင့်ထိုးကာ ဆိုင်ကယ်လုယက်မှု မန္တလေး၌ ဖြစ်ပွား

 945

Pearl (NP News) - ဧပြီ ၂၉

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ဘုန်းကြီးကျောင်းသား (၂)ဦးအား ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယမန်နေ့ (ဧပြီလ ၂၈ ရက်) ၊ ည (၈) နာရီ အချိန်ခန့်တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၂ လမ်း/ ၄၂ လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၊ ဘုရားကြီးလမ်းရှိ မြင်းဝန်ကျောင်းတိုက်တွင် နေထိုင်သော အသက် (၃၃)နှစ် နှင့် (၃၄)နှစ်အရွယ် ရှိ ဘုန်းကြီးကျောင်းသား(၂)ဦးသည် ၈၂ လမ်း/ ၄၂ လမ်းတွင် ဆိုင်ကယ်မောင်းနှင်လာခဲ့ကြောင်း သိရသည်။

ထိုသို့မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အမျိုးသား(၄)ဦးမှ ဓားဖြင့်ထိုးကာ ဆိုင်ကယ်အား လုယက် ယူဆောင် သွားခဲ့ကြောင်း သိရသည်။

"သူတို့က ဘုန်းကြီးကျောင်းသားတွေ။ ဘုန်းကြီးကျောင်းကနေ ရေမိုးချိုးပြီး လက်ဖက်ရည်ထွက်သောက်တာလို့ ပြော တယ်။ ဒဏ်ရာတွေကတော့ တော်တော်များတယ်။ တစ်ဦးက ဆေးရုံရောက်တော့ ဆုံးသွားတယ်။ တစ်ဦးကတော့ စိုးရိမ်စရာအခြေအနေရှိတယ်" ဟု "မဏီစလ" လူမှုကူညီရေးအသင်း(မန္တလေး) ၏ တာဝန်ရှိသူတစ်ဦး မှ NP News ကို ပြောသည်။

ဖြစ်စဉ်ကြောင့် ၎င်းတို့ (၂)ဦးတွင် ဝမ်းဗိုက် နှင့် နောက်ကျောတို့တွင် ထိုးသွင်းဒဏ်ရာများရရှိခဲ့ပြီး ၎င်းတို့အား မန္တလေး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူအနက် တစ်ဦးမှာ သေဆုံးသွားခဲ့ပြီး အခြားတစ်ဦးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိကြောင်း သိရသည်။

Zawgyi Version;
လက္ဖက္ရည္ေသာက္ရန္ ဆိုင္ကယ္ျဖင့္သြားေသာ ဘုန္းႀကီးေက်ာင္းသား(၂)ဦးအား ဓားျဖင့္ထိုးကာ ဆိုင္ကယ္လုယက္မႈ မႏၲေလး၌ ျဖစ္ပြား
Pearl (NP News) - ဧၿပီ ၂၉

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ဘုန္းႀကီးေက်ာင္းသား (၂)ဦးအား ဓားျဖင့္ထိုး၍ ဆိုင္ကယ္လုယက္မႈျဖစ္ပြားခဲ့ ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဧၿပီလ ၂၈ ရက္) ၊ ည (၈) နာရီ အခ်ိန္ခန႔္တြင္ မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ၈၂ လမ္း/ ၄၂ လမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မဟာေအာင္ေျမၿမိဳ႕နယ္၊ ဘုရားႀကီးလမ္းရွိ ျမင္းဝန္ေက်ာင္းတိုက္တြင္ ေနထိုင္ေသာ အသက္ (၃၃)ႏွစ္ ႏွင့္ (၃၄)ႏွစ္အ႐ြယ္ ရွိ ဘုန္းႀကီးေက်ာင္းသား(၂)ဦးသည္ ၈၂ လမ္း/ ၄၂ လမ္းတြင္ ဆိုင္ကယ္ေမာင္းႏွင္လာခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေမာင္းႏွင္လာစဥ္ အခင္းျဖစ္ေနရာအေရာက္၌ အမ်ိဳးသား(၄)ဦးမွ ဓားျဖင့္ထိုးကာ ဆိုင္ကယ္အား လုယက္ ယူေဆာင္ သြားခဲ့ေၾကာင္း သိရသည္။

"သူတို႔က ဘုန္းႀကီးေက်ာင္းသားေတြ။ ဘုန္းႀကီးေက်ာင္းကေန ေရမိုးခ်ိဳးၿပီး လက္ဖက္ရည္ထြက္ေသာက္တာလို႔ ေျပာ တယ္။ ဒဏ္ရာေတြကေတာ့ ေတာ္ေတာ္မ်ားတယ္။ တစ္ဦးက ေဆး႐ုံေရာက္ေတာ့ ဆုံးသြားတယ္။ တစ္ဦးကေတာ့ စိုးရိမ္စရာအေျခအေနရွိတယ္" ဟု "မဏီစလ" လူမႈကူညီေရးအသင္း(မႏၲေလး) ၏ တာဝန္ရွိသူတစ္ဦး မွ NP News ကို ေျပာသည္။

ျဖစ္စဥ္ေၾကာင့္ ၎တို႔ (၂)ဦးတြင္ ဝမ္းဗိုက္ ႏွင့္ ေနာက္ေက်ာတို႔တြင္ ထိုးသြင္းဒဏ္ရာမ်ားရရွိခဲ့ၿပီး ၎တို႔အား မႏၲေလး ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဒဏ္ရာရရွိသူအနက္ တစ္ဦးမွာ ေသဆုံးသြားခဲ့ၿပီး အျခားတစ္ဦးမွာ စိုးရိမ္ဖြယ္ရာ အေျခအေနရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.